ပြည်မြေပဲဆန် ဈေးဆက်လက်မြင့်တက်

         ယခုတစ်ပတ်ပြည်ဈေးကွက်တွင် မြေပဲဆန်အသစ်ဈေး ဆက်လက် မြင့်တက်လာတာ တွေ့ရပါတယ်။ မြေပဲ ဆန်အသစ်များကို ရွှေတောင်၊ ဝက်ထီး ကန်နဲ့ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ တစ်နေ့လျှင် အိတ် ၅၀၀ ခန့် ဝင် ရောက်လာတာ တွေ့ရပါတယ်။ ရန်ကုန် ဘက်မှ ဆီဆန်အသစ်နဲ့ လုံးဆန်အသစ် ကို အဝယ်ရှိသဖြင့် ဈေးမြင့်လာတာတွေ့ ရပါတယ်။ မြို့တွင်းဆီစက်များက မြေပဲ ဆန်အ ဟောင်းများကို ဝယ်ယူ ဆီကြိတ် နေတာဖြစ်ပေ မယ့် ေြ မပဲဆီဈေးမတက် ဘဲဈေးငြိမ် နေတာတွေ့ရပါတယ်။ ယခု တစ်ပတ်မြေပဲဆန်ဈေးမှာ ဆီဆန် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၊ လုံးဆန် အသစ်တစ်ပိဿာလျှင် ကျပ် ၂၅၀၀နဲ့ လုံးဆန်အဟောင်း တစ်ပိဿာလျှင် ကျပ် ၂၁၀၀ ဖြင့် တစ်နေ့လျှင် မြေပဲ ဆန်အိတ် ၄၀၀ ခန့် အရောင်း အဝယ် ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၂၀၀ ဖြင့်ဈေး ငြိမ်နေတာတွေ့ရပါတယ်။

 

ဝေေ၀မင်း