တရုတ်ဝယ်လက်ကြောင့်ဈေးမြင့်တက်လာတဲ့မုံရွာကွမ်းရွက် (ကွမ်းစိမ်း) ဈေးကွက်

တရုတ်(တိုင်ပေ)မှဝယ်လက်များကြောင့် ယခုနှစ် ကွမ်း ရွက်ဈေးမှာ ယခင်နှစ်ထက် မြင့်တက်ခဲ့ပြီး ကွမ်းစိုက်တောင် သူတို့ ဈေးကောင်းရနေကြောင်း  မုံရွာမြို့ရှိ ကွမ်းပွဲရုံများထံမှ သိရှိရပါတယ်။ ကွမ်းရွက်ဈေးမှာ  ကွမ်းစိမ်းတစ်ပိဿာ ကျပ် ၁၀၀၀၀၊ကွမ်းနုဝါ တစ်ပိဿာ ကျပ် ၈၀၀၀ ဈေးရှိပြီး ယခင်နှစ် ထက် ယခုနှစ်မှာ တစ်ပိဿာ ကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာ ကြောင်းသိရပါတယ်။
ကွမ်းနုဝါသည် အပူအပုပ်နိုင်နင်းသဖြင့် ကွမ်းရွက်ဖြင့် ထုပ်ပိုးထားသော ပုစွန်များမှာ အရောင်အဆင်း၊ အနံ့အရသာ မပျက်ဆီးဘဲ မူလအတိုင်း ပုစွန်များကို ရရှိစေတဲ့အတွက် ကွမ်းရွက်ကို ထုပ်ပိုးပစ္စည်းအဖြစ် တရုတ်(တိုင်ပေ)တွင် သုံးစွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။    

အောင်မင်း(တန့်ဆည်)