စင်ကာပူနိုင်ငံတွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရန် လက်ကိုင်ဖုန်း အက်ပလီကေးရှင်းဖြင့် လျှောက်ထားနိုင်

    ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လိုသည့် လုပ်ငန်းများသည် “Ipos Go” ဟု အမည်ပေးထားသော လက်ကိုင်ဖုန်းအက်ပလီကေးရှင်းအသစ်ကို အသုံးပြု၍ စင်ကာပူ မူပိုင်ခွင့်ရုံး (Intellectual Property Office of  Singapore – Ipos) သို့ တိုက်ရိုက် လျှောက်ထားနိုင်ပြီဖြစ် ကြောင်း သိရှိရသည်။ အဆိုပါ လက်ကိုင်ဖုန်း အက်ပလီကေးရှင်းသည် မှတ်ပုံတင်လျှောက်ထားမှု လုပ်ငန်းစဉ်ကို မြန်ဆန်စေမည်ဖြစ်ကြောင်း၊ ယခင်က မှတ်ပုံတင်လျှောက်ထားရာ တွင် ပျမ်းမျှကြာချိန် တစ်နာရီမှ ၄၅ မိနစ်အတွင်းရှိရာမှ ယခုအက်ပလီကေးရှင်းကို အသုံးပြု၍ လျှောက်ထားလျှင် ၁၀ မိနစ်ခန့်ကြာမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများအနေဖြင့် ယခင် ဝန်ဆောင်မှုပေးနေသည့် စင်ကာပူမူပိုင်ခွင့်ရုံး ၏ e-service ဝက်ဆိုက်နှင့် အခြားဝန်ဆောင်မှု အေဂျင်စီများမှတစ်ဆင့်လည်း ဆက်လက်လျှောက်ထား နိုင်ကြောင်း၊ စင်ကာပူတွင် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားမှုသည် ၃၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း၊ ကုန်အမှတ်တံဆိပ်များပြားသည့် စင်ကာပူဈေးကွက်အတွင်း မိမိ၏ကုန်အမှတ်တံဆိပ်နာမည်ရရှိရေး ကြိုးပမ်းနေကြသည့် လုပ်ငန်းများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ “Ipos Go”    အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်သက်တမ်းတိုးရန်နှင့် မှတ်ပုံတင်လျှောက်ထားမှုသည် မည်သည့်အဆင့်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းတို့ကို သိရှိနိုင်မည်ဖြစ်ကြောင်း စင်ကာပူမူပိုင်ခွင့်ရုံးက သြဂုတ် ၂၁ ရက်တွင် ပြောကြားသည်။
    ကုန်အမှတ်တံဆိပ်တစ်ခု မှတ်ပုံတင်လျှေက်ထားမှုအတွက် စင်ကာပူဒေါ်လာ ၂၄၀ ပေးသွင်းရန် လိုအပ်ပြီး မှတ်ပုံတင်သက် တမ်းသည် ၁၀ နှစ်ဖြစ်သည်။ “Ipos Go” အက်ပလီကေးရှင်းသည် မှတ်Óဏ်တု (Artificial Intelli -gence - AI) ကို အသုံးပြုနိုင်သည့်အတွက် မိမိတို့၏ ကုန်အမှတ်တံဆိပ်နှင့် ဆင်တူသည့် မှတ်ပုံတင်ထားပြီးသော အခြားကုန်အမှတ် တံဆိပ်များကို ရှာဖွေနိုင်ကြောင်းနှင့် လွန်စွာ ဆင်တူမှုရှိသည့် ကုန်အမှတ်တံဆိပ်လျှောက် ထားမှုများကို အက်ပလီကေးရှင်းက လက်ခံ သွားမည်မဟုတ်ကြောင်း သိရသည်။ ယခုအခါ နိုင်ငံတကာတွင်  ကုန်အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားမှုများ၏ ၄၀ ရာခိုင်နှုန်းကျော် သည် ပုံများ ထည့်သွင်းအသုံးပြု လာကြ သည့် အတွက် “Ipos Go” အက်ပလီကေးရှင်း၏ စနစ်သည် လွန်စွာအသုံးဝင်ကြောင်း ဖော်ပြထား သည်။

 

သတင်းရင်းမြစ်။    ။The Straits Times
မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့