စစ်တွေစခန်းမှ မန်ကျည်းသီးမှည့် စတင်တင်ပို့

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၄ တန်ကို ပြန်လည်တင်ပို့မှု ရှိလာတာတွေ့ရ ပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက နောက်ဆုံးအကြိမ် အပို့ရှိခဲ့ပြီး တင်ပို့မှု ရပ်နားနေရာမှာ ယခုအပတ်မှာ ပြန်လည် တင်ပို့လာတာဖြစ်ပါတယ်။ မန်ကျည်း သီးမှည့်ပေါ် ရာသီချိန်ဖြစ်သဖြင့် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ မန်ကျည်းသီးမှည့်နဲ့အတူ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၆၈ တန်ကိုလည်း တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကစစ်တွေစခန်းမှ မန်ကျည်းစေ့ တင်ပို့မှု မရှိခဲ့ဘူးလို့သိရပါတယ်။
MIRT (DOBT)