မြန်မာ့ဆန်စပါးဈေးကွက်အလားအလာနှင့် စိန်ခေါ်မှုများ
ဆန်စပါးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော သီးနှံဖြစ်သလို အဓိကစိုက်ပျိုးသော သီးနှံလည်းဖြစ်ပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းများတွင် ဆန်စပါးသည် နိုင်ငံ ၏ အရေးအကြီးဆုံး စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ နိုင်ငံသားတို့၏ အဓိကအစားအစာ (Staple Food) ဖြစ်သည့်အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သက်ဆိုင်ေ နခြင်းကြောင့် ဆန်စပါးကို နိုင်ငံရေးသီးနှံ (Political Crop) ဟုလည်း ခေါ်ဆိုပါတယ်။ မြန်မာ့ဆန်စပါးဈေးကွက်ကို ပြန်လည်သုံးသပ်ရာတွင် ၂၀ဝ၃ ခုနှစ်အထိ နိုင်ငံပိုင်အဖွဲ့အ စည်း ဖြစ်သည့် (မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး) ကိုသာ တင်ပို့ခွင့်ပြုခဲ့သည်ကို တွေ့ရှိရ ပါတယ်။ ၂၀ဝ၃ ခုနှစ် နောက်ပိုင်းမှာ ဆန်စပါးမူဝါဒချမှတ်ခဲ့ပြီးနောက် ဆန်စပါးအထူးပြု ကုမ္ပဏီများကို ၂၀ဝ၈ ခုနှစ် မတိုင်မီကာလအထိ ပြည်ပဈေးကွက်သို့ ဆန်တင်ပို့ရောင်းချခွင့်ပြုခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ် မှ ၂၀၁၀ ခုနှစ်အထိ အခြားပုဂ္ဂလိက ကုမ္ပဏီများကိုပါ ခွဲတမ်းစနစ်နဲ့ တင်ပို့ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာတော့ ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ဒေသတို့မှ နိုင်ငံခြားငွေရှိသည့် မည်သည့် ကုမ္ပဏီမဆို တင်ပို့ခွင့်ပြုခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။
၂၀ဝ၃ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အတွင်း ဆန်ပြည်ပတင်ပို့ရာမှာ အဓိကအားဖြင့် ဘင်္ဂလားဒေရှ့်၊ ဖိလစ်ပိုင်၊ အာဆီယံနှင့် အာဖရိက ဈေးကွက်များသို့ အများဆုံးတင်ပို့ခဲ့ပါတ ယ်။ ၂၀ဝ၈ ခုနှစ် နောက်ပိုင်း မှာ ရုရှားနဲ့ အရှေ့အလယ်ပိုင်းဈေးကွက်များသို့ ထပ်မံတိုးချဲ့ တင်ပို့ လာနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ နယ်စပ်ဒေသမှ တင်ပို့ရာမှာ တရုတ် နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ခဲ့ပြီး ဥရောပသမဂ္ဂ (အီးယူ) က ၂၀၁၂ ခုနှစ်မှာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း ဥရောပဈေးကွက် သို့ပါ ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါ တယ်။ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စိုက်ဧရိယာ (ဟက်တာ) ၇ ဒသမ ၂၁ သန်း ရှိပြီး အထွက်နှုန်းမှာ ၃ ဒသမ ၉၁ မက်ထ ရစ်တန်ထွက်ရှိသဖြင့် စုစု ပေါင်းထွက်ရှိမှုမှာ မက်ထရစ်တန် ၁၂ ဒသမ ၂၀ သန်း ခန့်ထွက်ရှိ ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ အောက်တိုဘာလအထိ စိုက် ဧရိယာ (ဟက် တာ) မှာ ၇ ဒသမ ၅၂ သန်းဖြစ်ပြီး လက်ရှိကာလမှာ မိုးစပါး စတင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စိုက်ဧရိယာ (ဟက်တာ)မှာ ၇ ဒသမ ၆၇ သန်းဖြစ်ပြီး အထွက်နှုန်းမှာ ၅ ဒသမ ၇၂ မက်ထရစ် တန်ရှိသဖြင့် စုစုပေါင်းထွက်ရှိမှုမှာ မက်ထရစ် တန် ၂၈ ဒသမ ၁၇ သန်းထွက်ရှိကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ အထိစိုက်ဧရိယာ(ဟက်တာ) မှာ ၇ ဒသမ ၆၉ သန်းဖြစ်ပြီး အထွက် နှုန်းမှာ ၅ ဒသမ ၇၈ မက်ထရစ်တန်ရှိသဖြင့် စုစုပေါင်းထွက်ရှိမှုမှာ ၂၇ ဒသမ ၄၆ သန်းဖြစ်ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံထက် စိုက်ဧရိယာ များစွာကွာခြားမှုမရှိသော ဗီယက်နမ်နိုင်ငံ၏ ကြိတ်ခွဲပြီး ဆန်ထွက်ရှိမှု ပမာဏသည် မြန်မာနိုင်ငံ ဆန်ထွက်ရှိမှုထက် နှစ်ဆကျော်ခန့် ပိုမို များပြားနေကြောင်း တွေ့ရှိရ ပါတယ်။ မြန်မာနိုင်ငံတွင် ကြိတ်ခွဲပြီးဆန်ထွက်ရှိမှု ဆန်တန်ချိန် ၁၂ ခန့်မှ ပြည်ပတင်ပို့မှုမှာ ဆန်နှင့် ဆန်ကွဲတင်ပို့မှု ပမာဏ ပေါင်းပါက ခန့်မှန်း ၁ ဒသမ ၅ သန်းခန့်သာရှိသဖြင့် ထွက်ရှိမှု ပမာဏ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းသာ ပြည်ပဈေးကွက်သို့ ရောက်ရှိကြောင်း၊ ပြည်တွင်း စားသုံးသူဈေးကွက်သည် အကြီးမားဆုံး ဈေး ကွက် ဖြစ်နေ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးကို ပြည်တွင်း ဈေးကွက်သို့ ပိုမိုတင်ပို့ရန်အတွက် အထွက်နှုန်းတိုးအောင် ပိုမို ဆောင်ရွက်သင့် ကြောင်း တွေ့ရှိရပါတယ်။
ပြည်တွင်း ဆန်စပါးဈေးကွက်အခြေအနေကို ကြည့်ပါက ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွင် နှစ်နှစ် ဆက်တိုက် ရေကြီးရေလျှံမှု ကြောင့် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့သည့် အပြ င် လယ်ယာလုပ်သား ရှားပါးခြင်း၊ သွင်းအားစုများဖြစ်သော မြေဩဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းများကြီးမြင့်ခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာ တဲ့ အတွက် ပြည်တွင်းစပါး ဈေးနှုန်းအပါအဝင် ဆန် ဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ဖော်ပြပါ ဘဏ္ဍာ နှစ်အလိုက် ဆန်တင်ပို့မှု ကိန်းဂဏန်းများအရ ၂၀၁၅-၂၀၁၆ ဘ ဏ္ဍာနှစ် ဆန်တင်ပို့မှုမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက၂၉၆၆၅၆ မက်ထရစ်တန်လျော့နည်းပြီး၊ ဆန်ကွဲတင်ပို့မှုမှာလည်း ၅၀၆၈၇ မက်ထရစ်တန်လျော့နည်းခဲ့ကြော င်း တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပသို့ ဆန်တင်ပို့ရာမှာ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံသို့သာ အဓိကထားပြီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာမှာ ခွဲ တမ်းရရှိတဲ့ ပမာဏကို သာတရားဝင်တင်ပို့ရပြီး မိမိဘက်မှ တရားဝင်တင်ပို့နေသော်လည်း တစ်ဖက်တရုတ်နိုင်ငံမှာတော့ တရားမဝင်သွားလာနေရတာ ဖြစ်ပါတယ်။ မူဆယ် ေ ဈးကွက်မှ တရုတ်နိုင်ငံသို့ တင်ပို့ရတဲ့အကြောင်းမှာ တရုတ်နိုင်ငံသည် ဆန်အမျိုးအစား အရည်အသွေးမရွေးဝယ်ယူခြင်း၊ ဝယ်ယူရာမှာလည်း ကမ္ဘာ့ဈေးကွက်ပေါက်ဈေးထက် ေ ဈးပိုမိုရခြင်း ကြောင့် အခြားနိုင်ငံများသို့ တင်ပို့တာထက်စာရင် ပိုမိုတွက်ခြေ ကိုက်ခြင်းကြောင့် တရုတ်ဈေးကွက်သို့ အဓိကထားတင်ပို့နေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်မှာ ဇွန်လဆန်းကစပြီး တရားမဝင် ကုန်သွယ် မှု တားဆီးရေးစီမံချက်ဖြင့် ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်ခြင်း၊ တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းခြင်း၊ရွှေလီမြစ်ရေကြီးခြင်းများ ကြော င့် ကုန်သည်များအနေနဲ့ ဆန်တင်ပို့ရာမှာအခက်အခဲများ ဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးမှုကာလကြာရှည်၍ မူဆယ်ဈေးကွက်မှ ဆန်တင်ပို့မှု လျော့နည်းသွားခြင်းကြောင့် ကုန်သည်များ လက်ဝယ်တွင် ဆန်ဟောင်းလက်ကျန် အများအပြားကျန်ရှိနေကြောင်းသိရှိရပါတယ်။ ယခုအခါ တိုင်းဒေသကြီးအချို့တွင်၂၀၁၆-၂၀၁၇ ခုနှစ် ကောက်စောစပါးများစတင်ထွက် ေ ပါ်နေပြီဖြစ်ရာ စပါးဈေးနှုန်းများ ကျဆင်းနေပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်သာသာရရှိသည့် အနေအထားမှာရှိနေကြောင်း သိရှိရပါတယ်။ စပါးရိတ်သိမ်းကာလသည် ယခင်ကဲ့သို့ မဟုတ်ဘဲ လုပ်သားရှားပါးမှုပြဿနာအပေါ် အခြေခံပြီး စက်မှုဘက်သို့ ပြောင်းလာသဖြင့် ရိတ်သိမ်းချိန်သည် ယခင်ကကဲ့သို့ နှစ်လကျော်မကြာဘဲ အလွန်တိုတောင်းကြောင်း၊ ဤ ကာလအတွင်း မိုးမပြတ်သဖြင့် တောင်သူများ၏ စက်ေြွခစပါးများသည် အစိုဓာတ်မြင့်ပြီး ဈေးလျော့နည်းရခြင်းဖြစ်ကြောင်း၊ ရေရှည်တွင် စပါးဈေးဆက်လက်ကျဆင်း ပါက ေ တာင်သူများ အခက်အခဲ ဖြစ်နိုင်ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံ၏ စပါးဈေးနှုန်းကျဆင်းမှု၊ ဆန်ရောင်းအားကျဆင်းမှု အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ လက်ရှိဆန်စပါး ဈေးနှုန်းဈေးကွက်အခြေအနေ၊ ကမ္ဘာ့ဆန်စ ပါးဈေးကွက် နှင့် မြန်မာ့ဆန်စပါးရောင်းဝယ်မှု အလားအလာများနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီးရုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ ေ ဆွးနွေး ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွား ရေးဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၊ မြန် မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင် များအသင်း၊ မူဆယ်ကုန်သည်အသင်းတို့မှ ပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင် များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီး အဓိကအားဖြင့် ပြည်တွင်း စပါးဈေးကျဆင်းမှုကို ချက်ချင်း ကုစား နိုင်ရန်အတွက် စပါးကို ကြိတ်ခွဲခြင်းမပြုဘဲ စပါးအတိုင်းသာ အချိန် အကန့်အသတ်နဲ့ ပြည်ပတင်ပို့နိုင်ရေးကိုလည်း ဆွေးနွေး ညှိနှိုင်းခဲ့ကြ တယ်လို့ သိရှိရပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်း မြို့နယ်မှ စိုက်ပျိုးထွက်ရှိသည့် ဒေသစားသုံးမှုမှ ပိုလျှံသည့် ကောက်ညှင်းစပါးများကို နိုင် ငံေ\တာ်၏ လမ်းညွှန်မှုကိုခံယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စိုက်၊ အောင်၊ ထွက်၊ ပိုလျှံထောက်ခံချက်ဖြင့် စပါးအတိုင်း တင်ပို့ခဲ့ တာရှိပါတယ်။ ဒါ့အပြင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်နဲ့ ပုလဲသွယ် စပါးများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၂၆ သန်း တန်ဖိုးရှိ ပုလဲသွယ်စပါး တန်ချိန် ၂၄၀၇၆ တန်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၃ သန်း တန်ဖိုးရှိ ပုလဲသွယ်စပါး တန်ချိန် ၅၀ဝ တန်ကို စပါးအတိုင်း တင်ပို့ခဲ့ပါတယ်။ အလားတူ ရခိုင်ပြည်နယ် မောင်တောကုန်သွယ်ရေး စခန်းမှလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၂၀ဝ၄-၂၀ဝ၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၆၈ သန်း တန်ဖိုးရှိ ပုလဲသွယ်စပါး တန်ချိန် ၂၆၀ဝ၀ တို့ကို တင်ပို့ခဲ့ပါတယ်။
စပါးအတိုင်း ပြည်ပသို့ တင်ပို့ခြင်းဖြင့် ထုတ်လုပ်သည့်နေရာ၊ စိုက်ကွင်း၊ လယ်ကွင်းများမှ ထွက်ရှိသော စပါးအား ဈေးကွက်သို့ တိုက်ရိုက်တင်ပို့နိုင်ခြင်း၊ ဆန်စက်များသို့ ပို့ဆောင်ခ၊ ကြိတ်ခွဲခ၊ ဆန်စက်မှ ပြန်လည်သယ်ယူခများ သက်သာခြင်း၊ စပါးသည် ဆန်ထက် ကြာရှည်စွာ သိုလှောင်ထားနိုင်သဖြင့် ရေရှည်သိုလှောင် နိုင်ခြင်းစသည့် အကျိုးေ ကျးဇူးများ ရရှိနိုင်ပါတယ်။ ပြည်ပသို့ စပါးအတိုင်းတင်ပို့သည်ဆိုစေကာမူ လက်ရှိ တင်ပို့နေသည့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသမှ တင်ပို့နေ သည့် ဆန်ဈေးကွက်အား ဆက်လက်ထိန်းသိမ်းထားရှိရန် လိုအပ်ပါ တယ်။ ဆန်စပါးအား ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့ရာတွင် ပြည်တွင်း စားသုံးမှုအား မထိခိုက်စေရေးအတွက် စပါးစိုက်ပျိုးသော အြ ခား နိုင်ငံများကဲ့သို့ အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ လက်ရှိစပါးဈေးကွက် အခြေအနေအရ စပါးဈေးကျနေတဲ့အတွက် လယ် သ မားများ တွက်ချေကိုက်မှုရှိအောင် စပါးအတိုင်း တင်ပို့ပါကအတိုင်းအတာတစ်ခုအထိ ဈေးတက်လာနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းရှိဆန်စက်များ၏ လည်ပတ်မှုကိုလည်း မထိခို က်စေ ရေးအတွက် ပြည်ပသို့ စပါးအတိုင်း အချိန်ကာလတစ်ခု သတ်မှတ် တင်ပို့သင့်ကြောင်း သုံးသပ်ပါတယ်။
ဆန်စပါးေ ဈးနှုန်းတည်ငြိမ်ရေး၊ စပါးစိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် သင့်တင့်သော အကျိုးအမြတ်ရရှိရေး၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့ ကျအောင် ဆောင်ရွက် ရေး၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များ လျော့ကျအောင် ဆောင်ရွက်ရေး၊ သွင်းအားစု ပစ္စည်းများ ဈေးနှုန်းသက်သာအောင်ဆောင်ရွက်ရေး၊ အထွက်နှု န်းတိုးရေး၊ ပြည်ပဈေးကွက်တွင် နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် စိုက်ပျိုးရေး၊ စိုက်ပျိုးထားသည့် စပါးအထွက်နှုန်း ပိုမိုထွက်ရှိရေး၊ ထွက်ရှိလာသည့် စပါးများအား အရည်အသွေးကောင်းမွန်သည့် ဆန်ထွက်ရှိရေးအတွက် ခေတ်မီဆန်စက်များနှင့် ကြိတ်ခွဲရေး၊ ကြိတ်ခွဲထွက်ရှိလာသည့် ဆန်များအား နိုင်ငံတကာ သတ်မှတ်ချ က်နှင့်အညီ သိုလှောင်ထားရှိရေး၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်အပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းသက်သာစွာနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးတို့ကို သက် ဆိုင်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အသင်း အဖွဲ့များ၊ တောင်သူများအပါအဝင် Supply Chain တစ်လျှောက်လုံး ဟန်ချက်ညီဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွ က်နိုင်ရေးအတွက် နိုင်ငံတော်၏ လမ်းညွှန်မှု၊ စီမံခန့်ခွဲမှု၊ ကဏ္ဍအလိုက် တိကျစွာ တာဝန်ပေးအပ်မှုတို့နှင့် အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မကြာမီကာလမှာ မြန်မာ့ဆန် ဟာ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှာ ဖြစ်တဲ့အကြောင်း သုံးသပ် ရေးသားလိုက်ပါတယ်။
DOT (Export)