မူဆယ်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်း တန်ချိန် ၄၀၀ ကျော် တင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇူလိုင် ၂ ရက်မှ ၇ ရက်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၄၃၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၁၉ တန်ကျော်ကို တင်ပို့ခဲ့ပါတယ် ။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ တော ချင်း၊ မာလာဥခေါင်း၊ ကြောင်ပန်းစေ့၊ နေလဲစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ရွေးစေ့၊ ရွေးရွက်၊ ချဉ်ပေါင်ဖာလာ၊စမုံနက်၊ ကွမ်းစာ၊ ဂမုန်း၊ ဝဥခြောက်၊ ဖန်ခါးသီးခြောက်၊ ဆီးဆန်နဲ့ မုတ်ခါးတို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ပရဆေးအမယ် ၉မျိုး စုစုပေါင်း၄၂၅တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ် ပရဆေးတင်ပို့မှုမှာကုန်ကြမ်းအမယ်များသော်လည်း တင်ပို့တန်ချိန် ၅တန်ခန့် လျော့နည်းသွားခဲ့တာကို တွေ့ရပါတယ်။မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းကတော့ ပုံမှန်တင်သွင်းနေကျ အမေရိကန်ဒေါ်လာ ၇၇၆၆၃ တန်ဖိုးရှိ တောင်လုံးကျော် လေးတန် တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က သုံးတန်ခွဲသာတင်သွင်းခဲ့သဖြင့် ယခုတစ်ပတ် အိန္ဒိယမှတောင်လုံးကျော် အနည်းငယ်ပိုမိုတင် သွင်းခဲ့ပါတယ်။
မော်မော်အောင်