မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် Experian ကူညီပံ့ပိုး

             မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှနိုင်ငံများတွင် ပြီးပြည့်စုံ သော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ရယူအသုံးပြုနိုင်ရန်အတွက်  Experian က အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နေကြောင်း သိရသည်။
Experian သည် ကိုယ်ပိုင်နည်း ပညာဖြင့် တယ်လီဖုန်းအသုံးပြုသူများ ၏ သုံးစွဲမှုနှင့် သုံးစွဲပုံအလေ့အထဆိုင် ရာ ဒေတာအချက်အလက်အပေါ် သုံး သပ်ဆန်းစစ်ထားသည့် သတင်းအချက် အလက်များကို အခြေခံကာ တရားဝင် ချေးငွေသုံးစွဲမှု မှတ်တမ်းရှိနေရန် မလို အပ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ ငွေ ကြေးဆိုင်ရာ အထောက်အထားများ ရရှိစေရန် ပြုလုပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
          " Experian အနေနဲ့ Alternative Data ကို အသုံးပြုပြီး အရှေ့တောင်အာရှ တစ်ဝန်းမှာရှိတဲ့ ဘဏ်စာရင်းမရှိသူ များနဲ့ ဘဏ်စာရင်းဖွင့်ဖို့ လက်လှမ်း မမီသူများအတွက် ငွေကြေးဆိုင်ရာ အထောက်အထားတွေ ရရှိစေဖို့ လုပ် ဆောင်ခဲ့ပါတယ်။ အခြားကြိုးစား အား ထုတ်မှုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ CekAja နဲ့ RinggitPlus တို့လို ဒေသတွင်း ငွေကြေးဆိုင်ရာ ဈေးကွက် နေရာများနဲ့ ပူးပေါင်းပြီး ဒေသတွင်း ဆက်လက်တိုးတက် ကောင်းမွ န်အောင် လုပ်ဆောင်ရင်း ငွေကြေးဆိုင်ရာ ဝန် ဆောင်မှုတွေကို လက်လှမ်းမီ သုံးစွဲလာ နိုင်အောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ် ထားပါတယ်"ဟု Experian ၏ Southeast  Asia & Emerging Markets ဌာနမှ မန်နေဂျင်း ဒါရိုက်တာ Dev Dhiman က ပြောသည်။

 

ချောစု