ပြည်တွင်းငွေလဲနှုန်းများ ငြိမ်သက်လျက်ရှိ

Fri, 04/07/2017 - 07:04 -- admin_ygn

          ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ငြိမ်သက်လျက်ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ငြိမ် သက် လျက်ရှိသော်လည်း  အရောင်းအဝယ်မှာမူ ပုံမှန်အတိုင်းဖြစ်နေကြောင်း သိရသည်။ "ဒီတစ်ပတ်မှာ ဈေးကျလာတယ်။ ဈေးကျပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းပဲရှိနေပါတယ်။ လာမယ့် တစ်ပတ်ဆိုရင်တော့ သြင်္ကန်နား နီးလာတဲ့ အတွက် အရောင်းအဝယ် ကျသွားနိုင်သလို ဈေးလည်း ကျဆင်းသွားနိုင်တယ်လို့ ထင်ပါတယ်။ အခုရက်ပိုင်းမှာတော့ ဈေးက ငြိမ်နေပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းပဲရှိနေပါတယ်"ဟု ဈေးကွက် အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုတစ်ပတ်တွင် ငွေလဲစင်တာများ၌ မတ် ၂၈ ရက်က ရောင်းဈေး ၁၃၅၉ ကျပ်၊ ဝယ်ဈေး ၁၃၅၆ကျပ်ရှိခဲ့ပြီး မတ် ၃၁ ရက်တွင် ရောင်းဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၆ ကျပ်ရှိခဲ့ကြောင်း သိရသည်။

 

မယ်သီတာ

Local Trade News

Pages