မြဝတီမှလည်း နှမ်းနက်ပြန်လည်တင်ပို့

မြန်မာ-ထိုင်း  နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ  စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်   သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၃၄၅၆ တန်ဖိုး ရှိ နှမ်းနက် ၃၁ တန်ကျော် တင်ပို့ခဲ့ပါ တယ်။   ဇူလိုင်လကုန်ပိုင်းက နှမ်းနက် ၃၁ တန်ကျော်  တင်ပို့ခဲ့ပြီး ယခုတစ်ပတ် အတွင်းတွင်မှ   ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ တာချီလိတ် ကုန်သွယ်ရေး စခန်းကတော့  ယခင်တစ်ပတ်က နှမ်း ဖြူ တန် ၁၀၀ တင်ပို့ခဲ့ပြီး ယခု ရက်သတ္တ ပတ်မှာတော့ နှမ်းတင်ပို့မှု မရှိခဲ့ပါဘူး။ ပုံမှန် တင်ပို့နေကျ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းကတော့   အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၉၅ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ  ၂၈၂၄ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ များမှာ နှမ်းဖြူ ၆၇၁ တန်ကျော်၊ နှမ်း နက် ၂၀၉၄ တန်ကျော်နဲ့ နှမ်းညို ၅၈ တန်ခန့်ဖြစ်ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာစက်တင် ဘာ  ၁၀ရက်မှ ၁၆ ရက်အတွင်း နှမ်း ဖြူ တစ်တန်(မိမိဘက်ပေါက်ဈေး) ၁၂၆၂၃၈၅ ကျပ်နဲ့ နှမ်းနက်(စမုံ) ဈေး ၂၃၆၃၃၀၃ ကျပ် ရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်