ပြည်ပမှ သကြားတင်သွင်းမှုအပေါ် တရုတ်နိုင်ငံက တန်ပြန်စုပုံခွန် သတ်မှတ်ှု အခွန်နှုန်းထာတိုးမြှင့်ကောက်ခံသွားမည်

     တရုတ်နိုင်ငံအတွင်းရှိ ပြည်တွင်းသကြား လုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ ဘရာဇီး နိုင်ငံအပါအဝင်  အခြားနိုင်ငံများမှ သကြားတင် သွင်းမှုများအပေါ် တန်ပြန်စုပုံခွန်(Anti-dump- ing Duty)  အဖြစ်သတ်မှတ် တိုးမြှင့် ၍ အခွန်နှုန်း ထားကောက်ခံသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ပြည်တွင်း သကြားထုတ်လုပ်သူများအနေ ဖြင့် ပြည်တွင်းလယ်ယာစိုက်ပျိုး ထုတ်လုပ်မှု စရိတ် များ မြင့်တက်လာခြင်းနှင့် ပြည်ပမှ  သကြားတင် သွင်းခြင်းဖြင့်  ဆိပ်ကမ်းအရောက်တန်ဖိုးက စရိတ် စက ပိုမိုသက်သာမှုရှိနေခြင်းတို့ကြောင့် ပြည်တွင်း မှထုတ်လုပ်သော   သကြားဈေးနှုန်းကျဆင်းပြီး ထိခိုက်နစ်နာလျက်ရှိကြောင်း  သကြားစက်ရုံများ ၏  တိုင်ကြားချက်များ အရ လွန်ခဲ့သည့်နှစ် စက် တင်ဘာလက စုံစမ်းစစ်ဆေးမှုများ  ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ တန်ပြန်စုပုံခွန်အဖြစ်  ယခု နှစ် မေ ၂၂ ရက်နေ့မှစ၍ သတ်မှတ်ကောက်ခံရန် တရုတ်အစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း တရုတ်နိုင်ငံရှိ နို့နှင့်နို့ထွက် ပစ္စည်း စက်မှုလုပ်ငန်းရှင်များအသင်းမှ သကြား တင်သွင်းမှုအပေါ်  သွင်းကုန်ခွန်တိုးမြှင့်မည့် အဆိုပြုချက်ကို ပြန်လည်သုံးသပ်စေလိုကြောင်း၊ အကယ်၍  ပြည်ပမှ သကြားတင်သွင်းမှု အပေါ် အခွန်တိုးမြှင့် ကောက်ခံရန် အတည်ပြုပြီးပါက ယခုဘဏ္ဍာနှစ် လာမည့်မေလမှစ၍ အခွန် ၄၅ ရာခိုင်နှုန်းဖြင့် စတင်ကောက်ခံမည်ဖြစ်ကြောင်း၊ သို့ရာတွင် နို့နှင့်နို့ထွက်ပစ္စည်း စက်မှုလုပ်ငန်းရှင် များ၏  တင်ပြချက်အရ လာမည့် နှစ်တွင် ၄၀ ရာခိုင်နှုန်း၊ နောက်နှစ်များတွင် ၃၅ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံသွားမည်ဖြစ်သည်။တရုတ် စားသောက်ကုန်ထုတ်လုပ်သူများ အနေဖြင့် လက်ရှိပြည်တွင်း သကြားပေါက်ဈေး အရ ပြည်တွင်းသကြားကို ဝယ်ယူသုံးစွဲရခြင်းထက် ပြည်ပမှတင်သွင်းသည့် သကြားကိုဝယ်ယူသုံးစွဲရ ခြင်းသည် တစ်တန်အပေါ် ယွမ် ၁၀၀၀ခန့် ကုန်ကျ စရိတ် ပိုမိုသက်သာလျက်ရှိသည်။
တရုတ်နိုင်ငံ၏ သကြားအများဆုံးထုတ်လုပ် သောဒေသဖြစ်သည့် Guangxi  ဒေသ၌ ပြည်တွင်း သကြားစက်ရုံများအနေဖြင့် အမြတ်အစွန်းများ ရရှိနေကြောင်း၊ သို့ရာတွင် ပြည်ပမှ သကြားကို ဝယ်ယူသုံးစွဲလျှင် တစ်တန်လျှင် ကုန်ကျ စရိတ်ယွမ် ၁၀၀၀ သက်သာနေသဖြင့် ပြည်ပမှ သကြားများကို ခွဲတမ်းပြင်ပမှ မှာယူတင်သွင်း နေခြင်းဖြစ်ကြောင်းကုန်သွယ်မှု Website  တစ်ခုဖြစ်သေ Guangxi Sugar Network တွင် ဖော်ပြထားပါသည်။
ယခုအခါ ပြည်တွင်း  သကြားထုတ်လုပ်သူ များ၏ တိုင်ကြားချက်များအရ  ပြည်ပမှသကြား တင်သွင်းမှုအပေါ် တတန်ပြန်စုပုံခွန်သတ်မှတ်၍ အခွန်နှုန်း  တိုးမြှင့်ကောက်ခံမည့် အဆိုပြုချက် ကြောင့် သကြားဈေးနှုန်း မြင့်တက် မည်ကို သကြား ကုန်ကြမ်း အများဆုံးအသုံးပြုသည့် စားသောက် ကုန်ထုတ်လုပ်သူများအနေဖြင့်   စိုးရိမ်လျက်ရှိနေ ကြကြောင်း သိရသည်။
တားဆီးအရေးယူခွင့်ရှိသည့် အာဏာပိုင် အဖွဲ့အစည်းအနေဖြင့် ပြည်တွင်း ထုတ်လုပ်သူများ ၏ အကျိုးစီးပွားကို ကာကွယ်ရန်ရည်ရွယ်ချက်အား ထိရောက်စွာ ထိန်းကျောင်းနိုင်ရေးအတွက် တရား မဝင်   တင်သွင်းမှုအပေါ်  တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။လက်ရှိအခြေအနေတွင် ခွဲတမ်းပြင်ပ တင် သွင်းမှုသည် ၂၀၁၆ နှစ်အတွင်း၌ တန်ချိန် သန်း ပေါင်း ၁ ဒသမ ၉ သန်းရှိကြောင်း၊ သကြားတင် သွင်းခြင်းအတွက်WTO သို့ကြေညာထားသည့် အခွန်နှုန်းဖြစ်သည့် ၁၅ ရာခိုင်နှုန်းဖြင့် ကောက်ခံ တင်သွင်းမှု (ခွဲတမ်းအတွင်း တင်သွင်းခြင်း)မှာ နှစ်စဉ် တန်ချိန် ၁ ဒသမ ၉၄ သန်းရှိကြောင်း၊ ၂၀၁၆ ခုနှစ်က တင်သွင်းမှု သည် ၂၀၁၅ ခုနှစ်အတွင်းက တင်သွင်းမှုထက် ၃၇ ရာခိုင်နှုန်း  လျော့နည်းပြီး ၂၀၁၁ခုနှစ် နောက်ပိုင်း တင်သွင်းခြင်းထက် အနည်းဆုံးဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source. magazine.afr.com/ Reuters
 မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်