ပြည်ပဈေးကွက်တွင် ဆန်စပါးကို အရည်အသွေးမှီ ထုတ်လုပ်၍ တိုးတက်တင်ပို့နိုင်ရေး
လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြော ဖြစ်သလို လူဦးရေ၏ အများစု (သုံးပုံနှစ်ပုံခန့်) သည်လည်း ကျေး လက်များတွင် နေထိုင်ကြပြီး လယ်ယာလုပ်ငန်းကိုသာ အသက်မွေး ဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပို့ကုန်ကဏ္ဍကို လေ့လာကြည့်ရာတွင် မြန်မာနိုင်ငံသည် လယ်ယာ ထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့အဓိက တင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်ပသို့ဆန်နှင့်ဆန် ကွဲ တင်ပို့မှုသည် လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှုအနက် အများဆုံး တင်ပို့နိုင်ခဲ့ပါ တယ်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအခြေအနေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက် မှ ဒီဇင်ဘာလ ၁ ရက်ထိ) နှစ်စဉ်ပိုမိုတင်ပို့လျက်ရှိပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၄ သန်း၊ တန်ချိန်အားဖြင့် ၁၇ သိန်းကျော်ဖြစ်သဖြင့် လယ်ယာ ကဏ္ဍတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်အနေဖြင့် လည်းကောင်း၊ ပို့ကုန်ကဏ္ဍတစ်ခုလုံး၏ ငါးရာခိုင်နှုန်းခန့်အနေဖြင့်လည်းကောင်း တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဆန်နှင့်ဆန်ကွဲတင်ပို့မှုဈေးကွက်ကို လေ့လာကြည့် မည်ဆိုပါက ယခင်ဘဏ္ဍာနှစ်ထက် ဈေးကွက်သစ် အနေဖြင့် နိုင်ငံပေါင်း ၂၂ နိုင်ငံအား ရှာဖွေတင်ပို့နိုင်ခဲ့ကာဈေးကွက် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နိုင်ငံပေါင်း ၁၉ နိုင်ငံရှိပါတယ်။ သို့ရာတွင် ဈေးကွက်သစ်ရရှိသည့် နိုင်ငံများ သို့ တင်ပို့ခွင့်ရရှိသည့် အရေအတွက်သည် ဈေးကွက်ပျောက်သွားသည့် နိုင်ငံများသို့ တင်ပို့ ခဲ့သည့် အရေအတွက်ထက် ပိုမိုများပြားခဲ့သဖြင့် ဆန်တင်ပို့ဈေးကွက် ရလဒ်ကောင်းများရရှိလာခဲ့ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလ မှ ဒီဇင်ဘာလ ၁ ရက်ထိ) ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၂ သိန်းခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၇၃ သန်း ရရှိခဲ့ပါတယ်။ ယခင်နှစ် ကာလတူ ထက်တန်ချိန် ၁၄ သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၄၂၁ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံးတင်ပို့သည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ဖြစ်ပါတယ်။ ယခင်နှစ်က နိုင်ငံပေါင်း ၄၀ သာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ၅၄ နိုင်ငံ တင်ပို့နိုင်ခဲ့သဖြင့် ၁၄ နိုင်ငံသို့ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ USDA စာရင်းအချက်အလက်များအရ ကမ္ဘာ့ဆန်ကုန်သွယ်မှုကဏ္ဍကို လေ့လာကြည့်ပါက ဆန်အများဆုံး တင်ပို့သည့်နိုင်ငံများမှာ အိန္ဒိ ယ၊ ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံသည် ပဉ္စမမြောက် အများဆုံးဆန်တင်ပို့သည့်နိုင်ငံ ဖြစ်ပါတယ်။ ပြည်ပမှဆန်အများဆုံး တင်သွင်းလျက်ရှိသည့် နိုင်ငံများမှာ တရုတ်၊ နိုက်ဂျီးရီးယား၊ ဥရောပနိုင်ငံ များနှင့် ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်ပြီး ဘရာဇီး၊ တရုတ်နှင့်ဥရောပနိုင်ငံများဟာ တင်ပို့မှုရော တင်သွင်းမှုကိုပါ ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံများဖြစ်ပါတယ်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေကိုကြည့်ပါက မြန်မာ့စိုက်ပျိုးရေးဦး စီးဌာန၏ စာရင်းများအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင်စပါး (မိုးစပါး+နွေစပါး) စိုက်ဧက ၂ ဒသမ ၄၆ ဧကသန်းရှိပြီး ထွက်ရှိမည့်တင်းလျာထားချက်မှာ တင်း ၁၃၁၇ သန်း ရှိပါတယ်။ စပါးစိုက်ပျိုးရန်အတွက်လိုအပ်သည့်မျိုး၊ အလေအလွင့်၊ စားသုံးမှုမှာ ခန့်မှန်းခြေ တင်း ၈၂၆ သန်းရှိသဖြင့် ပိုလျှံမည့်စပါးတင်း ၄၉၂ သန်း (တန်ချိန် ၁၀ သန်း) ရှိနိုင်ပါတယ်။ ထို့ကြောင့် ယခုနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန်၂ ဒသမ ၅ သန်းခန့်တင်ပို့နိုင်မည့် အခြေ အနေရှိကြောင်း တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အဓိကသီးနှံများအဖြစ် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးလျက်ရှိရာ စပါး ၃၄ ရာခိုင်နှုန်း၊ ပဲမျိုးစုံ ၂၁ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက် ရှိပါတယ်။ မြန်မာတစ်နိုင်ငံ လုံးတွင် နွေစပါးစိုက်ဧက ၂ ဒသမ၄၆ သိန်း၊ မိုးစပါးစိုက်ဧက ၁၅၂သိန်း၊ တစ်နှစ်ပတ်လုံးအနေဖြင့် စိုက် ဧက ၁၇၇သိန်းကျော် စိုက်ပျိုးလျက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသ ကြီးတွင် စိုက်ဧက သိန်း ၅၀ ကျော်၊ ပဲခူးတိုင်းဒေသြ ကီးတွင် စိုက်ဧက ၂၉ သိန်းကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ဧက၂၁ သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ စပါး စိုက်ပျိုးထွက်ရှိမှုအနေဖြင့်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် စပါးတင်းပေါင်း ၁၃၀၈ သန်း ထွက်ရှိခဲ့ပြီး စပါးထွက်ရှိမှု၏ ၅၈ ရာခိုင်နှုန်းကျော်အား ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထုတ်လုပ်လျက်ရှိပါတယ်။ ယခုနှစ်တွ င် အိန္ဒိယနိုင်ငံမှ မတ်ပဲ၊ ပဲတီ စိမ်းနှင့် ပဲစင်းငုံတင်ပို့မှုများကို ကန့်သတ်လိုက်သဖြင့် ပဲစိုက်တောင်သူများ အခက်အခဲနှင့် ကြုံတွေ့လျက်ရှိပါတယ်။ ၎င်းင်းသီးနှံ သုံးမျိုးအနက် မတ်ပဲသည်အများအားဖြင့် ဈေးကွက်လိုအပ်ချက်အရ မိုးစပါးရိတ်သိမ်းပြီးနောက် သီးထပ်စိုက်ပျိုးသည့် သီးနှံဖြစ်သဖြင့် ယခုနှစ်တွင် မတ်ပဲအစားစပါးကို အစားထိုး သီးနှံအဖြစ်စိုက်ပျိုးလျှင် တောင်သူများအတွက် တွက်ခြေကိုက်မည့် အခြေအနေရှိကြောင်း လေ့လာသိရှိရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံလည်းဖြစ် Logistic ပိုင်း တွင်လည်း အားသာချက်များရှိသည့် တရုတ်နိုင်ငံအပြင် မြန်မာ့ ထွက်ကုန်များကို အလေးထားစိတ်ဝင်စားမှု ပိုမိုလာသည့် ဥရောပ နိုင်ငံများ၏ ဆန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ပါက အကျိုး ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။
ထို့ကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ရရှိမည့်အကျိုးရလဒ်များနှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်များကြောင့် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ စပါးမျိုးစေ့ကောင်း မွန်ရေး၊ သွင်းအားစု၊ ကြိတ် ခွဲမှုစနစ်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ခေတ်မီနည်းပညာများနဲ့ လိုက်လျောညီထွေမှုရှိခြင်း၊ သယ်ယူပို့ ဆောင်မှုစနစ်၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးကုန်ကျစရိတ် မပြည့်စုံခြင်း၊ ချေးငွေရရှိမှု မထိရောက်ခြင်းတို့အပြင် ပြည်ပ သို့ တင်ပို့ရာတွင်လည်း ဆိပ်ကမ်းဝန်ဆောင်မှု အခက်အခဲများနှင့် တချို့အစိုးရဌာနများ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်ဆောင်မှုများစသည်ဖြင့် များစွာသော စိန်ခေါ်မှုများရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့အဓိကစိုက် ပျိုးထုတ်ကုန် ဖြစ်သည့် ဆန်နှင့်ဆန်ကွဲသည် ဈေးကွက်ရှိသော ပစ္စည်းဖြစ်ပြီး ထိုဈေးကွက်ကို အခြားနိုင်ငံများနည်းတူ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် လယ်ယာထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင် ရာ သီဥတု၊ သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊ သွင်းအားစုကုန်ကျစရိတ်မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့် ရရှိရန်လိုအပ်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များမြင့်မားခြင်း၊ အရည်အသွေးမြင့်ထုတ်ကုန်များ(Value Added) ထုတ်လုပ်မှုနည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအားအပေါ်တည်မှီနေရခြင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှုစနစ်များလိုအပ်ခြင်းစသည့် အခက်အခဲများအားကျော်လွှားနို င်ရေး ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။
ရှင်မင်းအံ့ (တန့်ဆည်)