ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်အသေးစားလုပ်ငန်းများ
များစွာသော စီးပွားရေးလုပ်ငန်းများသည် အဘယ်ကြောင့် လုပ်ငန်းငယ်များ ဖြစ်နေရပါသလဲ-
- အဓိကအချက်မှာမိမိတို့၏ အရင်းအနှီးဖြစ်ပါသည်။
- ဒုတိယအချက်မှာ နည်းပညာနှင့်ဈေးကွက်ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် လုပ်ငန်းအသီးသီး၏ ၉၈ ရာခိုင်နှုန်းမှာ လုပ်သားတစ်ရာထက်မပိုသော လုပ်ငန်းများ ဖြစ်ကြပါသည်။ တစ်နည်းဆိုလျှင် လုပ်ငန်းအသေးများဖြစ်ပါသည်။ အမေရိကန်တွင် လူဦးရေ သန်း ၂၀ ကျော်သည်လုပ်သား မပါဝင်သော လုပ်ငန်းမျိုးကိုလုပ်ကိုင်အသက်မွေးကြသည်ဟု ဆိုပါသည်။ အမေရိကန်တွင် ရောင်းချနေသော ကုန်စည်များ၏ တစ်ဝက်ခန့်သည် Small Businesses များမှဖြစ်ေ ကြာင်း သိရပါသည်။ ပြီးခဲ့သော ၁၀နှစ်ကာလ အတွင်းတွင် လုပ်ငန်းငယ်များသည် အလုပ်အကိုင်များ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိဖြစ်ပေါ်စေခဲ့သည်ဟုသိရပါသည်။ စီးပွားရေး လုပ်ငန်းငယ်လေး များကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အနည်းစုပျံ့နှံ့ရေးအတွက် အားပေးနေသော အင်အားများကို လွှတ်တင်ပေးနိုင်သော တွန်းခုံဖြစ်သည်ဟုတင်စားကြပါသည်။ Small Businesses များကို အမျိုးမျိုး အဓိပ္ပါ ယ်ဖွင့်တတ်ကြပါသည်။ အခြေခံအားဖြင့် ကိုယ်ပိုင်ဖြစ်ရပါမည်။ ယင်း၏လုပ်ငန်းသည် လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရပါသည်။ နောက်ထပ်ပြောရလျှင်ဈေးကွက်တွင် ဝေစုအနည်းစုသာဖြစ်ရပါမည်။
- စက်မှုကုန်ထုတ်လုပ်ငန်းများတွင် လုပ်သား ၅၀၀ အောက် နည်းရမည်ဟု လည်းကောင်း၊
- ရောင်းဝယ်မှုများတွင် လုပ်သား ၁၀၀ အောက် နည်းရ မည်ဟုလည်းကောင်း၊
- လက်လီလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၆သန်း (မြန်မာငွေနှင့်ဆိုလျှင်သန်းပေါင်း ၆၀၀၀ ကျော်တစ်နှစ် ရောင်းအား (တစ်နေ့လျှင် ၁၆ဒသမ၄သန်းကျော်ခန့်) ထက်မပိုရဟုလည်းကောင်း၊
- စိုက်ပျိုးရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၇ဒသမ ၅ သိန်း (မြန်မာငွေနှင့်ဆိုလျှင်သန်းပေါင်း၇၅၀ကျပ်ထက်) မပိုရဟုလည်းကောင်း အဓိပ္ပါယ်ဖွင့်ကြသည်ဟုကြားဖူးပါသည်။
နိုင်ငံတကာစံချိန်နှင့်ဆိုလျှင် တစ်နှစ်ရောင်းအား အမေရိကန် ဒေါ်လာ ၅သိန်းမှ ၂၅ သန်းအထိရှိသောလုပ်ငန်း သို့မဟုတ် လုပ်သား အင်အား ၁၀၀ မှ ၁၅၀၀ ထိကို Small Businesses အရွယ် အဖြ စ်ဆိုကြောင်း သိရပါသည်။ အသေးစားလုပ်ငန်းများ အဓိကပါဝင်လုပ်ကိုင်နေမှုအချိုးကိုကြည့်လျှင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ၉၀ ရာခိုင်နှုန်းခန့်၊ စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ၈၈ ရာခိုင်နှုန်းခန့်၊ ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများတွင် ၆၆ ရာခိုင်နှုန်းခန့်၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ၅၆ ရာခိုင်နှုန်းခန့်၊ လက်လီရောင်းဝယ်မှု လုပ်ငန်းများတွင် ၅၁ ရာခိုင်နှုန်းခန့် ပါဝင်နေသည်ဟု ပြော ကြပါသည်။ ထိုအထဲတွင် အိမ်တွင်းအခြေခံစီးပွားရေး လုပ်ငန်းငယ်လေး များသည် Small Businesses များ၏ ၅၂ ရာခိုင်နှုန်းကျော်၊ တစ်နည်း အားဖြင့် တစ်ဝက်ကျော်ပါဝင်နေသည်ဟု ဆိုပါသည်။ အဆိုပါ လုပ်ငန်းကလေးများတွင် လုပ်ငန်းတစ်ခုလုံးကို ကောင်းစွာထိန်းသိမ်းနိုင်ခြင်း၊ ကိုယ်ပိုင်အချိန်ကို ကောင်းစွာအသုံးချနိုင်ခြင်း၊ စတင်ကာစတွင် ရင်းနှီးမြှုပ်နှံရငွေနှင့်လုပ်ငန်းလည်ပတ်ရန် လိုအပ်ငွေ နည်းပါးြ ခင်း၊ တစ်နည်းပြောမည်ဆိုပါက တစ်နိုင်တစ်ပိုင်လုပ်ကိုင် နိုင်ခြင်း၊ သို့သော်လည်း စားသုံးသူများနှင့် ထိတွေ့မှုနည်းပါးခြင်း (ဖောက်သည် ပေးသွင်းရခြင်းကြောင့်လည်းကောင်း၊ တိုက်ရိုက် မရောင်းချရသဖြင့် လည်းကောင်း)နှင့် ပိုင်ရှင်သည် လုပ်ငန်းတွင် နစ်မြုပ်ကာ အထီးကျန်လာတတ်ခြင်း စသည့် မကောင်းသည့်အချက်များလည်းရှိနေကြောင်းသိရပါသည်။
သို့ရာတွင်ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အိမ်တွင်းမှု အခြေခံ လက်မှုဆိုင်ရာလုပ်ငန်းငယ်လေးများ များစွာကို မြို့တိုင်း ရွာတိုင်းတွင် တွေ့နိုင်ပါသည်။ ယင်းတို့ကိုအားပေး အားမြှောက်လုပ်ပေးနိုင် မည်ဆိုပါက နိုင်ငံ၏ အမျိုးသားစီးပွားရေးကိုလည်း များစွာ အထောက်အကူပြုနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်များတွင် ယခုတိုင်နေထိုင် အလုပ်လုပ်နေသေးသဖြ င့် ယင်းအိမ်တွင်းမှုစီးပွားရေးလုပ်ငန်းများ ကြီးပွားတိုးတက်လာရန် များစွာလိုအပ်ပါသည်။ ယင်းလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်မှုသည် Purchasing Power Parity နှင့် လည်း တိုက်ရိုက်အချိုးကျမည်ဖြစ်သဖြ င့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်တစ်ခုရလာစေနိုင်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုမည်မှာ သေချာသဖြင့် နိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်များ (Poverty Allevia -tion or Poverty Reduction Plan)ကိုများစွာ အထောက်အကူ ပြုပြီး လျင်မြန်စွာဖွံ့ဖြိုးလာမည်ဟု ယုံကြည်ရပါသည်။ သို့သော်လည်း ကျေးလက်ဒေသရော မြို့ပြရှိအိမ်တွင်း စီးပွား ရေးလုပ်ငန်းများ အပါအ ဝင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အားလုံးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေး နိုင်မှုအားနည်းသေးသည်ဟု ပြောနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်ခေတ်များကတည်းက စိန် ပန်းစက်မှုထုတ်ကုန် ပစ္စည်းများသည် ယခုအထိ တိုးတက်လာမှု အလွန်နှေးကွေးဆဲဖြစ်နေသည်မှာ အဘက်ဘက်မှ ချွတ်ယွင်းချက်များအပြင် နိုင်ငံတော်မှ ပံ့ပိုးမှုအားနည်းချက် များကြောင့်လည်း ဖြစ်နိုင်ပါ သည်။ အချို့ကိစ္စများတွင် လမ်းလွဲနေသည်များလည်း တွေ့နေရပါသည်။ ဥပမာ- မော်တော်ကားထုတ် လုပ်ငန်းများတွင် အစိုးရကအားပေးသော်လည်း အမှန်အတိုင်းထုတ်လုပ်သည်ထက် ဖြတ်လမ်းမှ မှော င်ခိုသွင်းသော နိုင်ငံခြားကားကို ဖြတ်ဆက်လုပ်ကာ ရောင်းချသည်က ပိုမိုအကျိုးဖြစ်သဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတစ်ခုဖြစ်သော မော်တော်ကား ဘော်ဒီနှင့် အစိတ်အပိုင်းများထုတ်လုပ်ရေး လုပ်င န်းများသည် တိုးတက်မလာသည်ကို တွေ့ရပါမည်။ အချို့ကိစ္စများ တွင်စီးပွားရေး ဆိုင်ရာ ကျင့်ဝတ် (Business Ethics) များနှင့် လူမှုရေးတာဝန်ယူမှု (Social Responsibility) များကိုအစိုးရဌာနများဘက်မှ မလို က်နာ သကဲ့သို့၊ ကုန်ထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများဘက်မှလည်း လိုက်နာရန်လိုအပ်ချက် အများအပြား ရှိပါသည်။ ယခုအခြေအနေ များတွင် ယင်းစီးပွားရေးဆိုင်ရာ ကျင့်ဝတ်နှင့် လူမှုစီးပွားရေးဆိုင် ရာ တာဝန်ယူမှုအပိုင်းများကိုပြုပြင်ရမည့်ကိစ္စတစ်ခု၊ အလေးအနက် ထားလိုက်နာရမည့်ကိစ္စတစ်ခုအဖြစ် မမြင်တွေ့ရသေးပါ။
လာဘ်ပေးလာဘ်ယူမှုများ အပိုင်းတွင်လည်း လျော့နည်းလာမှသာ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းငယ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အရှိန်ေ ကာင်းမည်ဖြစ်ပါသည်။ ဥပမာ- စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်မှ ငွေချေးသည့် ကိစ္စမျိုးတွင် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း၊ ယခုကဲ့သို့ငွေချေးငှားသူများပြားပြီး ငွေထုတ်ချေးမည့် ဘဏ်န ည်းပါးချိန်များတွင် demand and supply theory အရငွေထုတ်ချေးမည့်သူအား ဝိုင်းဝိုင်းလည်နေမည်သာ ဖြစ်ပါသည်။ ယင်းကို ငွေထုတ်ချေးမည့်ဘဏ်အာဏာပိုင်များဘက်မှ အဂတိလိုက်စားမှု လုံးဝကင်း စင်မှသာ အမှန်လိုအပ်သော မှန်မှန်ကန်ကန်လုပ်ကိုင်မည်ဖြစ်သော လုပ်ငန်းရှင်ထံရောက်ရှိမည်ဖြစ်ပါသည်။ ဥပမာ-ယခင်က ဘဏ်ရာဖြတ်အဖွ့ဲများကဲ့သို့ တာဝန်ရှိသူအချို့အား လာဘ်ထိုးကာ တန်ဖိုးအန ည်းငယ်သာတန်သော အဆောက်အအုံကို များစွာထိုက်တန်သကဲ့သို့လှည့်စားပြီး တန်ဖိုးသင့်တော်သည်ထက်ပိုမိုချေးငှားခဲ့သဖြင့် ဘဏ်ပိုင်တိုက်အများအပြား ပေါ်ထွက်ခဲ့ဖူးပါသည်။ လုပ်ငန်းရှင်များဘက်မှ လည်း မိမိတို့ချေးငွေ ပိုမိုရရှိရေးအတွက် မိမိလုပ်ငန်းအား အသေးစားကို အလတ်စားလုပ်ငန်းအဖြစ် လည်းကောင်း၊ အလတ်စားလုပ်ငန်းအား အကြီးစားလုပ်ငန်းအဖြစ် လည်းကောင်း မှတ်ပုံတင်ပြီး ချေးငွေ ပိုမိုရရှိရေးနှင့်အခြားသော အစိုးရမှပေးသည့်အခွင့်အလမ်းများ ပိုမိုရရှိရေးကို ဆောင်ရွက်ခဲ့ကြသည်များ ရှိခဲ့ပါသည်။ ထို့အပြင် အခွန်နှင့်ပတ်သက်လာလျှင် အခွန် ထမ်းလုပ်ငန်းများရော အခွန်ဝန်ထမ်းပါ ပြ ည်သူက ပြောဆိုခံနေရ ခြင်းနှင့် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်းတို့ အပြန်အလှန် လက်ညှိုးထိုးကာ တာဝန်မည်သူရှိသည်ကို သေချာမဖော်ထုတ်နိုင်ကြသည့် အချက်သည်လည်း အသေးစား၊ အလတ်စား လုပ်င န်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်တစ်ချက်ပါမည်ထင်ပါသည်။ အသေးစားလုပ်ငန်းများ၊ အလတ်စားလုပ်ငန်းများ၏ အခွန်ထမ်းရမည့် သတ်မှတ်ချက်များ အသေးစိတ်ရှိနေလျှင်သော်လည်းကောင်း၊ တတ်နိုင်ပါက အခွန်ကောက်ခံသော (သို့မဟုတ်) အစိုးရအတွက် အခကြေး ငွေတစ်စုံတစ်ရာ ကောက်ခံပေးရသော ဌာနများသည် အခွန်ထမ်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအတွက် အလွန် လွ ယ်ကူ ချောမွေ့အောင်၊ သိနားလည်အောင်၊ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးနိုင်ရန် လိုမည်ထင်ပါသည်။ တတ်နိုင်လျှင်အသေးစား လုပ်ငန်းတစ်ခုအတွက် မှတ်ပုံတင်ခြင်း၊ လိုင်စင်လျှောက်ထားြ ခင်း၊ စည်ပင်၊ စက်မှု၊ ပြည်တွင်းအခွန်နှင့်အခြား ဆက်စပ်ဌာနများ အခွန် ကောက်ခံမည့် ဌာနများသည် တစ်နေရာတည်း ၊ တစ်ကြိမ်တည်းနှင့် ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပိုမိုသင့်လျော်မ ည် ထင်ပါသည်။ ယင်းအချက်များကိုလည်း လက်ရှိတွင်ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိထားပါသည်။
မကြာသေးမီ သြဂုတ်လလယ်ကအင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ ခဏတာရောက်ခဲ့ပါသည်။ ရောက်စဉ် ခဏတွင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းသို့သွားရောက်တွေ့ဆုံလေ့လာရာ တွင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်တစ်ခုကို မှတ်သားခဲ့ရသည်မှာ ပုဆိုးခေါ် လုံချည်အကြောင်း ဖြစ်နေပါသည်။ မြန်မာလုံချည်ကိုသူသိကြောင်း၊ များစွာနှစ်သက်ကြောင်း၊ အင်ဒိုနီးရှား ရိုးရာအခမ်းအ နားများတွင် လုံချည်ကို ခါးတွင်ပတ်စည်းထားရ ကြောင်း၊ အင်ဒိုလူမျိုးမှန်လျှင် အိမ်တွင်လုံချည်တစ်ထည်တော့ အနည်းဆုံးရှိပါကြောင်း၊ အလားတူပင် မလေးရှားတွင်လည်း လုံချည်ဝတ်ဆင်တတ်ကြောင်း၊ သို့ဖြစ်၍ အင်ဒိုနှင့်မလေးတွင် မြန်မာလုံချည်ကို ဈေးကွက်ရှာသင့်ကြောင်း၊ အိန္ဒိယတွင်လည်း ဈေးကွက် ကြီးရှိကြောင်း မြန်မာ့လုံချည်ထုတ်လုပ်သည့် Hand made စစ်စစ် ဖြစ်ကြောင်း၊ တိုးချဲ့ ရမည့်လုပ်ငန်းြ ဖစ်ကြောင်း မှတ်သားရပါသည်။ မြန်မာ့လုံချည်ကိုဤမျှအထိ စိတ်ဝင်စားမှု ရှိလိမ့်မည်ဟု ယခင်က မထင်မှတ်ခဲ့ပါ။ ပြည်တွင်း ဈေးကွက်သာရှိသော လုပ်ငန်းတစ်ခု အဖြစ်ရှုမြင်ခဲ့မိပါသည်။ အမရပူရလုံချည်၊ ဝမ်းတွင်း လုံချည်၊ ဂန့်ဂေါ ပုဆိုး၊ဆိပ်ခွံလုံချည်၊ ကချင်ပုဆိုးစသည်တို့သည် မြန်မာ Brand စစ်စစ် အဖြစ် အောင်မြင်နိုင်သည့် လုပ်ငန်းတစ်ခုအဖြစ် ဇောက်ချလုပ်ကိုင် ပေးသင့်ပါသည်။ အရင်းအနှီး တိုးချဲ့နိုင်ေ အာင် စီစဉ်ပေးခြင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ ဈေးကွက်ချဲ့ထွင်ပေးခြင်းများကို ဆောင်ရွက်ပေးပါက ဆင်းရဲမှုလျှော့ချရေးတွင် များစွာအကျိုးသက်ရောက်နိုင်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ရက်က န်းလုပ်ငန်းစင်ပေါင်းမှာ သိန်းချီရှိပြီး ယခုအခါ လျှပ်စစ်မီးရသော ရွာများတိုးပွားနေသည်နှင့်အမျှ လက်ရက်ကန်းစင်မှ စက်ရက်ကန်းစင်များပါ တိုးတက်လာနေပြီဖြစ်သဖြင့် လုံချည်ထုတ်လုပ်မှုနှင့် ရက်ကန်း လု ပ်ငန်းသည် အလေးအနက်ထားပြီး ဆောင်ရွက်ပေးသင့်သော အသေးစားလုပ်ငန်းတစ်ခုဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ဆင်းရဲမှုကို လျှော့ချရေးတွင် ကျေးလက်ဒေသမှအိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများ တစ်နည်းအားဖြင့် (Micro, Small and Medium Enterprise-MSME) လုပ်ငန်းများကို အလေးအနက်ထား အားပေးနိုင်မှသာ ဆင်းရဲမှုလျှော့ချရေးသည် မြန်ဆန်ထိရောက်နိုင်ပါ ကြောင်း တင်ပြအပ်ပါသည် ခင်ဗျား။
မျိုးသူ