ပြည်ပဈေးကွက်သို့ ဦးမော့လာမည့် မြန်မာ့ပျားရည်
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ပြည်တွင်းစားသုံးရန်သာမက နိုင်ငံခြားဝင်ငွေတိုးစေရန် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ လက်ရှိတင်ပို့ရောင်းချလျက်ရှိသော စိုက်ပျိုး ရေး သီးနှံများမှာ ပဲအမျိုးမျိုး၊ နှမ်း၊ မြေပဲ၊ ပြောင်း၊ သရက်၊ ဖရဲ ၊ သခွား၊ ငရုတ်၊ ကြက်သွန်၊ ထောပတ်၊ နာနတ် စသည်တို့ဖြစ်ပါသည်။ စိုက်ပျိုးရေးထွက်ကုန်များနည်းတူ မွေးမြူရေးထွက်ကုန်များသည်လည်း တစ်ဖက်တစ်လမ်းမှ နိုင်ငံခြားဝင်ငွေရရှိသောလုပ်ငန်းများဖြစ်ပါသည်။ မွေးမြူ ရေးထွက်ကုန်တစ်ခုဖြစ်သည့် ပျားရည်သည်လည်း နိုင်ငံခြားသို့ တင်ပို့ရောင်းချလျက်ရှိသော ထုတ်ကုန်တစ်မျိုးအဖြစ် ထင်ရှား လာပါသည်။ မြန်မာနိုင်ငံတွင် ပျားမျိုးစိတ်များစွာရှိပြီး မွေးမြူရေးပျားမျိုးစိတ် ကိုးမျိုးခန့်သာ လူသိများပါသည်။ ၎င်းတို့ အနက် သစ်ခေါင်းပျားမျိုး (Apis.cerana)၊ ပျားကြီးမျိုး (Apis.dorsata) ၊ ပျားကြီးမျိုးစိတ် (Apis.laboriosa) ၊ ယင်ပျားမျိုး (Apis. florea) နှင့် ယင်ပျားမျိုးစိတ် (Apis.Andreniformis) စသည့် ပျားအမျိုးအစား ငါးခုသည် ဒေသတွင်း မျိုးရင်းပျားမျိုး စိတ်များ ဖြစ်ကြပါသည်။ ပျားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ဆဋ္ဌမမျိုးစိတ်ဖြစ်သော ဥရောပပျားမျိုးစိတ်(အီတလီ ပျားမျိုး)Apis.mellifera နှင့် မျိုးစပ်ကာ ပျားမွေးမြူရေးကဏ္ဍကိုလည်း အဆင့်မြှင့်တင်ခဲ့ကြောင်း လေ့လာသိရှိရသည်။ မြန်မာနိုင်ငံတွင် ပျားရည်ကို ဆီး၊ ပန်းနှမ်း၊ နေကြာ၊ လဲမှို့၊ ပဲစင်းငုံ၊ လိုင်ချီး၊ ရော်ဘာ၊ ပင့်ကူထိပ်ပိတ်(ပန်းသုံးဆင့်)၊ မိုးနှမ်း၊ ပြောင်း စသည့် စိုက်ပျိုးသီးနှံ များ၏ ပန်းပွင့်များကို ဝတ်မှုန်ကူးခြင်းဖြင့် ထုတ်ယူလျက်ရှိပါသည်။ ဆီးပျားရည်ကို စစ်ကိုင်း တိုင်းဒေသကြီး မုံရွာ၊ကနီ၊ဘုတလင်၊မန္တလေး တိုင်းဒေသကြီး ပျော်ဘွယ်၊ ရမည်းသင်းတို့မှလည်းကောင်း၊ ပန်းနှမ်းပျားရည်ကို ရှမ်းပြည်တောင်ပိုင်း/ မြောက်ပိုင်းဒေသများနှင့် ထီးချိုင့်၊ကသာ၊ ရေတာရှည်တို့မှလည်းကောင်း၊ နေကြာနှင့်လဲ မှို့ပျားရည် ကို စစ်ကိုင်း၊ ညောင်ပင်ဝန်း၊ ရေတာရှည်၊ တောင်ငူတို့မှလည်းကောင်း၊ ပဲစင်းငုံပျားရည်ကို စစ်ကိုင်း၊ ရေနီ၊ ရှမ်းပြည်တောင်ပိုင်းတို့မှလည်း ကောင်း၊ လိုင်ချီးပျားရည်များကိုမူ ကျိုက်ထို၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ လည်းကောင်း၊ ပင့်ကူထိပ် ပိတ် ပျားရည်ကို ထီးချိုင့်၊ ကသာ၊ တောင်ငူ၊ ပုလဲ စသည်တို့မှလည်း ကောင်း၊ ရော်ဘာပျားရည်ကို ပဲခူး၊ ကျိုက်ထိုမှလည်းကောင်း၊ မိုးနှမ်း ပျားရည်ကို မကွေး၊ ကျောက်ဆည်တို့မှလည်းကောင်း၊ ပြောင်း ပျားရည်ကို ရှမ်းပြည် တောင်/မြောက်၊ ပျဉ်းမနား၊ တပ်ကုန်းတို့မှလည်း ကောင်း ထုတ်ယူ၍ အဆင့်ဆင့်သန့်စင်ပြီး ပြည်တွင်း/ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိသည်။
မြန်မာ့ပျားရည်တင်ပို့မှု၏ ထိပ်တန်းဈေးကွက်များမှာ ထိုင်း၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူနှင့် တောင်ကိုရီး ယားနိုင်ငံများ ဖြစ်ကြပြီး နှစ်စဉ်မြန်မာ့ပျားရည် တန်ချိန် ၃၀ဝ၀ ခန့် တင်ပို့ရောင်းချလျက်ရှိသည်။ ပြည်ပတင်ပို့ရန် အတွက် တင်ပို့မည့် ပျားရည်သည် မြန်မာနိုင်ငံမှထွက်ရှိသည့် ပျားရည်ဖြစ်ကြောင်း၊ မြန်မာ့ပျားရည်သည် ဥရောပပျားမျိုးစိတ် (အီတလီပျားမျိုး-Apis.mellifera)မှ ရရှိကြောင်း ထောက်ခံချက် စသည်တို့ လိုအပ်မည်ဖြစ် သည်။ ပျားရည်၏အရည် အသွေး (Sucrose, Fructose, Glucose, Total Sugar Content) ကိုစစ်ဆေးထားသည့် ဓာတ်ခွဲခန်းလက်မှတ် များကို မွေးမြူရေး၊ရေလုပ်ငန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ စိစစ် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။ မြန်မာ့ပျားရည်များအား ပြည်ပသို့တင်ပို့ရာတွင် ပျားရည်တွင်ပါဝင်တတ်သော ဓာတုဓာတ် ကြွင်း (ပိုးသတ်ဆေးဓာတြွ်ကင်းနှင့် ပဋိဇီဝဆေးဝါးဓာတြွ်ကင်း) ပါဝင်မှု ရှိ၊မရှိနှင့် အခြားသော အရည်အသွေးများ ကို ဝယ်ယူသူမှ တောင်းဆိုလာပါက ပြည်တွင်းရှိ ဓာတ်ခွဲခန်းသာမက ပြည်ပဓာတ်ခွဲ ခန်းများသို့ပါ ပေးပို့စစ်ဆေးပြီးမှ တင်ပို့ရောင်းချရပါကြောင်း သိရှိရ သည်။ မြန်မာနိုင်ငံတွင် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့၌ ဒေသခံ ပျားမွေးသူများနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံ ကိုးခုရှိသည့်အနက် အစိုးရပိုင်စက်ရုံတစ်ခုသည် အသေးစား မွေးမြူထုတ်လုပ်သည့် ပျားကုန်သည်များအတွက် ပျားရည်သန့်စင် ခြင်းနှင့် ထုပ်ပိုးခြင်း ဆိုင်ရာလုပ်ငန်းများကို ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။ ပုဂ္ဂလိကစက်ရုံ ရှစ်ခုသည်လည်း ပြည်ပသို့ တင်ပို့ရောင်းချ ရုံသာမက ပြည်တွင်းဈေးကွက်တွင်လည်း ဖြန့်ဖြူးရောင်းချလျက် ရှိသည်။
ပျားရည်သည်လူသားတို့ ကျန်းမာရေးအတွက် လိုအပ်သော ကာဗိုဟိုက်ဒရိတ်၊ သကြားဓာတ်၊ ရေဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်၊ အန်တီအောက်ဆီဒင့်များ ကြွယ်ဝသော သဘာဝကပေးထားသည့် ဆေးတစ်မျိုးဖြစ်ပေရာ မြန်မာ့ပျားရည်ထုတ်လုပ်မှု အများစုကို အဓိကအားဖြင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများ၊ အစားအစာထုတ် လုပ်မှုလုပ်ငန်းများနှင့် အလှကုန်ထုတ်လုပ်သည့်လုပ်ငန်းများတွင် သုံးစွဲကြကြောင်း လေ့လာသိရှိရသည်။ မြန်မာ့ပျားရည်များသည် သဘာဝပျားရည်စစ်စစ်ဖြစ်သဖြင့် ဥရောပအဖွဲ့ဝင်နိုင်ငံများက ဝယ်ယူရန် ကမ်းလှမ်းမှုရှိလာပြီဖြစ်ပါ သည်။ ထို့ကြောင့်ပျားမွေးမြူရေးနှင့် ပျားရည်ထုတ်လုပ်သည့်လုပ်ငန်း များအား စံချိန်စံညွှန်းပြည့်မီရန်လုပ်ငန်းစဉ်၏ အစဖြစ်သော ပျားမွေး မြူရေးလုပ်ငန်းများအား ကောင်းမွန်သော ပျားမွေးမြူရေးအလေ့ အကျင့်ကောင်းများ (Good Beekeeping Practices-GBP) စနစ်ဖြင့် ၂၀၁၆ခုနှစ်တွင် စတင်လေ့ကျင့်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ယခုအခါ မြန်မာ့ပျားရည်များအား ဥရောပဈေးကွက်သို့ တင်ပို့ ရန် ဥရောပသမဂ္ဂက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံ တကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန်သာမက ပြည်တွင်းစားသုံးသူ များအတွက်လည်း ဘေးအန္တရာယ်ကင်းပြီး အရည်အသွေး ပြည့်ဝသော မြန်မာ့ပျားရည်များရရှိရန် ဆောင်ရွက်ရမည်ဖြစ်ပေသည်။ ပျား မွေးမြူရေးလုပ်ငန်းစဉ်တစ်လျှောက် ကောင်းမွန်သောပျားမွေးမြူရေး အလေ့အကျင့်ကောင်းများ (Good Beekeeping Practices-GBP)၊ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်ကောင်းများ (Good ManufacturingPractices GMP) ဘေးအန္တရာယ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အရေးကြီးသည့်အချက်များအား ထိန်းချုပ်မှု (Hazard Analysis and Critical Control Point-HACCP) စသည့် နည်းစနစ်များအား အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် မြန်မာ့ပျားရည်များအား ဥရောပသမဂ္ဂ (EU)ဈေးကွက် သို့ တင်ပို့နိုင်ရေးအတွက် အကြံပြုချက် များ၊ လိုအပ်ချက်များနှင့် မြန်မာ့ပျားရည်စံချိန်စံညွှန်း ရေးဆွဲခြင်းတို့ ကို နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန(ITC)မှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော Arise Plus Myanmar Trade Related
Assistance စီမံကိန်းနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း ပါဝင်ကူညီ ထောက်ပံ့ ပေးလျက်ရှိသည်။ ၎င်းစီမံကိန်းတွင် မြန်မာနိုင်ငံမှ ပျား ရည်သန့်စင်ထုတ်လုပ်သည့်စက်ရုံ ရှစ်ရုံအား အစား အစာ ဘေးကင်း ရေးဆိုင်ရာနည်းစနစ် အကောင်အထည်ဖော်ရန် လိုအပ်သော နည်းပညာများအား အနီးကပ်ထောက်ပံ့ပေးရန် ပြည်တွင်းမှသင်တန်း နည်းပြနှင့်အကြံပေး ရှစ်ဦးအား မွေးမြူ ထောက်ပံ့ပေးလျက်ရှိကြောင်း အဆိုပါစီမံကိန်းမှ သိရှိရသည်။
Arise Plus Myanmar Trade Related Assistance စီမံကိန်းမှ ပျားရည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပျားရည်ကို ဓာတုဓာတ်ကြွင်း (ပိုးသတ်ဆေးဓာတကင်းနှင့် ပဋိဇီဝဆေးဝါးဓာတ်ကြွင်း)များ နှင့် ရောဂါပိုးမွှားများမှကင်းဝေးစေရန် ပျားရည် ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အရည်အသွေးထိန်းချုပ်မှုကိုမြှင့်တင်ခြင်း၊ ပျားရည်တန်ဖိုးကွင်းဆက်၏ အစိတ်အပိုင်းအားလုံးတွင် ကျန်းမာရေး နှင့်ညီညွတ်သော အလေ့အကျင့်များ တိုးတက်စေရန် အစားအစာ ဘေးကင်း လုံခြုံရေးနှင့် အညီ လိုက်နာမှုကိုအားဖြည့်ခြင်း၊ ပျားရည် တင်ပို့ရောင်းချသူများအား နိုင်ငံတကာကုန်သည်များနှင့် ချိတ်ဆက် ပေးခြင်း၊ ပျားရည်ဓာတ်ခွဲခန်းများအား အဆင့်မြှင့်တင်ပေးခြင်း စသည်တို့ကို ဥရောပသမဂ္ဂ(EU)၏ အကူအညီဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိရာ လာမည့် ၂၀၂၁-၂၀၂၂ နှစ်များအတွင်းတွင် လက်ရှိ တင်ပို့လျက်ရှိသော အာရှဈေးကွက်တွင်သာမက ဥရောပဈေးကွက် သို့ပါ မြန်မာ့ပျားရည်တန်ချိန် ၈၀ဝ ခန့် ထပ်တိုးတင်ပို့ရောင်းချနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် မြန်မာ့ ပျားရည်ဈေးကွက်၏ ထွန်း တောက်လာမည့်အခြေအနေများကို လေ့လာတင်ပြလိုက်ရပါသည်။
အိအိထွေး(CTQM)