အညာဒေသ ထန်းလုပ်ငန်း နေဝင်စပြုပြီ

နွားထိုးကြီးနယ်တွင် တောင်လေမြူး ကာ၊နေ့ပူညချမ်းသည့်ရာသီဥတုကြောင့် ထန်းနွေးသော အညာထန်းတောများ တွင် ထန်းရည်ချို စတင်ထွက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။  နွားထိုးကြီးတွင် ထန်းပင် လေးသိန်းကျော်ရှိရာ ယခင်နှစ်များက  ထန်းလျက်အထွက် ကောင်းခဲ့ကြောင်း   ဒေသခံများကဆိုသည်။ ယခင်နှစ်ကမိုးနည်းပါးခဲ့ရာ အတည် ထန်းလျက်အထွက်  နည်းခဲ့ရာ ထန်းလျက် အထွက်နှုန်းလည်း လျော့ကျနိုင်ကြောင်း သိရသည်။ ရှင်နည်းရာ  အဂ္ဂလူထွက်ဟူသည့် ဆိုရိုးစကားအတိုင်း  ထန်းတက်သမား အများစုမှာ နိုင်ငံခြားသို့ထွက်၍ပိုက်ဆံ ရှာနေကြသလို  နေ့တွက်ကိုက်သော အင်ကြင်းကျောက်တူး   လိုက်နေကြသဖြင့် ထန်းတက်လုပ်သားများ ပိုမိုရှား ပါးလာခဲ့ကြောင်း သိရသည်။ ထန်းတက်သမား  ရှားပါးမှုကြောင့် ထန်းရည်ချိုမလှီးရဘဲလွှတ်ထားရသည့် ထန်းပင်များ  များပြားလျက်ရှိရာထန်းလျက် အထွက်လျော့နည်း လာနိုင်ကြောင်း သိရသည်။ ယခုနှစ် ထန်းလျက်ရာသီတွင် ထန်း လျက်ဈေးမှာ  တစ်ပိသာလျှင်  ကျပ် ၅၀၀-၆၀၀ဈေးသာ ရှိနေရာဈေးကောင်း မရသဖြင့် ထန်းတက်သမားများ ခေါ်ယူ ၍မရဖြစ်နေသကဲ့သို့ ရင်းနှီးစိုက်ထုတ် ရသည့်စရိတ် များပြားပြီး ဈေးကွက်တွင် အရှုံးပေါ်နေသဖြင့် ထန်းလျက်လုပ်ငန်း ကို စွန့်လွှတ်နေကြကြောင်း သိရသည်။ ထို့ပြင်  သစ်သားအစားထိုး  ထန်း သားဈေးကွက်ကြောင့်လည်း ထန်းပင်များ ခုတ်လှဲနေကြရာ အညာဒေသထန်း လုပ်ငန်းမှာနေဝင်တော့မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။   
ဌေးမြင့်မောင်