အစုရှယ်ယာဈေးနှုန်းအသီးသီး အနည်းငယ်စီမြင့်တက်

       ယခုတစ်ပတ်တွင် YSX ၌ ရောင်းဝယ်လျက်ရှိသည့် စတော့ရှယ် ယာအသီးသီး၏ ဈေးနှုန်းများ အနည်း ငယ်စီ မြင့်တက်ခဲ့ကြောင်း YSX   ၏သတင်းထုတ်ပြန်ချက်များအရ  သိရ သည်။ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်မှုမှာ FMI ၏ အစုရှယ်ယာ များသာ လျှင် ဈေးကွက်အတွင်း ပမာဏအများဆုံး  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျန်အစုရှယ်ယာများမှာ အနည်းငယ်သာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။ယခုရက်ပိုင်းတွင် ငွေလဲနှုန်းများ မြင့်တက်လျက်ရှိသဖြင့် ရှယ်ယာဈေး နှုန်းများ မြင့်  တက်ရခြင်းဖြစ်သည်ဟု ဆို သည်။
       MTSH နှင့် FMI  တို့၏ရှယ်ယာ များမှာ ကျပ်တစ်ထောင်စီမြင့်တက်ခဲ့ ပြီး MCB ၏ရှယ်ယာမှာကျပ်နှစ်ထောင် မြင့်တက်ခဲ့ကြောင်း သိရသည်။ယခုရက်ပိုင်းအတွင်း FIB(ပထမပုဂ္ဂလိကဘဏ်)သည်YSX  သို့ စာရင်း  ဝင်တော့မည်ဖြစ်သည်ဟု သတင်း များ ထွက်ပေါ်လာခဲ့သည်။

 

မယ်သီတာ