အစုရှယ်ယာဈေးနှုန်းများ ဈေးအတက်အကျအနည်းငယ်သာရှိ

       ယခုတစ်ပတ်တွင် အစုရှယ်ယာ ဈေးနှုန်းများသည် ဈေးအတက်အကျ အနည်းငယ်ဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ FMI, MTSH တို့၏ရှယ်ယာဈေး နှုန်းများမှာ အတက်အကျ ကျပ် ၁၀၀၀ ခန့်သာရှိေ သာ်လည်း MCB ၏ ရှယ်ယာ ဈေးနှုန်းမှာ နေ့စဉ်အတက်အကျ ကျပ် နှစ်ရာခန့်သာရှိကြောင်း YSX ၏သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ ရှယ်ယာဈေးနှုန်း အတက်အကျ အနည်းငယ်သာ ရှိသော်လည်းအရောင်း အဝယ်ဖြ စ်မှုမှာ  နေ့စဉ်လေးထောင် ကျော်မှ ကိုးထောင်ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
      ယခုတစ်ပတ်တွင် အရောင်းအဝယ် အများဆုံးဖြစ်သည့်နေ့မှာ စက်တင်ဘာ ၂၉ ရက်က ရှယ်ယာပမာဏ ၉၀၃၃ စု အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ MTSH ကုမ္ပဏီသည် စက်တင်ဘာ ၃၀ ရက်တွင် အစုရှယ်ယာ များကို သာမန်အစုရှယ်ယာတစ်စုအား ဆယ်စု အဖြစ်သို့   ပြောင်းလဲလိုက်သည့် ကြေညာစာတစ်ရပ်ကို ထုတ်ပြန်ကြေ ညာခဲ့ကြောင်း သိရသည်။

 

မယ်သီတာ