စံထား၍ ဆောင်ရွက်သင့်သည့် ရွှေခရု ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်

         ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စွမ်းအင် ဝန်ကြီးဌာနဝန်ကြီး  ဦးဟံထွန်း၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်း ဦးစီးမှူး ဦးကျော်ကျော်၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၉-၅-၂၀၁၉ရက်က ရန်ကုန်တစ်တိုင်းလုံး ခရိုင်အားလုံး၊ မြို့နယ်အားလုံးတွင် တစ်နေ့တည်း၊ တစ်ချိန် တည်း၊ တစ်ပြိုင်တည်း ရွှေခရုကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များကို ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်ခဲ့သည့် ရွှေခရုကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များတွင် (၁) မြို့နယ်တိုင်းတွင် ရွှေခရုကြိုတင်ကာကွယ်ရေး လုပ်ငန်းအား တောင်သူလယ်သမားကြီးများအား ပညာပေး ဟောပြောခြင်း၊ (၂)စပါးစိုက်ပျိုးမည့် လယ်ယာမြေများအား ထယ်ရေးကြိုတင်ပြင်၍ ထုံးတစ်ဧက ပေါင် ၁၅၀ စုပေါင်း ထည့်ခြင်း၊ ဆေးရွက်ကြီးမှုန့်၊ ခရုသတ်ဆေးမှုန့်များ ကြိုတင် ထည့်သွင်းခြင်း၊ (၃)လယ်ကန်သင်းများ  ပြုပြင်၍ ရေစီးဖြင့် ရွှေခရုဝင်ရောက်လာနိုင်သော မြောင်း၊ ကတွတ်ပေါက်များ ပိတ်ဆို့ခြင်း၊ ပိုက်ဇကာများခံခြင်း၊  (၄)ခရုဥမြုံများ အုနိုင်ရန် အတွက် လယ်များတစ်ဝိုက်တွင်ရှိ မြောင်းများ၊ အိုင်များတွင် တုတ်တိုင်၊ သစ်ကိုင်းများစုပေါင်းစိုက်ထူခြင်း၊ (၅)လယ်များ၏ ထောင့်တွင် ရွှေခရုများ စုစည်းနေထိုင်နိုင်ရန် ရေဝပ်ကျင်းများ တူးဖော်ခြင်း၊ မျှားစားများစုပေါင်းထည့်ခြင်း မြို့နယ်များ၊ရွာများ တွင် ရွှေခရုကာကွယ်နှိမ်နင်းရေး ပညာပေးဆိုင်းဘုတ်များစိုက် ထူခြင်းများ ပါဝင်ပါသည်။  
       ရွှေခရုသည် စပါးသီးနှံကို အဓိကဖျက်ဆီးသည့် ပိုးမွှား တစ်ကောင်ဖြစ်ပါသည်။ ရွှေခရုသည် စပါးပင်ငယ်စဉ်တွင် ခင်းလုံးကျွတ်အောင် ကိုက်ဖြတ်ဖျက်ဆီးလေ့ရှိပါသည်။ ရွှေခရု ကို ထိထိရောက်ရောက်ကာ ကွယ်နှိမ်နင်းြ ခင်းမပြုလုပ်နိုင်ပါက ထိခိုက်ပျက်စီးမှု ၆၅ရာခိုင်နှုန်းထိရှိသည်ဟု ဆိုပါသည်။ ယခုအခါတွင် ရွှေခရုသည် စပါးသီးနှံကို ဖျက်ဆီးသည့် ပိုးမွှားများတွင် ထိပ်ဆုံးက နေရာယူထားသည့် ပိုးမွှားဖြစ်နေသည်။ အဓိကပိုးမွှားဖြစ်နေသည်။ ရွှေခရုသည် ယခင်က မြန်မာနိုင်ငံတွင် မရှိသော ပိုးမွှား ဖြစ်သည်။ လွန်ခဲ့သော(၅)နှစ်ခန့်ကစ၍ ပင်လယ်ဒီရေဖြင့် အခြားဒေသများမှ မျောပါလာပြီး မြန်မာ့လယ်ယာမြေတွင် ခြေကုပ်ယူသွားခြင်းဖြစ်သည်။ ယခုအခါ ကာကွယ်နှိ မ်နင်းရန် အလွန်ခက်ခဲသော ပိုးမွှားတစ်ကောင်အဖြစ် ရင်ကော့၍ မင်းမူ နေပြီဖြစ်သည်။ မိုးဦးကျ ဇွန်လလယ်၊ ဇူလိုင်လ မိုးစပါးလှိုင်လှိုင် စိုက်ပျိုးသောအချိန်တွင် စပါးပင်ငယ်ငယ်မှာ စတင်ကျရောက် ဖျက်ဆီးသည်ကို တွေ့ရ သည်။ မိုးရာသီမတိုင်ခင်က လယ်များ ၏ ပတ်ဝန်းကျင်ရှိ မြောင်းများရှိ   ကျူပင်များ၊ ချုံနွယ်များ၊ မြက်ပင်များတွင် ခိုအောင်းနေရာမှ စပါးစိုက်ပျိုးချိန်တွင် ခေါင်း ထောင်ထ၍ စပါးခင်းများသို့ ကူးစက်လာပြီး ဘဝစက်ဝန်းကို အသက်ဆက်ပါသည်။
           မြန်မာနိုင်ငံတွင် ရွှေခရုသည်  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် မိုးရာသီရောက်တိုင်း ဆူညံ ပွက်လောရိုက်လောက် အောင် ဒုက္ခပေးနေသည်ကို တွေ့ရသည်။ ယခင်နှစ်ကဆိုလျှင် အညာဒေသ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ထိပင် ရွှေခရုမွှေနှောက်ခံလိုက်ရသည့် သတင်းပျံ့နှံသွား ခဲ့ပါသည်။ အညာဒေသသို့ စပါးများကူးလူး ရောင်းဝယ်ဖော်ကားခြင်းမှတစ်ဆင့် အခြေကျသွားသည်ဟု ယူဆရပါသည်။ ယခင်နှစ်က ဒေသတိုင်းလိုလို ရွှေခရုသည် ဖျက်ပိုးတကာတို့၏ ဇာတ်လိုက်ဖြစ်ခဲ့ပြီး စပါးခင်းများ ပျက်စီး အောင် မွှေနှောက်ခံရသည်မှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပါသည်။ သို့အတွက် ရွှေခရိုကု "မွှေခရု"ဟုပင် တင်စားခေါ်ဝေါ်နေကြပြီဖြစ်သည်။ ရွှေခရုအကြောင်း စဉ်းစားကြည့်လျှင် အင်္ဂလိပ်လို ွသိူနည ဗစစူန ှညငေူ ဖြစ်ပါသည်။ မျိုးရင်းကတော့ ွေျ-အမသစသိေ ဗာစကူူမေငငိနေ ဖြစ်ပါသည်။ ဒီရေအတက်အကျ ဖြင့်ပါလာပြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကျက်စား လာပါသည်။  ထိုမှတစ်ဆင့် ချောင်းမြောင်းများတွင် ပါလာပြီး လယ်ကွင်းများထိ နေရာယူလာခြင်းဖြစ်ပါသည်။ ရွှေခရုသည် ပြောင်းရွှေ့စိုက်ပျိုးသည့် စပါးခင်း နှစ်ပတ်သားအတွင်း၊ကြဲခင်း နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ခင်း ၄-၁၀ရက်အတွင်း ကျရောက် ဖျက်ဆီးပါသည်။ စပါးပင်ငယ်လေးများကို  အခင်းလုံးကျွတ် သည်အထိ ငုံးငုံးတိအောင် ကိုက်ဖြတ်ဖျက်ဆီးပါသည်။  စပါး ပင် တစ်လသားကျော်သွားလျှင် အပင်ရင့်သွားသဖြင့်ဖျက်ဆီးမှု နည်းသွားသည်။ ရွှေခရုသည်  အကောင်ငယ်လေးဘဝမှ အကောင်ကြီး ဘဝထိ ရက်ပေါင်း (၆၀-၈၄)ရက်ထိ  ကြာတတ်ပါသည်။ အကောင်ငယ်လေးများသည် အမည်းရောင်ဖျော့ပြီး အကောင် ကြီးများသည် အမည်းရောင်ရင့်ကား ပါးစပ်ကျယ်ကြီးများ  ပိုင် ဆိုင်ပါသည်။ အကောင်ကြီးအမနှင့် အထီးသည် ၁၀-၂၀ နာရီအတွင်း မိတ်လိုက်ပြီး တစ်ကြိမ်လျှင် စုစုပေါင်း ၉၀-၆၀၀ ထိ ဥနိုင်သည်။ တစ်လဆိုလျှင် ဥပေါင်း ၁၀၀၀- ၂၀၀၀ထိ ဥနိုင် သည်။ ဥကို  အပြုံလိုက်ဥပြီး ဥမြုံ၏အရောင်သည် ပန်းရောင် ဖြစ်ပါသည်။ ဥပြုံများကို ကျူပင်၊ ကိုင်းပင်၊ သစ်ကိုင်း၊ တိုင်များ တွင် တွယ်ကပ်၍ ဥပါသည်။  ဥဘဝမှာ ၄-၁၄ ရက်ကြာရင် ရွှေခရု အကောင်ငယ်လေးတွေပေါက်လာပါသည်။ ရွှေခရု အကောင်ငယ်လေးများထဲတွင် အမငါးကောင်ပါလျှင် အထီး တစ်ကောင် ပါလေ့ရှိသည်။  
         ရွှေခရုသည် သက်တမ်းအများဆုံး ၁၀နှစ်အထိ အသက်ရှင်နေနိုင်ပါသည်။ ရွှေခရုဟာသက်တမ်းကလည်း ရှည်သည်။ ဥပေါက်နှုန်းကလည်း တစ်ကြိမ်မှာ ထောင်ချီ အုနိုင်သည်။ သို့အတွက် ရွှေခရုဟာ တစ်ရာသီမှာ အချိန် တို အတွင်း မြန်မြန်နှင့်များများ  မျိုးဆက်ပွားနိုင်သည့်အတွက် အချိန်မီ ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းမှုမပြုလုပ် နိုင်လျှင် ကာကွယ်နှိမ်နင်းမရသည့်အခြေအနေအထိ ဖြစ်သွားနိုင်ပါသည်။ ရွှေခရုကို အချိန်မီ ထိထိရော က်ရောက်ကာကွယ်နှိမ်နင်းရာမှာ လုပ်ငန်းစဉ် နှစ်ပိုင်းရှိပါသည်။ ကြိုတင်ကာကွယ်ခြင်း၊ နှိမ်နင်းခြင်းပင် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယခုဆောင်ရွက်သည့်လုပ်ငန်းစဉ်မှာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ရွှေခရုမလာမီကပင် ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းပင် ဖြစ်ပါသည်။ ရွှေခရုကြောင့် သီးနှံဖျက်ဆီးခံရမည့်   ၆၀-၆၅ ရာခိုင်နှုန်းကို ကြိုတင်ကာကွယ်ခြင်းဖြင့် လက်ဦးမှုရယူထားခြင်းဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုန်ကျစရိတ်သက်သာ၍ ထိရောက်မှုပိုရှိပါသည်။ သီးနှံများကို ဖျက်ဆီးသည့် ပိုးမွှားရောဂါများ ကာကွယ် နှိမ်နင်းခြင်းလုပ်ငန်းတွင် (၁) ကြိုတင်ကာကွယ်ခြင်း၊ (၂) ထိရောက်စွာ နှိမ်နင်းခြင်း၊ (၃) လုပ်ငန်းလက်စသတ်ဆောင်ရွက် ခြင်းလုပ်ငန်းစဉ်သည် အဓိကမဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ သာဓကကို တင်ပြရလျှင် ယခင် နှစ် မိုးရာသီက ဖောငမြှောင်တောင် ဖျက်ပိုးနယ်စပ်ဖြတ်ကျော် ၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ပြီး အစေ့ထုတ်ပြောင်းဧက တစ်သိန်းခွဲကျော်ကို တစ်မုဟုတ်ချင်း ပျံ့နှံ့ဖျက်ဆီးခံခဲ့ရပါသည်။ အမှန်မှာ အဆိုပါ ဖောငမြှောင်တောင်ပိုးသည် လွန်ခဲ့သော (၃)နှစ်ခန့်ကကတည်းက တရုတ်နှင့် ဘင်္ဂ လားဒေ့ရှ်နယ်စပ်တွင် ရောက်ရှိနေကြောင်း သတင်းများပျံ့နှံ့ခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကြိုတင်၍ ထိထိရောက်ရောက် ကာကွယ်သည့်လုပ်ငန်းကို လက်ဦးမှုမယူနိုင်ခဲ့သည့်အတွက် အငိုက် မိခံလိုက်ရခြင်းြ ဖစ်သည်။ ယခုလည်း ဖောငမြှောင် တောင်သည်  ပြောင်းဧက တစ်သိန်းခွဲမှသည် မြန်မာပြည်တွင်း ခြေကုပ်ရယူသွားပြီဖြစ်ပါသည်။ သီးနှံအမျိုး ၈၀ ကို ဖျက်ဆီး နိုင်သည်။ မျိုးပွားနှုန်းမြန်သည်။ ဖျက်ဆီးမှုပြင်းထန်သည်။ ကြို တင်ကာကွယ်ခြင်း၊  နှိမ်နင်းခြင်းလုပ်ငန်းများကို အချိန်မီ ထိထိရောက်ရောက် မဆောင်ရွက်နိုင်လျှင် ယခုနှစ် ဖောင မြှောင်တောင်ပိုး၏ ဒုက္ခပေးခြင်းကို အစေ့ထုတ်ပြောင်း  အပါ အဝင် အခြားသီးနှံမျိုးစုံတို့ အလူးအလဲ ခံစားကြရမည်မှာ မလွဲ ဧကန်ပင်ဖြစ်သည်။
        သီးနှံကာကွယ်နှိမ်နင်းရေးပညာရှင် ဒေါက်တာတစ်ဦး က ပြောပါသည်။ ဖောငမြှောင်တောင်ပိုးသည် ဥကို ပြောင်းဖူး ပင်ထိပ်ဖျား ဖက်လိပ်အညွန့်ကလေးထဲမှာ အုပါသည်။ ပေါက် လာသော ပိုးလောက်ကောင်ငယ် ကလေး သည် ၎င်းထိပ်ဖျား ဖက်လိပ်အတွင်းတွင် နေထိုင်စားသောက်ဖျက်ဆီးပါသည်။ သို့ပါ၍အပေါ်ယံမှဆေးဖျန်းရုံဖြင့်မထိရောက်နိုင်ပါ။ပိုးကောင် ကိုဆေးဖြင့် မထိနိုင်ပါ။  ပြောင်းပင်ထိပ်ဖျားဖက်လိပ်အညွန့် ကိုဖြဲ၍   ပိုးကောင်ထိေ အာင် ဆေးထည့်ခြင်း၊ ဆေးဖျန်းခြင်း ဖြစ်အောင် ဆောင်ရွက် မှသာ ထိရောက်နိုင်ပါသည်ဟု ဆိုပါသည်။ ယခင်နှစ်က ဧရာဝတီတိုင်းဒေသကြီးတွင် ဖောငမြှောင်တောင်  ကျရောက် သော ပြောင်းခင်းများကို ကုမ္ပဏီတစ်ခုမှ ဒရုန်းအသုံးပြု၍ ကောင်းကင်မှ ဆေးဖျန်း ပေးသည်ဟု သတင်းရရှိခဲ့ပါသည်။ အထက်ပါပညာရှင်ဒေါက်တာ၏ အဆိုရဆိုလျှင် ဖောပိုးမွှားနှိမ်နင်းရေးကောင်းကင်မှ ဆေးဖျန်းသည်မှာ ထိရောက်မှုရှိနိုင်၊ မရှိနိုင် စဉ်းစားစရာဖြစ်ပါ သည်။ ပေါ်ပင်ခေတ်အရ စတန့်ထွင်၍ နာမည်ရလိုသော ဆောင် ရွက်ချက်ဖြစ်နေမည်ဆိုလျှင် တောင်သူလယ်သမားကြီးများသာ  ဆုံးရှုံးနစ်နာသူ ဖြစ်ကြပါမည်။ နောင်တွင် သေချာလေ့လာသုံးသပ်၍ အသိတရားယှဉ်ပြီး ဆောင် ရွက်သင့်ပါသည်။ သို့ပါ၍ သီးနှံစုံဖျက်ဆီးသော ပိုးမွှား၊ ရောဂါများကို ကာကွယ်နှိမ်နင်းကြမည် ဆိုလျှင် ထိရောက်ပြီး အကျိုးရှိစေရန်အတွက် ရန်ကုန် တိုင်းဒေသကြီးမှ ဆောင်ရွက် သည့် ရွှေခရုကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်ကို  အတုယူစရာ နမူနာအဖြစ် စံထား ၍ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

 

အောင်ဆန်း (စိုက်ပျိုးရေး)