ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များ စပေါ်

      ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မိုးနှမ်းနီအသစ်များကို မြန်အောင်နှင့် နတ်တလင်းဘက်မှ တစ်နေ့လျှင် အိတ် ၁၀၀ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဝင်ရောက်လာတဲ့ နှမ်းမှာ နှမ်းနက်များဖြစ်သဖြင့်  အောင်လံဘက်မှ စမုံနက်နှမ်း ဈေး အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဈေးမှာ အသစ်ရော အဟောင်းပါ ဈေးတူနေတာ တွေ့ရပါတယ်။  ယခုတစ် ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ၂၆၆၀၀ ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၃၃၀၀၀ ကျပ် ဖြင့် ယခင်တစ်ပတ်က အတိုင်း ဈေးငြိမ်နေပြီး စမုံနက် နှမ်းတစ်တင်းလျှင် ၅၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဆီဈေး ကတော့ ယခင်တစ်ပတ်အတိုင်း တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့် ဈေး ငြိမ်နေတာ တွေ့ရပါတယ်။

 

ဝေေ၀မင်း