အိန္ဒိယနယ်စပ်မှ ကွမ်းသီး တန်ကိုးရာနီးပါး တင်ပို့

မြန်မာ-အိန္ဒိယနယ်စပ်မှ စက်တင်ဘာလ ၃ ရက်မှ ၉ရက် အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၆ သန်းတန်ဖိုးရှိ ကွမ်းသီး ၈၉၇ ဒသမ  ၅၇ တန်ခန့်ကို တစ်ဖက် အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်က ၈၅၁ ဒသမ ၆၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၅၀ နီးပါးပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်းတန်ဖိုးရှိ ကွမ်းသီးတန် ၅၀၀ ကျော်နဲ့ ရိဒ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၆၁ သန်းတန်ဖိုးရှိ ကွမ်းသီး တန် ၄၀၀ နီးပါးကို တင်ပို့ခဲ့ပါတယ်။သြဂုတ်လအတွင်းက တမူးကုန်သွယ်ရေး စခန်းမှ ကွမ်းသီး တန် ၂၇၀၀ ကျော်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးတန် ၁၀၀၀ ကျော်ကို တင်ပို့နိုင်တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သတင်းရရှိပါတယ်။                     

    ခင်မိုးသူ