၂၀၁၇ ခုနှစ်အတွက် ဦးစားပေး လုပ်ငန်းစဉ်များကို AIIB ချမှတ်

      အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ပထမအကြိမ်နှစ်ပတ်လည် အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်၌ ပေကျင်းတွင် ကျင်းပခဲ့ပါသည်။ ဥက္ကဋ္ဌ Mr.Jin က ဘဏ်စတင်လည်ပတ်ခဲ့သည့် တစ်နှစ်အတွင်း တိုးတက်မှုများစွာ ရှိခဲ့ကြောင်း၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ တာဂျစ်ကစ္စတန်၊ အင်ဒိုနီးရှား၊ မြန်မာအပြင်  ပင်လယ်ကွေ့နိုင်ငံတစ် နိုင်ငံ ဖြစ်သည့် အိုမန်နိုင်ငံအပါအဝင် နိုင်ငံ ေ ပါင်းခုနစ်နိုင်ငံ၌ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုစီမံကိန်းပေါင်း ကိုးခုဆောင်ရွက်ရန် ချေးငွေခွင့်ပြုပေးခဲ့ ကြောင်း၊ အများစုမှာ ပို့ဆောင်ရေး၊ စွမ်းအင်၊ မြို့ ပြဖွံ့ဖြိုးမှုလုပ်ငန်းများဖြစ် ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံတန်ဖိုးရှိပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
        AIIB အနေဖြင့်၂၀၁၇ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်သုံးခုကို ကြေညာခဲ့ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုပန်းတိုင်အတွက် အထောက်အကူ ဖြစ်စေမည့် Green Infrastructure ကို အလေးပေးဆောင်ရွက်ရန် ရေကြောင်း လမ်းမကြီး၊ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသတစ်လျှောက် နယ်စပ်ဖြတ်ကျော် ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း၊ တယ်လီ ကွန်မြူနီကေးရှင်းနှင့် စွမ်းအင် ဖူလုံမှု အခြေခံ အဆောက်အအုံဆက်သွယ်မှု Cross Border Connectivity ကို ဦးစားပေးရန်နှင့် Multinational Develo-pment Bank (MDBs) များ၊ အစိုးရများ နှင့် အခြားပုဂ္ဂလိက အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ Pri vate Capital Mobilization ကို တွန်းအားပေးရန်ဖြစ်သည်။ မကြာသေးခင်က တူရကီကိုဖြတ်ကျော်ပြီး အဇာဘိုင်ဂျန်နှင့် ဥရောပတောင်ပိုင်းကို ဆက်သွယ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ကမ္ဘာ့ဘဏ်အပါအဝင် အခြား ဘဏ္ဍာရေး အဖွဲ့အစည်းများက အမေရိကန် ဒေါ်လာ သန်း ၆၀၀ ထောက်ပံ့ကူညီခဲ့ပါသည်။ AIIB ၏ credibility အတွက် အခြား MDBs များနှင့် ပူးပေါင်း ဆောင်ရွက်မှုမှာများစွာ အရေးကြီး ကြောင်း ဖော်ပြထားပါသည်။

 

သန္တာခိုင်၊စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြိူ့