မျိုးပဲဝယ်ယူမှုများလာတဲ့ ပြည်ကုလားပဲ
နိုဝင်ဘာတတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ဆောင်းပဲသီးနှံအချို့ မျိုးပဲ များဆက်လက်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဆောင်းပဲသီးနှံဖြစ်သော မတ်ပဲ သီးနှံအစား အချို့ဒေသများတွင် ကုလားပဲသီးနှံအစားထိုး စိုက်ပျိုးလာတဲ့အတွက် မျိုးပဲသီးနံှအား ပန်းတောင်းနှင့်ရန်ကုန်-ပြည်ရထားလမ်းတစ်လျှောက် မြို့နယ်အချို့ မှလာရောက်ဝယ်ယူကြကာ အိတ် ၄၀ ကျော် ၅၀ ထိ ဝယ်ယူကြတယ်လို့ သိရပါ တယ်။ မျိုးပဲဈေးမှာတစ်တင်းကျပ် ၄၅၀၀၀ဖြစ်ပြီး ပဲခွဲစက်များမှ ဝယ်ယူသည့် ဈေးနှုန်းမှာ တစ်တင်းကျပ် ၃၉၀၀၀ရှိကာ ယခင်တစ်ပတ်ကဈေးနှုန်းထက် လျော့ နည်းသွားခဲ့တယ်လို့သိရပါတယ်။
ခင်ဆွေဝင်း