ကုန်သွယ်ရေးသဘောထားကွဲလွဲမှု ပြင်းထန်လာတာကို တရုတ် ဒဗလျူတီအို ကိုယ်စားလှယ် သတိပေး

ဥရောပနိုင်ငံများနဲ့ အမေရိကန်ပြည် ထောင်စုတို့နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေး သဘောထားကွဲလွဲမှု တိုးမြင့်လာတာကို တရုတ်နိုင်ငံက  သတိပေးထားဖို့လိုကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) ရှိ တရုတ်ကိုယ်စားလှယ်က မတ် ၄ ရက်က သတိပေးကြောင်း ရှင်ဝှာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်ပို့ကုန်တွေနဲ့  ပတ်သက်ပြီး ဥရောပနိုင်ငံတွေနဲ့  အမေရိကန်ပြည် ထောင်စုက ပြင်းထန်တဲ့ ကုန်သွယ်မှု အစီအမံတွေတိုးမြှင့်ချမှတ်နေကြောင်း တရုတ်နိုင်ငံရဲ့    ထိပ်တန်းနိုင်ငံရေး အကြံပေး  အဖွဲ့အစည်းဖြစ်တဲ့ (၁၂) ကြိမ်မြောက်  တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့ရဲ့  အမျိုးသားကော် မတီကွန်ဖရင့်အတွင်း အလွတ်သဘော တွေ့ဆုံခန်းမှာ  ဒဗလျူတီအိုဆိုင်ရာ တရုတ်နိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် ယီရှောင်ချွန်ကပြောပါတယ်။ ပြစ်ဒဏ် သတ်မှတ်တဲ့ငွေကြေးပမာဏက ယခင် နှစ်အနည်းငယ်က ဒေါ်လာသန်းချီရှိခဲ့ ရာမှ ယခုအခါ ဘီလီယံချီပြီး ရှိလာကြောင်း ယီက ပြောပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဥရောပသမဂ္ဂ (အီးယူ) က တရုတ်နိုင်ငံရဲ့ နေစွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု ဓာတ်ခဲတွေကို တန်ပြန်စုပုံခွန်  ဒေါ်လာဘီလီယံ ၂၀ အထိ  ကောက်ခံခဲ့တဲ့အတွက် တရုတ် နေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်မှု ဓာတ်ခဲလုပ်ငန်းကို ထိခိုက်မှုဖြစ် စေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေနဲ့  အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ ကုန် သွယ်ရေးကန့်သတ်မှုအစီအစဉ်တွေထဲမှာ သာမန်တန်ပြန်စုပုံခွန်အစီအမံတွေအပြင် အခြားတန်ပြန်အစီအမံတွေနဲ့ အစိုးရထောက်ပံ့ကြေးကို တန်ပြန်တဲ့ အစီအမံတွေပါဝင်ရုံမက အားလုံးကို စုပေါင်းကောက်ခံတာတွေ ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံကတင်သွင်း လာမဲ့ ဘာဘီကျူအကင်တွေကိုကနေ ဒါနိုင်ငံကခေါင်းဆောင်ပြီးတန်ပြန်အစီ အမံတွေဆောင်ရွက်ခဲ့ပါတယ်။ ဥရောပ နဲ့  အမေရိကန်တို့ကလည်း ချက်ချင်း လိုက်လံဆောင်ရွက်ပါတယ်။ ကုန်သွယ် ရေး  သဘောထား  ကွဲလွဲမှုတွေက အထည်ချုပ်နဲ့ ဖိနပ်တို့လို အနိမ့်စား စီးပွားကဏ္ဍတွေမှာသာမက  တရုတ်နိုင်ငံက ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ဦး ဆောင်နေတဲ့ နေစွမ်းအားသုံး လျှပ်စစ် ထုတ်လုပ်မှုနဲ့ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍတွေအထိ ပါဝင်နေပါတယ်။ "အီးယူက ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး " ဦးဆောင်သူ " အဖြစ် ခံယူထားပါတယ်။  တစ်ချိန်တည်းမှာ ဈေးသက်သာပြီးကောင်းတဲ့ တရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ စွမ်းအင်ချွေတာရေးထုတ်ကုန်တွေကို ကုန်သွယ်ရေးပိတ်ဆို့မှုတွေ လုပ်နေပါတယ်။ ဒါကတော့ ရှေ့နောက်ညီညွတ် မှုမရှိသလို ကြောင်းကျိုးခိုင်လုံမှုလည်း မရှိပါဘူး" လို့ ယီကပြောပါတယ်။ ဖွံ့ဖြိုး ပြီးနိုင်ငံအများစုက စီးပွားရေးနှေးကွေး ကျဆင်းတဲ့ဒဏ်   ခံထားရတဲ့အတွက်  ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ရေး  ပဋိပက္ခတွေ ဖန်တီးပြီး ဒဏ်ခတ်တဲ့ အစီအမံတွေဆောင်ရွက် နေကြောင်း သူပြောပါတယ်။
ဉာဏ်တင်