ဆားလင်းကြီးမြို့နယ် ကျွဲခိုတောကျေးရွာ၏ ကြက်မွေးလုပ်ငန်း
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့ အနောက်ဘက် ချင်းတွင်း မြစ်တစ်ဖက်ကမ်းတွင်တည်ရှိသည်။ ဆားလင်းကြီး မြို့နယ်ပိုင်းတောင်ကြီးကျေးရွာနှင့် အခြားကျေးရွာအတွင်း နေထိုင်သူများသည် ယခင်ကဆားချက်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြပြီး ဆားချက်ရာတွင်နေ့ရာညပါ ဆားချက်နိုင်ရန် အတွက် သားရဲတိရစ္ဆာန်ဘေးမှ ကင်းလွတ်နိုင်ရန် လင့်စင်ထိုး၍ ဆားချက်ရာဌာနအလိုက် ရွာတည်သောကြောင့် ဆားလင့်ဟု ခေါ်တွင်ပြီး လူနေ အိမ်ခြေ စည်ကားတိုးတက်လာသဖြင့် ကြီးတစ်လုံးတိုးကာ ဆားလင့်ကြီးဟု ခေါ်ဆို ရာမှ ကာလကြာရှည်ရာမှဆားလင်းကြီးဟုခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။ ထိုနည်းတူစွာ ဆားလင်းကြီး မြို့နယ်အတွင်းရှိ ကျွဲခိုတောကျေးရွာ မှာလည်း ကျွဲများခိုအောင်းရာနေရာဖြစ်သဖြင့် ရွာတည်သောအခါ ကျွဲခိုတောကျေးရွာဟု အမည် တွင်ခဲ့ကြောင်း လေ့လာသိရှိရသည်။
ယခင်ကျွဲခိုတောကျေးရွာသည် ဖွံ့ဖြိုးမှုမရှိဘဲ တောင်ယာအလုပ်၊ အငှားအရမ်း အလုပ်ကိုသာ လုပ်ကိုင်ခဲ့ကြကြောင်း၊ ယခုအခါအိမ်ခြေ(၂၀ဝ)ကျော်ခန့်ရှိ၍ တစ်ရွာလုံးနီးပါး ကြက်မွေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် စတင်လုပ်ကိုင်လာ ကြသည်။ ကြက်မွေးပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းဖြစ်သည့် ကြက်မွေးများကို မုံရွာနယ်နှင့် အခြားမွေးမြူရေးခြံများမှ ဝယ်ယူကြောင်း၊ ကြက်မ မွေး တစ်ပိဿာလျှင် ကျပ် ၇၀ဝ ၊ ကြက်ဖမွေးတစ် ပိဿာလျှင်ကျပ် ၁၃၀ဝ/၁၅၀ဝ ပေးရကြောင်း၊ ကြက်မွေးတုတ်ချောင်းဖြစ်သည့် ကြိမ်လုံးကိုမော်လိုက်မှဝယ်ယူရရှိပြီး ကြိမ်တစ်စီးလျှင် ကျပ် ၁၆၀ဝ၀၊ ၁၇၀ဝ၀ ခန့်ပေးရကြောင်း၊ ကြိမ်တစ်စီးလျှင် ကြက် မွေးပြုလုပ်ရမည့် ကြိမ်ချောင်း ၂၀ဝ ချောင်း၊ ကြက် မွေးတစ်ပိဿာလျှင် ကြက်မွေး ၇/၈ ချောင်း ထွက် ရှိ၍ထွက်ရှိလာသည့် ကုန်ချောများကို မူဆယ်၊ မန္တလေး၊ လားရှိုး၊ မြိတ်၊ ထားဝယ်မြို့များသို့ ကားတင်ပို့ပေးရပြီး အရောင်းအဝယ်စနစ်မှာ ဘဏ်ငွေ လွှဲစနစ်ဖြင့် ရောင်းဝယ်မှုပြုလုပ်ကြောင်း၊ တစ်အိမ်လျှင် အလုပ်သမား ၁၀ ဦးခန့်ရှိပြီး တစ်ရက်လျှင် ကြက်မွေး အချောင်း၂၀ဝ ခန့်ပြီးစီးကြောင်း၊ တစ် ချောင်းလုပ်အားခမှာ ကျပ် ၂၅၀ ရရှိပြီး တစ်ရက် လျှင် အလုပ်သမား တစ်ဦးလုပ်အားခမှာ ကျပ် ၅၀ဝ၀ ဝင်ငွေရရှိသည့်အတွက် ကျေးရွာရှိပြည်သူများမှာလည်း အလုပ်အကိုင် အခွင့် အလမ်းများရရှိ လာပါသည်။
ယခုအခါ ကြက်မွေးလုပ်ငန်းမှာ တွင်ကျယ်လာသည့်အတွက် ကျွဲခိုတောကျေးရွာလေးကို မြင်ရတော့“One village One product”ဆိုတဲ့ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးဆိုတဲ့ အဆို လေး ကိုပြန်သတိရမိသည်။ “One village One product” သည် ဂျပန်၊ ထိုင်းအပါအဝင် နိုင်ငံတော်တော်များများ အကောင်အထည်ဖော်ဆောင်ရွက် နေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အလျောက် မြန်မာနိုင်ငံမှာလည်း ကျေးရွာတစ်ရွာကို နာမည်ကျော် ထုတ်ကုန်တစ်မျိုး စီတော့ ရှိကြတာများ ပါသည်။ ကျွဲခိုတောကျေးရွာရှိ ကြက်မွေးလုပ်ငန်းလုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များထုတ်လုပ်သည့် ကြက်မွေးလုပ်ငန်း ရှင်များကိုလည်း နိုင်ငံ တော်အစိုးရအနေဖြင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး စီမံကိန်းတွင် ထားရှိသွားရမည့် သတ်မှတ်ချက်စံနှုန်းများ ထုတ်ကုန်ဝန်ဆောင်မှုများသည် ဒေသအလိုက် သီးခြားဖြစ်တည်ခြင်း၊ အများနှင့် မတူ ကွဲပြားခြင်း၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည် အရည်အချင်းဈေးကွက်ထုတ်လုပ်မှုနည်း ပညာစီးပွားရေးဆိုင်ရာ ဘဏ္ဍာငွေသုံးစွဲခြင်း စသည်တို့ကိုကောင်းစွာ စီမံနိုင်၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (ှနြှ) တို့၏ ထုတ် လုပ်မှုဖြစ်စဉ်များ သည်စဉ်ဆက်မပြတ်တစ်သမတ်တည်းလုပ်ကိုင်နိုင်ခြင်း၊ ဈေးကွက်ရှာ ချိတ်ဆက်ပေးခြင်း ဆောင် ရွက်ပေးနိုင်လျှင်ဖြင့် အသေးစား အလတ်စားလုပ်ငန်းများ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရသည်။
မိုးမိုးမြင့် (ယင်းမာပင်)