ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာပြန်

Fri, 06/23/2017 - 03:33 -- admin_ygn

        ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကာ ကျပ် ၉၁၂၀၀၀ သို့ ရောက် ရှိခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်က ကျပ် ၉၁၄၀၀၀ ဖြင့် အမြင့်ဆုံးေ ဈးနှုန်းအဖြစ် ရပ်တည်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်မလာသော်လည်း အမေရိကန်ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တ က်မလာပေမယ့် အမေရိကန်ဒေါ်လာရဲ့ ရည်ညွှန်း ငွေလဲနှုန်းက မြင့်တက်လာတယ်။ အဲဒါကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်လာရတာပါ။ ကမ္ဘာ့ရွှေဈေးက တက်လိုက်ကျလိုက်ဖြစ်နေတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး အတက်အကျဖြစ်နေတာပါ"ဟု ရွှေကုန်သည်ဦးစံမြင့်ကဆိုသည်။
       ပြည်တွင်းရွှေဈေးသည် ဇွန် ၁၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၀၈၅၀၀ ရှိခဲ့ရာမှ ဇွန် ၁၄ ရက်တွင် ကျပ် ၉၁၂၀၀၀ သို့ မြင့်တက်ခဲ့သည်။ သို့သော် ဇွန် ၁၇ ရက်တွင် ကျပ် ၉၁၁၀၀၀ သို့ အနည်းငယ် ပြန်လ ည် ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၁၂ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၈ ရှိခဲ့ရာမှ ဇွန် ၁၅ ရက်တွင် ၁၂၆၆ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ ဇွန် ၁၇ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၅၄ သို့ ဆက်လ က်ကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages