တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၃၉၄၄တန်ဖိုးရှိ လက်ဖက်ခြောက် ၇၆ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၂၉ တန်ကျော်တင်ပို့ခဲ့ပြီး ဧပြီ တစ်လလုံးမှာတော့ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လက်ဖက်ခြောက် တန် ၁၅၀ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မြန်မာ-ထိုင်း နယ် စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၁၇၉၂၆ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆ တန်နီး ပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဧပြီလ အတွင်း တာချီလိတ်မှတစ်ဆင့်  ထိုင်း နိုင်ငံသို့  လက်ဖက်ခြောက်  တန် ၈၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
လက်ရှိတွင် မြန်မာ-ဂျာမန် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ နည်းပညာပံ့ပိုးမှုနဲ့ ရှမ်းပြည်နယ် အတွင်း လက်ဖက်ခြောက်စက်ရုံ ခုနစ်ရုံ တည်ဆောက်နေကြောင်း၊  ဂျာမနီသို့ လက်ဖက်ခြောက်များ တင်ပို့ရာတွင် အော်ဂဲနစ်နည်းစနစ်ဖြင့် စိုက်ပျိုးထား တဲ့ လက်ဖက်များ  ဖြစ်ရမည်ဖြစ်ပြီး ပင်းတယမြို့နယ်ရှိ စံပြစက်ရုံမှထွက်တဲ့ လက်ဖက်ခြောက်များကို တင်ပို့သွား မည်ဖြစ်ကြောင်း ပင်းတယ လက်ဖက် လုပ်ငန်းရှင်အစုအဖွဲ့မှ သတင်းရရှိပါ တယ်။     
မော်မော်အောင်