မောင်တောကုန်သွယ်ရေးစခန်းမှဝါးနဲ့ ကြိမ်တင်ပို့
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေး စခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဧပြီ ၃၀ ရက်မှ မေ ၆ ရက်အထိ ကာလအတွင်း သစ်တောထွက်ပစ္စည်းအုပ်စုဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀၀၁၂ တန်ဖိုး ရှိ ဝါး ၁၂၅၀၀၀ ကီလိုနဲ့ အမေရိကန်ဒေါ်လာ ၆၄၉၇ တန်ဖိုးရှိ ကြိမ် ၉၀၆၂ ကီလို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့ပေမယ့် ယခုတစ်ပတ်မှာ တင်ပို့နိုင်တယ်လို့သိရပါတယ်။ဝါးများကို နှစ်စဉ်ခုတ်ယူပါ က ဝါးထွက်ရှိမှု ပိုမိုတိုးတက်လာနိုင် ကြောင်းနဲ့ ဝါးများအား မခုတ်ယူဘဲ နှစ်ကြာ ရှည်စွာထားလိုက်ပါက အသီးများသီးလာပြီး၊ ဝါးများမထွက်တော့ကြောင်း ဝါးလုပ်ငန်းလုပ်ကိုင် နေသူများထံ မှသိရှိရပါတယ်။
မြင့်မြင့်မာ