မြန်မာ့လယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက် ရရှိရေးအတွက် ဒေသဆိုင်ရာအညွှန်း၏အရေးပါမှု
ဒေသဆိုင်ရာအညွှန်း (GI) စကားရပ်အား ၁၈၈၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စက်မှုပစ္စည်း ပိုင်ဆိုင်မှုအပေါ် အကာအကွယ်ရယူရေးဆိုင်ရာ ပဲရစ်ကွန်ဗင်းရှင်းတွင် ပထမဆုံးအကြိမ် စတင်ဖော်ပြသုံးစွဲခဲ့ခြင်းဖြစ်သည်။ ယခု အခါ GI သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် (WTO members) များက WTO ၏ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် မူပိုင်ခွင့်သဘောတူညီချက် (WTO Trade Related Intellectual Property Rights Agreement - WTO TRIPS Agreement) အရ အသိအမှတ်ပြုထားသော မူပိုင်ခွင့်အမျိုး အစားတစ်ခုဖြစ်ပါသည်။ ယင်းသဘောတူညီချက်၏ အပိုဒ်(၂၂) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ဒေသဆိုင်ရာအညွှန်း GI ဆိုသည်မှာ "မူရင်းဒေသ ကို အထူးဖော်ညွှ န်းသော အရည်အသွေး၊ ထင်ပေါ် ကျော်ကြားမှု သို့မဟုတ် အခြားထူးခြားသော ဝိသေသလက္ခဏာများပါရှိသည့် ကုန်ပစ္စည်းထွက်ရှိရာ နိုင်ငံ၊ နယ်မြေ သို့မဟုတ် ဒေသမှ မူလထွက် ရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းပြချက် တစ်ခုခု" ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ GI မှတ်ပုံတင်ထားသော ကုန်ပစ္စည်းများသည် ၎င်းတို့၏အမည်များကို အတုခိုးယူခြင်း၊ အတုအပပြုလုပ်ခြင်းတို့မှ ဥပဒေ အရ အကာအကွယ်ရယူနိုင်မည်ဖြစ်ပါသည်။
ကုန်ပစ္စည်းများကို GI မှတ်ပုံတင်ထားခြင်း ဖြင့် ကုန်ပစ္စည်း၏ ထင်ပေါ်ကျော်ကြားမှုကို မြှင့်တင်ပေးနိုင်သည့်အပြင် စားသုံးသူများကလည်း ကုန်ပစ္စည်း၏ မူရင်းဒေသနှင့် ယင်းဒေသမှ ထွက် ကုန်များ၏ အရည်အသွေး၊ ဂုဏ်သတင်းနှင့် အထူး ဝိသေသလက္ခဏာရပ်များကို တိတိကျကျ သိရှိနိုင် မည်ဖြစ်ပါသည်။ တရုတ်နှင့် အိန္ဒိယအပါအဝင် အာရှနိုင်ငံ များဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ထိုင်း၊ ဗီ ယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဂျပန်၊ အာဖဂန် နစ္စတန်၊ စင်ကာပူတို့တွင် GI စနစ်သည် လျင်မြန် စွာ ဖွံ့ဖြိုးတိုးတက်လာနေသည့်အပြင် ဖိလစ်ပိုင်၊ ဘူတန်၊ မွန်ဂိုလီးယား၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံ များတွင် GI ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းနိုင်ရေး နှင့် စပ်လျဉ်း၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်း ပညာအကူအညီများရယူ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ကုန်အမှတ်တံဆိပ် မူပိုင် ခွင့်ဥပဒေ၏ ပုဒ်မ ၂ (ဏ) တွင် ဒေသဆိုင်ရာ အညွှန်း GI ဆိုသည်မှာ "မူရင်းဒေသကို အထူးဖော် ညွှန်းသော အရည်အသွေး၊ ထ င်ပေါ်ကျော်ကြားမှု သို့မဟုတ် အခြားထူးခြားသော ဝိသေသလက္ခဏာ များပါရှိသည့်ကုန်ပစ္စည်းထွက်ရှိရာ နိုင်ငံ၊ နယ်မြေ သို့မဟုတ် ဒေသမှ မူလထွက်ရှိသော ကုန်ပစ္စည်း ဖြစ်ကြောင်း ညွှန်းပြချက်တစ်ခုခုကို ဆိုလိုသည်" ဟု နိုင်ငံတကာစံညွှန်းနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။ ယင်းဥပဒေကို ထိန်းကျောင်း အကောင်အထည်ဖော်မည့် အဖွဲ့အစည်းအား ဖွဲ့ စည်းပြင်ဆင်ရေးပိုင်းနှင့် လိုအပ်သောနည်းဥပဒေများ ထုတ်ပြန်နိုင်ရန်ဆောင်ရွက်ပြီး ပါက ဥပဒေ အာဏာသက်ဝင်လာမည်ဖြစ်ပါသည်။
နိုင်ငံတကာကုန်သွယ်ရေးတွင် GI ၏ အရေး ပါမှုကို မြန်မာနိုင်ငံရှိ သက်ဆိုင်သူများက အသိ အမှတ်ပြုလက်ခံဆောင်ရွက်လာရေးနှင့် GI စနစ် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့နှင့် စပ်လျဉ်းသည့် စွမ်းဆောင်ရည်ြ မှင့်တင်ရေးနှင့် အသိပညာပေးမှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ အစိုးရဌာနများအကြား၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ အကြားနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအစီအမံများကို ထိရောက်စွာ ဆောင် ရွက်သွား မည်ဆိုပါက မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်၌ ပြဋ္ဌာန်းခဲ့သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေတွင် ဖော်ပြပါရှိသည့် "GI ကို အကာအကွယ်ပေးခြင်းဖြင့် နိုင်ငံတော်မှ ထွက်ရှိသော ဒေသထုတ်ကုန်များ၏ အရည် အသွေးများကို မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက် သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းဖြင့် ဒေသတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားရေးဘ၀ ပို မိုဖွံ့ဖြိုးတိုးတက် လာစေရန်" ရည်ရွယ်ချက်အတိုင်း လက်တွေ့အကောင် အထ ည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် မြန်မာ့လယ်ယာထွက်ကုန်များ၏ ဂုဏ်သတင်းကို နိုင်ငံတကာအလယ်တွင် ပိုမိုချပြသွားနိုင်မည်ဟု ယုံကြည်မိပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။
မြတ်နိုး၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့။