မြန်မာ့ ကုန်သွယ်ဖက်နိုင်ငံ များရဲ့ ငွေကြေး ရက်သတ္တပတ်

         အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် က နောက် တစ်ကြိမ် အတိုးနှုန်း တိုးမြှင့်ရေးနှင့် ပတ်သက်၍ မရေရာမှု များရှိနေသည့် အတွက် ဖေဖော်ဝါရီ ၁၆ ရက်မှာ အဓိကငွေကြေးများနှင့် ဖလှယ် ရာ ၌ ဒေါ်လာတန်ဖိုး ကျဆင်း ခဲ့ သည်။ အမေရိကန် ဗဟိုဘဏ် ကနောက်တစ်ကြိမ်တွင် ကျင်းပမည့် အစည်းအဝေး၌ အတိုးနှုန်းမြှင့်တင်ရေးကိစ္စနှင့် ပတ်သက်၍ ပြတ်ပြတ်သားသားပြောကြားခြင်း မရှိသည့်အတွက် လာမည့်တစ်လအတွင်း အမေရိကန် ဗဟိုဘဏ် အတိုး နှု န်းကို တိုးမြှင့်ပေးလိမ့်မည်မဟုတ် ဟု ရင်းနှီးမြှုပ်နှံသူတို့က လျှော့ချခန့်မှန်းကြသည်။ ဖေဖော်ဝါရီ ၁၅ ရက်က ကွန်ဂရက် ကြားနာစစ်ဆေးမှုတွင် ယယ်လင်က ပြောကြားရာ၌ တိုင်းပြည် စီးပွားရေး ကောင်းမွန် လာပြီး အလုပ်အကိုင် ရရှိမှု မြင့်မားကာ ဈေးနှုန်းများ တည်ငြိမ်လာသည့် အတွက် ယခုနှစ်အတွင်း အတိုးနှုန်းကို နှစ်ကြိမ်ကျော် တိုးမြှင့်ပေးမည့် လက္ခဏာကိုပြသခဲ့သည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်မူ တောင်ကိုရီးယားဝမ်၊ အင်ဒိုနီးရှားရူပြားနှင့် မလေး ရှားရင်းဂစ်တို့ တန်ဖိုးအနည်း ငယ်ကျဆင်းခဲ့သည်။ ပို့ကုန်မြင့်တက်မှု နှင့် ဒေါ်လာတန်ဖိုးကျဆင်းနေမှုတို့ ကြောင့် စင်ကာပူဒေါ်လာမှာမူ တန်ဖိုး မြင့်တက်ခဲ့သည်။

တရုတ်ယွမ်
           တရုတ်ဗဟိုဘဏ်က ယွမ်တန်ဖိုး ကို စတုတ္ထမြောက်နေ့အဖြစ် မြှင့်တင် သတ်မှတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁၇ ရက်တွင် ဈေးကွက်အတွင်း၌ ယွမ် ငွေကြေးတန်ဖိုးကျဆင်းခဲ့သည်။ ရှန်ဟဲ တွင်ရောင်းချသော Onshore ယွမ်မှာ နံနက် ၁၀ နာရီမိနစ် ၅၀ က သုည ဒသမ ၁၆ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၆၃၁ ယွမ်နှုန်းရှိခဲ့သည်။ ဟောင်ကောင် တွင် ရောင်းချသော Offshore ယွမ်မှာ သုည ဒသမ ၀၃ ရာခိုင်နှုန်း ကျ ဆင်းပြီး အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၅၀၆ ယွမ်နှုန်းရှိခဲ့သည်။ တရုတ်ဗဟို ဘဏ်ကမူ ရည်ညွှန်းဖလှယ်နှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၄၅၆ ယွမ်နှုန်း သတ်မှတ်ခဲ့ သည်။

အိန္ဒိယရူပီး
    သွင်းကုန်လုပ်ငန်းရှင်များက အမေ ရိကန် ဒေါ်လာကို ဝယ်ယူမှုကြောင့် ဖေဖော် ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာ၌ ရူပီးတန်ဖိုးက သုည ဒသမ ၀၈ရူပီးနှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၆၇ ဒသမ ၁၅ ရူပီးနှုန်းရှိခဲ့သည်။ စတော့ဈေးကွက် တွင် ပြည်တွင်းရှယ်ယာ ဈေးနှုန်းများ မြင့်တက်မှုနှင့် ပြည်ပဈေးကွက်များ တွင် အချို့ငွေကြေးများနှင့် ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုးကျဆင်းမှုတို့က ရူပီး တန်ဖိုးကျဆင်းမှုကို သက်သာရာရစေခဲ့ ကြောင်း ဝယ်ရောင်းသမားတို့က ပြော သည်။

ဂျပန်ယန်း
       ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းဈေးကွက်တွင် ယန်းငွေနှင့်ဖလှယ်ရာ၌ အမေရိကန်ဒေါ်လာ၏တန်ဖိုးမှာ ၁၁၃ ဒသမ ၅ယန်းနှုန်းအောက်တွင်ရှိခဲ့ရာ နယူးယောက်တွင် ယခင်နေ့ကရှိခဲ့သော ငွေကြေးဖလှယ်နှုန်းထက် ဒေါ်လာ တန် ဖိုးအနည်းငယ်မြင့်တက်ခဲ့သည်။ အမေရိကန်ဒေါ်လာနှင့်ယန်းငွေ ဖလှယ်နှုန်းမှာ ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၅ နာရီက နယူးယောက်ဈေးကွက် တွင် တစ်ဒေါ်လာကို ၁၁၃ ဒသမ ၂၀ ယန်းနှင့်တိုကျိုဈေးကွက်တွင် ၁၁၃ ဒသမ ၉၄ ယန်းနှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့ဈေးဖွင့်ချိန်တွင် အမေရိကန် တစ်ဒေါ်လာကို ၁၁၃  ဒသမ ၃၃ ယန်း နှုန်းရှိခဲ့သည်။ ယူရိုငွေကြေး တန်ဖိုးမှာ ဖေဖော်ဝါ ရီ ၁၆ ရက်ညနေက နယူးယောက် ဈေး ကွက်မှာ တစ်ယူရိုကို အမေရိ က န် ေ ဒါ်လာ ၁ ဒသမ ၀၆၆၇ နှင့် ၁၂၀ ဒသမ ၈၃ ယန်းနှုန်းဖြင့်လည်းကောင်း၊ တိုကျိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၁၁ နှင့် ၁၂၀ ဒသမ ၉၀ ယန်းနှုန်းဖြင့်လည်းကောင်း ရှိခဲ့ရာမှ နောက်တစ်နေ့နံနက်တွင် ၁ ဒသ မ ၀၆၆၉ ဒေါ်လာနှင့် ၁၂၀ ဒသမ ၉၂ ယန်းနှုန်းရှိခဲ့သည်။

မလေးရှားရင်းဂစ်
     ရက်သတ္တပတ်မကုန်ဆုံးမီ ရင်းဂစ်ငွေကြေး ဝယ်လိုအား ကျဆင်းသည့် အတွက် ဖေဖော်ဝါရီ ၁၇ ရက်က  အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ရင်းဂစ်တန်ဖိုး အနည်းငယ်ကျဆင်းခဲ့ကြောင်း ဝယ်ရောင်းသမားတစ်ဦး က ပြောသ ည်။ အမေရိကန်ဒေါ်လာနှင့် ရင်းဂစ် ငွေကြေးဖလှယ်နှုန်းမှာ ဖေဖော်ဝါရီ ၁၆ ရက်က တစ်ဒေါ်လာကို ၄ ဒသမ ၄၅၁၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့ နံနက် ၉နာရီတွင် ၄ ဒသမ ၄၅၅၀ ရင်း ဂစ်နှုန်းရှိခဲ့သည်။ အခြား ထွန်းသစ် စငွေကြေးများနှင့် ဖလှယ်ရာတွင် ရင်းဂစ်ငွေကြေးတန်ဖိုး ကျဆင်းခဲ့သည်။

ကိုရီးယားဝမ်
      လာဘ်ပေးလာဘ်ယူမှု အရှုပ်တော် ပုံနှင့်ပတ်သက်၍ ဆမ်ဆောင်း ဂရုပ် အုပ်စုခေါင်းဆောင်ကို ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး နောက်ပိုင်း တောင်ကိုရီးယား ဝမ် ငွေတန်ဖိုးကျဆင်းခဲ့သည်။ အမေ ရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ဝမ် ငွေကြေး တန်ဖိုးမှာ ဖေဖော်ဝါရီ ၁၆ ရက်က ဖလှယ်နှုန်းအောက် ၄ ဒသမ ၈ ဝမ်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၄၆ ဒသမ ၃၀ ဝမ် နှုန်းရှိခဲ့သည်။

ထိုင်းဘတ်

      ဖေဖော်ဝါရီ ၁၇ ရက်က အမေ ရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင် အာရှ ငွေကြေးအများစု တန်ဖိုးကျဆင်းခဲ့သော် လည်း ရိုက်တာသတင်းဌာနက ပြုစု ထားသော စာရင်းများအရ ထိုင်းဘတ် ငွေတန်ဖိုး မှာ နေ့အလိုက်နှိုင်းယှဉ် ပါက အပြောင်းအလဲ မရှိဘဲ အမေရိကန် တစ်ဒေါ်လာကို ၃၄ ဒသမ ၉၉ ဘတ် နှုန်းရှိခဲ့သည်။ 

 

ဉာဏ်တင်