အင်းတော်ငါးရှဉ့်များကို မန္တလေးဈေးကွက်သို့ နေ့စဉ်တင်ပို့

မိုးတွင်းကာလ ဖြစ်တာကြောင့် အင်းတော်မြို့နယ်အတွင်းမှာ  ငါးရှဉ့် ထောင်ဖမ်းသူတွေ   များပြားလာပါ တယ်။ အင်းတော်မြို့နယ်ဟာ သစ် တော၊ လျှိုမြောင်တွေ၊ လယ်ကန်သင်း တွေ၊ ရေမြောင်းတွေပေါများတာ ကြောင့် ငါးရှဉ့်ဖမ်းသူတွေ ပိုမိုများပြား လာတာ ဖြစ်ပါတယ်။အင်းတော်မြို့ပေါ်မှာ   ငါးရှဉ့် အဝယ်ဒိုင်တစ်ခုရှိပြီး၊ အဆိုပါအဝယ် ဒိုင်က မန္တလေးမြို့ပေါ်မှာရှိတဲ့ ငါးရှဉ့် အဝယ်ဒိုင်ကို အင်းတော်မြို့မှ မှန်လုံ ကားများနဲ့ သွားရောက် တင်ပို့ရောင်း ချကြတာ ဖြစ်ပါတယ်။အင်းတော်မြို့ပေါ်မှာ ငါးရှဉ့် တစ်ပိဿာကို ကျပ် ၅၀၀၀ဈေးရှိပြီး နေ့စဉ် ပိဿာတစ်ရာကျော်အထိ ဝယ်ယူနေရကြောင်း ငါးရှဉ့်အဝယ်ဒိုင် ပိုင်ရှင် ဦးသက်ဦးက ပြောပါတယ်။''နေ့စဉ်   ငါးရှဉ့် လာေ ရာက် ရောင်း ချသူ သုံးဆယ်ကျော်လောက် ရှိပါတယ်။ တစ်ယောက်ကို သုံးပိဿာ၊ လေးပိဿာ ပုံမှန်လာရောင်းကြတယ်။ ငါးရှဉ့်ဈေးကတော့ အရွယ်စုံတစ်ပိဿာ ကို ကျပ် ၅၀၀၀  ဈေးရှိတာကြောင့် တစ်ယောက်ကို ကျပ် ၁၅၀၀၀ နဲ့ ကျပ် ၂၀၀၀၀ လောက်ရကြတယ်။ ငါးရှဉ့်ဖမ်း သူတွေက  မြုန်းထောင်ပြီး ဖမ်းကြတယ်။  မြုန်းဆိုတာ  ငါးဖမ်းကိရိယာတစ်မျိုး ဖြစ်ပြီး ဝါးခြင်းတောင်းကို  ရက်လုပ် ထားတာပါ။  အဲဒီမြုန်းထဲကို ကဏန်း အရှင်ထည့် ထားပြီး ရေအိုင် ၊ ရေစပ်နား မှာထားပြီး ဖမ်းရတာပါ။ နေ့စဉ် ပိဿာ တစ်ရာကျော်   အရောင်းအဝယ်ဖြစ်ပြီး မန္တလေးဈေးကွက်ကို မှန်လုံကားတွေနဲ့တိုက်ရိုက်တင်ပို့တာပါ။ မိုးများတဲ့ နှစ် ဆိုပိုပြီး အရောင်းအဝယ် ကောင်းတယ်''လို့  ငါးရှဉ့်အဝယ်ဒိုင် ပိုင်ရှင် ဦးသက်ဦး က  ပြောကြားခဲ့ပါတယ်။   
ကြည်နိုင်ဦး (အင်းတော်)