CB Bank နှင့် Shop.com.mm တို့ ပူးပေါင်း၍ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်

       CB ဘဏ်၏ Credit Card ကိုင်ဆောင်သူများသည် ဇွန်လမှစတင်ကာ နိုဝင်ဘာလကုန်အထိ အတိုးမဲ့အရစ်ကျ ဈေးဝယ်ခြင်းအစီအစဉ် (သုည ရာခိုင် နှုန်း IPP)ဖြင့် Shop. com. mm တွင် ဈေး ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်က ရန်ကုန်မြို့ LOTTE Hotel ၌ ပြုလုပ်သော The Digital Journey စာနယ်ဇင်းရှင်းလင်းပွဲမှသိရသည်။ "CB Bank ဖောက်သည်တွေရဲ့ လူနေမှုပုံစံကို ပံ့ပိုးပေးနိုင်ဖို့နဲ့ ဈေးဝယ်ရာမှာ  ရွေးချယ်မှုတွေ တိုးပွားစေရန်  ကျွန်တော်တို့ အစဉ်အမြဲကြိုးစား ဆောင်ရွက်နေပါတယ်။ ကတ်ဖြင့်ငွေပေးချေမှု က လွယ်ကူအဆင်ပြေတဲ့အတွက် ကတ်ဖြင့် ပေးချေမှုများကို လူကြိုက်များလာ တာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုး သမီးနဲ့ လူငယ်များဟာ ဆိုရင် အွန်လိုင်း မှတစ်ဆင့် ဈေးဝယ်ထွက်တာ ပိုမိုများ ပြားလာပါတယ်။ CB Bank အနေနဲ့ ဝန်ဆောင်မှုသစ်များ မိတ်ဆက်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် ဖောက်သည်တွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်" ဟု CB Bank ၏ Head of Card ရ Merchant ဦးဇေယျာအောင်က ပြောသည်။
      ယခုမိတ်ဆက်လိုက်သော အစီ အစဉ်အရ CB Bank ၏ Credit Card ကိုင်ဆောင်သူများသည် Shop.com.mm တွင် ကျပ်တစ်သိန်းအထက် ဝယ်ယူမှုများအတွက် အတိုးမဲ့ အရစ်ကျ ဈေးဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရ သည်။ "အတိုးနှုန်းလုံးဝမရှိဘဲ Shop. com.mm မှာရှိတဲ့ ပစ္စည်းတွေကို CB ဘဏ်ကတ်အသုံးပြုသူများဝယ်ယူပြီး ခြောက်လအရစ်ကျစနစ်ဖြင့် ပေးချေ နိုင်တော့မှာပါ။ ဇွန်လကစလို့ နိုဝင်ဘာလကုန် အထိ ဒီအခွင့်အရေးကို ရယူနိုင် မှာဖြစ်လို့ Shop.com.mm က ကျင်းပတဲ့ ဈေးရောင်းပွဲတော်တွေမှာ အသုံးပြုနိုင် မှာဖြစ်သလို မြန်မာပြည်ရဲ့ အကြီးမား ဆုံး အွန်လိုင်းဈေးရောင်းပွဲတော်ကြီး ဖြစ်တဲ့ ၁၁ ရက် ၁၁ လမှာလည်း အသုံး ပြုနိုင်မှာ ဖြစ်တာေ ကြာင့် လက်မလွှတ် သင့်ဘူးလို့ ပြောလိုပါတယ်" ဟု Shop.com.mm ၏ Managing Director ဖြစ်သူ Mr. Frans Maas က ပြောသည်။ CB Bank သည် ၁၉၉၂ ခုနှစ် တွင် တည်ထောင်ခဲ့ပြီး ဘဏ်ခွဲ ၂၂၀ ကျော်ကို ဝန်ထမ်း ၉၀၀၀ ဦးခန့်ဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း သိရသည်။

 

သန်းထိုက်အောင်