အရောင်းအဝယ် ပြည်ပပို့ကုန်တိုးမြှင့်ဖို့ "အရည်အသွေး"ထိန်းသိမ်းစို့
လူတစ်ဦးချင်းဖြစ်စေ ၊မိသားစုလိုက်ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ နောက်ဆုံးနိုင်ငံ အချင်းချင်းဖြစ်စေ ရောင်းခြင်း၊ ဝယ်ခြင်း၊ နိုင်ငံ အဆင့်ဆိုရင် တင်ပို့ခြင်း၊ တင်သွင်းခြင်းဆိုတဲ့ ရောင်းမှု၊ ဝယ်မှုဓလေ့ဟာ ဘယ်ခေတ် ဘယ်စနစ်မှာမဆိုရှိနေမယ်ဆိုတာ မလွဲတဲ့ကမ္ဘာ့အရောင်း အဝယ်နိယာမတစ်ခုပါ။ ကောင်းပြီ ကိုယ့်နိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လေတော့ လယ်ယာထွက်ကုန်သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်တယ်။ ပြည်တွင်းက စားသုံးမှုပိုလျှံတာတွေကို ပြည်ပသို့တင်ပို့ရောင်းချမယ်။ ကိုယ့်နိုင်ငံရဲ့ အပို၊သူ့နိုင်ငံရဲ့ လိုအပ်ချက်။ ထိုနည်းတူစွာ သူ့နိုင်ငံရဲ့ အပို၊ ကိုယ့်နိုင်ငံရဲ့အလို လိုအပ်ချက်အပြန်ပြန် အလှန်လှန် ရောင်းဝယ်ဖောက်ကားမှု ယခင်တုန်းကလ ည်းရှိတယ်။ ယခုလည်းရှိနေတယ်။နောက်ထပ်လည်းဆက်လက်ရှိနေမှာ မလွဲပါဘူး။ ဒီရောင်းမှု၊ ဝယ်မှုဆက်နွယ်မှုနယ်ပယ်မှာ ဘယ်ပစ္စည်းမဆို အရည်အသွေးကောင်းဖို့ဆိုတာ လူတိုင်းလိုအပ်တဲ့အရာမဟုတ်ပါလား။ ကိုယ်က၀ ယ်မယ်။ ကိုယ် ဝယ်တဲ့ပစ္စည်းကောင်းမှ၊ သန့်မှ၊ အချိန်အတွယ် ပြည့်မှ၊ အရည်အသွေးကောင်းမှ လိုချင်တယ်၊ ဝယ်ချင်တယ်။ ဒါဆိုရင် ကိုယ်ကရောင်းရင်ရော ဝယ်သူဘက်ကလည်း ကိုယ့်လိုပဲ သဘောသဘာ၀ ရှိမှာပေါ့။ အရည် အသွေးကောင်းတာကို သူလည်း ကိုယ့်လိုမက်မှာပေါ့။ ကိုယ်ချင်းစာတရား မရှိသင့်ဘူးလား။ စဉ်းစားစေချင်ပါတယ်။
စားသုံးသူရေးရာဦးစီးဌာနက ဟောပြောပွဲ တွေသွားရင် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ကိုယ်သန်ရာကို ဦးတည်ချက်ထား ပြီး၊ ဟောကြ၊ ပြောကြတယ်။ ရုံးက တပည့်မတစ်ဦးက ပြောတယ်။ ဆရာတော်တွေရဲ့ တ ရားတွေထဲမှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတဲ့ စကားပါတယ်။ ဒီစကားရဲ့အနှစ်ချုပ်မှာ ကိုယ်ကြိုက်တာ ဘာကို ဆိုလိုတာလဲဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းနားမလည်ခဲ့ဘူး။ ကြာလာမှ ကိုယ့်ကို သူတစ်ပါး လိမ်တာညာတာ ကိုယ်ကြိုက်သလား။ မကြိုက်ဘူး။ မလုပ်နဲ့။ ကိုယ့်ကို သူတစ်ပါးမဟုတ်တာလုပ်ရင် ကိုယ်မကြိုက်သလို သူတစ်ပါးလည်း ကြိုက်မှာ မဟုတ်ဘူး။ ထိုနည်းတူစွာ ကိုယ့်ကို သူတစ်ပါး လိမ်တယ်၊ ညာတယ် ဆိုတာမကြိုက်ရင် သူတစ် ပါးကို မလိမ်နဲ့မညာနဲ့။ အဲဒီတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတဲ့အဓိပ္ပာယ်ကို သဘောပေါက်လာ တယ်။ မိဘပြည်သူ၊ တောင်သူလယ်သမားတွေကို ဟောရင်း၊ ပြောရင်း ကိုယ်စိုက်ပျိုးထုတ်လုပ်တဲ့ အသီးအနှံ အစေ့အဆန်ကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ထုတ်လုပ်ဖို့ ထည့်ပြောပါတယ်။ ဒါသည်ပင်လျှင် ပြည်တွင်းကုန်သွယ်မှုအတွက် အရည်အသွေး ထိန်းသိမ်းခြင်းတစ်မျိုး မဟုတ်ပေဘူးလား။ အခုအစိုးရခေတ် တစ်နှစ်ကျော်ကာလကိုပဲ နည်းနည်းြ ပန်သုံးသပ်ကြည့်ရအောင်ပါ။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှု၊ တားမြစ်မှုတွေ ဖြေလျှော့ပေးတယ်။ ကုန်သွယ်မှု အထူးအခွင့် အရေး (GSP) တွေပေးတယ်။ ဘယ် လုပ်ငန်းရှင်၊ ဘယ်စီးပွားရေးသမား၊ ဘယ်ကုမ္ပဏီ ဘယ်လောက် တိုးတက်ပြီး၊ ဘယ်လောက်တင်ပို့ နိုင်ပြီလဲ။ ကုန်သွယ်မှုဝင်ငွေ ဘယ်လောက်များရနေပြီလဲ။ ထင်သလောက်၊ မှန်းသလောက်မရနိုင်ဘူးဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ထုတ်ပြန်တဲ့ စာရင်းဇယားအရ ပို့ကုန်၊ သွင်းကုန်ချိန် ခွင်လျှာ ဘယ်ဘက်က သာနေသလဲဆိုတာ ရှင်းရှင်းကြီး ပေါ်နေပါတယ်။ ပို့ခွင့်ပြုတယ်။ ကုန်သွယ်မှု အခွင့်အရေး အခွန်ကင်းလွတ်ခွင့် ပေးထားတယ်။ ဒါပေမယ့် သူ့နိုင်ငံရဲ့ စံချိန်စံညွှန်း၊ အရည်အသွေး ထိန်းထားတယ်။ ဒါကို အထူးဂရုစိုက်ဖို့လိုပါလိမ့်မယ်။ ဥပမာ-နိုင်ငံရဲ့ ထွက်ကုန်တွေထဲက ဥရောပက ပဲပင်ပေါက်(ပဲတီပင်ပေါက်) လိုချင်တယ်။ ကိုရီးယားက ဂျူးမြစ်လိုချင်တယ်။ ကြက်ဟင်းခါးသီး အခြောက်ဝယ်ချင်တယ်။ ကိုယ့်နိုင်ငံမှာ ပိဿာချိန်ကေ န ပေါင်ယူနစ်ပြောင်းဖို့ တော်တော်ကြိုးစား နေချိန်မှာ သူတို့က တစ်ကီလိုဘယ်လောက်၊ မက် ထရစ်တန်ချိန် ဘယ်လောက် ယူနစ်ကိုသုံးနေကြပြီ။ အလေးချိန် သတ်မှတ်ချက်ကို မီအောင်၊ ညီအောင် တော်တော် ကြိုးစားကြရပါ လိမ့်ဦးမယ်။
ကဲ... မြန်မာနိုင်ငံရဲ့ အဓိကစားကုန် ဆန်ကိုပဲ ကြည့်ရအောင်ပါ။ ကိုယ့်မိခင် တိုင်းပြည် မြန်မာပြည်ဟာ တစ်ချိန်တုန်းက အရှေ့တောင်အာရှမှာ ပြည်ပနိုင်ငံတွေကို ဆန်တန်ချိန် အများဆုံးတင်ပို့ရောင်းချခဲ့ရတဲ့ နိုင်ငံဖြစ်တ ယ်။ မြန်မာ့ဆန်ဟာလည်း တခြားတခြားသော နိုင်ငံတွေရဲ့ဆန်နဲ့ယှဉ်ရင် အရည်အသွေးကောင်းမွန်မြင့်မားခဲ့တယ်။ နိုင်ငံခြားဆန်တင်ပို့မှုမှရရှိတဲ့ နိုင်ငံခြား ဝင်ငွေဟာ နိုင်ငံအတွက် အဓိကဝင်ငွေဖြစ်ခဲ့တယ် ဆိုတာပြောရင် ဘာေ တွလဲ၊ ပုံပြင်လား ယုံတမ်း စကားလားလို့ ထင်မြင်ကြပါလိမ့်မယ်။ တကယ်ကို အရည်အသွေးမီတဲ့ အဆင့်မီတဲ့ အနေအထားမှာ စံအဖြစ်ရပ်တည်ခဲ့တာပါ။ ယခုအနေအထားကိုကြည့်ရင် ထိုင်းနိုင်ငံက ဆန်တစ်တန်ကို အမေရိက န်ဒေါ်လာ ၅၀၀ လောက်နဲ့ရောင်းနေရချိန်မှာ မြန်မာနိုင်ငံက ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၈၀ လောက်ကို အောက် ကျနောက်ကျခံပြီး လက်သိပ်ထိုးရောင်းနေကြရပါတယ်။ တရုတ်နိုင်ငံကို ဆန်ရောင်းတယ်။ ကိုယ့်ဘက် က တရားဝင်၊ သူတို့ဘက်က တရားမဝင် စဉ်း စားကြစေလိုပါတယ်။ ဒါဟာဘာကြောင့်လဲ၊ ဘာအတွက်လဲ စောစောကပြောထားခဲ့သလို "သတ်မှတ်စံချိန်စံညွှန်း"အရည်အသွေးမပြည့်ဝလို့ပါပဲ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အမှု ဆောင်အရာရှိချုပ် ဦးအောင်စန်းက ပြောတယ်။ နိုင်ငံခြားကို (Export)လုပ်တာ "ဧည့်မထ" ဆန်ကပဲ ဒုက္ခပေးတယ်။ ဆန်အရည်အသွေးမမီဘူးဆိုပြီး ဈေးနှိမ်ခံရတယ်။ ရောင်းလို့မရဘူး "နိုင်ငံတကာမှာ စပါးကိုအုပ်စုနဲ့ခေါ် တာမရှိဘူး။ ဧည့်မထလို့ မခေါ်ဘူး"စပါးနာမည်နဲ့ခေါ်တယ်။ ဥပမာ-ထိုင်း နိုင်ငံကိုကြည့် စပယ်ဆန်မွှေး(၁)(၂)(၃)လို့ခေါ် တယ်။ ဗီယက်နမ်လည်း ဒီလိုပဲခေါ်တယ်။ (Trade Matter) စပါးနာမည်နဲ့ခေါ်တယ်။ ကျွန်တော်တို့က ဧည့် မထ (ဆန်အရည်အသွေးအရသာ ကောင်း လွန်းလို့ လာတဲ့ဧည့်သည် မထနိုင်အောင်စားလို့ ဧည့်မထလို့တင်စားခေါ်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်)။ အမှန်က ဧည့်မထဆန်ဆိုတာမရှိဘူး။ ရွှေဝါထွန်း၊ သီးထပ်ရင်၊ ဆင်းသွယ်လ တ်၊ ဆင်း သုခ၊ မနောသုခ အမျိုးပေါင်း ၁၀၀ ကျော်တယ်။ ဒါတွေကိုပေါင်းပြီး ဧည့်မထလို့ခေါ်တာ။ စဉ်းစားကြည့် ။ ပြည်တွင်းမှာ စားသုံးတာ ပြဿနာမရှိဘူး။ ဒါပေမယ့် နိုင်ငံခြားပို့တဲ့အခါကျတော့ နမူနာကို ကွန်ပျူတာနဲ့ စစ်တ ယ်။ အလုံးညီညာမှုမရှိသလို ဆန်သားအပျော့အမာ ပါဝင်မှုဆိုတဲ့ဓာတ် မညီ ညာဘူး။ ဒါကြောင့် ပြည်ပကို တင်ပို့တဲ့အခါမှာ ဈေးနှိမ်ခံရတယ်။ အရောင်းအဝယ် မဖြစ်ဘူးဆိုတဲ့ ပြဿနာတွေပေါ်လာတယ်။ ဥပမာ-ဆင်းသွယ်လတ် နဲ့ ရွှေဝါထွန်း ဧည့်မထချင်းတူတယ်လို့ ပြည်တွင်းမှာ သတ်မှတ်ပေမယ့် အလုံးညီညာမှု မတူဘူးဆိုတာရှိတော့ ဈေးနှိမ်ခံရတာ ဘာဆန်းသလဲ။ ဒီလိုလိုအပ်ချက်တွေကို ပြုပြင်လို့မရနိုင်ဘူးလား။ အစိုးရရယ်၊ ရောင်းဝယ်ဖောက်ကား တင်ပို့တင်သွင်းသူရယ်၊ စိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမားရယ် သုံးနားညီ လုပ်ရင် မအောင်မြင်စရာဘာမှမရှိဘူး။ ဥပမာ- ကိုယ့်အိမ်နီးချင်း ထိုင်းနိုင်ငံတစ်နိုင်ငံလောက်ကို ပဲကြည့်ရအောင်ပါ။ စပါးစိုက်ရင် တစ်ကွင်းတည်း၊ တစ် စပ်တည်း၊ တစ်မျိုးတည်းကို စိုက်တယ်။ မြေ ညီရမယ် ရေသွင်းမြောင်း၊ ရေထုတ်မြောင်းတွေ ရှိရ မယ်။ ကုန်ထုတ်လမ်းပါရမယ်။ ပြီးတော့ ကန်ဇင်း (ကန်သင်း) ပျောက်ရမယ်။
ဒီမှာက ကိုယ့်မြေ၊ ကိုယ့်လယ်သိသာအောင် ခြားထားတဲ့ ကန်သင်း၊ ဟိုဘက်များတယ်၊ ဒီဘက် များတယ် ငြင်းနေကြတုန်း။ ကန်သင်းမှာ စိုက်ထားတဲ့ ငှက်ပျောပင် အတက်ပွားရင်တောင် သူ့ လယ်ဘက်၊ ကိုယ့်လယ်ဘ က် ငြင်းနေကြတုန်း၊ ကုန်ထုတ်လမ်းဖောက်ရင် သူမြေကျများတယ်၊ သူများမြေကျတော့နည်းတယ်။ ငြင်းခုံနေကြတုန်း။ တချို့တရားရုံးရောက်၊ ဘာရောက်ပြဿနာတွေ ဖြစ်နေကြတုန်း။ နောက် "မျိုး"။ တောင်သူလယ်သမားက မျိုးကို ကိုယ့်ဘာသာစုတယ်။ ရှိတဲ့လယ် မြေဆက်စပ်တဲ့နေရာ ခုနက ဧည့်မထစိုက်တယ်။ ကိုယ့်လယ်က "မနောသုခ" ၊ ကပ်လျက်က "ရွှေဝါထွန်း"၊ ဟိုဘက်လယ်က "ဆင်းသုခ" စိုက်တယ်။ သစ်ပင်တို့ရဲ့ သဘာ၀ ဝတ်မှုံကူး တ ယ်။ လေနဲ့ကူး ကူး၊ ပျားနဲ့ကူးကူးဘယ်လိုနည်းနဲ့ ဝတ်မှုံကူးကူး သန့်နိုင်ပါ့မလား၊ စစ်နိုင်ပါ့မလား။ လေ့လာမိသလောက် ထိုင်းမှာလယ်သမား တွေ မျိုးမခံရဘူး၊ မျိုးမချန်ရဘူး၊ ဝမ်းစာမချန်ရ ဘူး။ "မျိုးကိစ္စ" နိုင်ငံတော်နဲ့ ဆိုင် တယ် ။နိုင်ငံတော် က လုပ်ပေးတယ်။ စိုက်ချိန်ပျိုးချိန်ကျရင် ဒီနေရာ တစ်ဆက်တည်းရှိတဲ့ လယ်ကွင်းအားလုံး တစ်ညီ တစ်ညွတ်တည်း တစ်မျိုးတည်းစိုက်တာ "မျိုးစေ့ ဘဏ်" တွေကနေ စနစ်တကျ ထုတ်ပေးတာ။ ဒီလို အချိန်မှာ ကိုယ် ကြိုက်တဲ့စပါးမျိုး ကိုယ့်ဟာကိုယ် စိုက်ရင် အစိုးရကိုတင်ပြပြီး တရားစွဲတယ်။ ဒါတွေ အထိလုပ်တယ်။ တစ်ကွင်းတည်း၊ တစ်ဆက်တည်း၊ တစ်မျိုးတည်း စိုက်တယ်။ ဒီလယ်ယာကွက်က ဘာမျိုးစပါး၊ တင်းဘယ်လောက် ထွက်တ ယ်။ ဒါဆိုဆန်တန်ချိန်ဘယ်လောက်ရမယ်။ ထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှုတွက်တယ်။ ဘယ်လောက် လက် ကျန်ထားမယ်၊ နိုင်ငံခြားကို ဘယ်လောက်တင်ပို့မယ်။ တစ်ခါတည်း အဖြေထွက်တယ်။ ကမ္ဘာ့ဆန် ဈေးကျတယ်မကိုက်ဘူး။ စပါးအတိုင်း လှောင် မလား။ ဆန်ကြိတ်ပြီးမှ လှောင်မလား။ ဘယ်လောက်စနစ်ကျသလဲ။ ဒီအဆင့်ကို ရောက်ကို ရောက်ရမှာ။ ဖြစ်အောင် လုပ်ကြရမှာ။ ဒါမှလည်း ထွက်လာတဲ့စပါး၊ ဆန်ဟာ အရည်အသွေးကောင်း တဲ့ဆန်ဖြစ် မယ်။ ဘယ်လောက်အရှည်ထွက်မလဲ။ ခုနစ်မီလီမီတာ လုံးပတ်ကရော ဆန်ကို ထမင်းချက် ရင် ရှည်ထွက်လာမှု၊ ပွလာမှု ၊ ဆန်သားဆန့်ထွက်မှု နှစ်ဆဖြစ်ရမယ်။ ဆန်သား ကြည်လင်တောက်ပ ရမယ်။ ဗိုက်ဖြူ မြေဖြူရောင် မဖြစ် ရဘူး။ အကျိုး အကျေနည်းမယ်။ ထိပ်မပြတ်ရဘူး။ ဒီလို သတ် မှတ်တဲ့ အရည်အသွေးကောင်းနေရင် သူတစ်ပါး နိုင်ငံနဲ့လည်း ယှဉ်နိုင်ပြိုင်နိုင်တယ်။ ဈေးနှိမ်တာ မခံရဘူး။ ဒီလိုအရည်အသွေးကို ထိန်းနိုင်တဲ့ အဆင့်ကိုရောက်ေ အာင် လုပ်နိုင်ရမှာ။ ဒီတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားဝင်ငွေရအောင် တစ်နည်း ပြည်ပပို့ကုန် တိုးမြှင့်နိုင်အောင် အစိုးရ၊ ရောင်းသူ၊ဝယ်သူ၊ တင်ပို့တင်သွင်းရောင်းချသူ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမား ဘက် ပေါင်း စုံ ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါက ဆန်စပါး အဓိကထား စိုက်ပျိုးထုတ်လုပ်မှု တစ်ခုကိုပဲ သိသာစွာတင်ပြတာပါ။ ဒါ့အပြင် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ သူ့နေရာ သူ့သဘာဝနဲ့ ကိုက်ညီတဲ့ သီးနှံတွေကို စနစ်တကျ စိုက်ပျိုး ထု တ်လုပ်ထွက်ရှိ သိုလှောင်မှုတွေဆိုတာ အားလုံးကိုလုပ်ရ မှာဖြစ် ပါတယ်။ဒီနေရာမှာ အစိုးရဘက်က တာဝန်ယူရမယ့် အပိုင်း၊ စိုက်ပျိုးထုတ်လုပ်သူက စနစ်တကျ အရည် အသွေးကောင်းအောင် သေသေချာချာ လုပ်တတ် ကြဖို့၊ ရောင်းသူ၊ ဝယ်သူ၊ တင်ပို့သူများကလည်း သယ်ယူသိုလှောင် တင်ပို့ရာမှာ စနစ်တကျ အရည်အသွေးမကျဆင်းအောင် ထိန်းသိမ်းသိုလှောင်ဖို့ ဒီလိုဘက်စုံညီအောင် ကြိုးစားကြမယ်ဆိုရင် အရောင်းအဝယ်လုပ်ရာမှာ ဈေးနှိမ်ခံရ တဲ့ အရောင်း အဝယ်မဖြစ်မှုဆိုတဲ့ "အရည်အသွေး" ပိုင်းဆိုင် ရာကို ထိန်းသိမ်းကြမယ်ဆိုရင် "သား ရွှေအိုးထမ်းလာတဲ့" ကိန်းဆိုက်ရောက်မှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့တတွေ ပူးပေါင်း၊ ပေါင်းစပ်ကြပြီး ဘက်ပေါင်းစုံက ြ ကိုးစားလုပ် ဆောင်ကြရင် အရောင်းအဝယ်ပြည်ပပို့ကုန်တိုး မြှင့်ဖို့ "အရည်အသွေးကို ထိန်းသိမ်းစို့ " လို့ ကြွေးကြော်ကြရအောင်ပါ---။
မြင့်ဦး (ပခုက္ကူ)