အာရှ - ဥရောပ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဆိုးလ်မြို့ ၌ ကျင်းပ

      ဒေသတွင်း စီးပွားရေးတိုးတက်မှုအတွက် ဆောင်ရွက်ရန် အစီအမံများ နှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ အာရှနှင့် ဥရောပနိုင်ငံများမှ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာဝန်ကြီးများ အပါအဝင် တာဝန်ရှိသူ အရာ ရှိကြီးပေါင်း ၄၀၀ ကျော်ခန့် ပါဝင်မည့် အာရှ-ဥရောပ စီးပွားရေးဝန်ကြီး များ အစည်းအဝေးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း တောင်ကိုရီး ယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါ အစည်း အဝေးသ ည် အာရှ-ဥရောပ စီးပွားရေး ဝန်ကြီးများ၏ ခုနစ်ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး အစည်းအဝေး ကိုလာမည့် စက်တင်ဘာလ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ဆိုးလ်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံ ကုန် သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
      အာရှ- ဥရောပ အစည်းအဝေးများ (Asia -Europe Meeting -ASEM) အနေဖြင့် အဆိုပါအစည်းအဝေးများကို စတင်ကျင်းပခဲ့သည့် ၁၉၉၄ ခုနှစ်ကတည်းက စတင်၍ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများအကြား ဆက်ဆံေ ရး ပိုမိုခိုင်မာစေရန်အတွက် စီမံဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေး ခဲ့ကြသည်။ ASEMကို အာဆီယံနိုင်ငံများ၊ ဥရောပသမဂ္ဂအပါအဝင် အာရှ နိုင်ငံပေါင်း ၂၂ နိုင်ငံနှင့် ဥရောပနိုင်ငံ ပေါင်း ၃၁ နိုင်ငံတို့ဖြင့် ဖွဲ့စည်းထား ြ ခင်းဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံ စုစုပေါင်းသည် ကမ္ဘာ့လူဦးရေ၏ ၅၉ ရာခိုင်နှုန်း နှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်း၊ ကမ္ဘာ့ GDP ၏ ၅၇ ရာခိုင်နှုန်းခန့်ရှိသည်။ ASEM ထိပ်သီးအစည်းအဝေးကို နှစ်နှစ် တစ်ကြိမ်ကျင်း ပလျက်ရှိပြီး အခြားသော နိုင်ငံခြားရေးရာ၊ ဘဏ္ဍာ ရေးဆိုင်ရာ၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး နှင့် စီးပွားရေးတို့နှင့် ဆက်စပ်သော အစည်းအဝေးများကိုလည်း ကျင်းပ လျက်ရှိသည်။ ASEM စီးပွားရေးဝန်ကြီး များ အစည်းအဝေး ကို ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လျင် မြန်ချောမွေ့ရန်၊ ပိုမိုချဲ့ထွင်ဆောင်ရွက် နိုင်ရန်နှင့် စီးပွားရေးပူးပေါင်း ဆောင် ရွက်မှု ပိုမို အားကောင်းလာစေရန် အတွက် ဆောင်ရွက်ခဲ့သော်လည်း ၂၀၀၅ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၌ (၆) ကြိမ်မြောက်အစည်းအဝေး ကျင်းပ ပြီးချိန်မှစ၍ ဆက်လက်မကျင်းပဖြစ် တော့ဘဲ ယခုနှစ်မှသာ (၇)ကြိမ်မြောက် အဖြစ် ပြန်လည်ကျင်းပခြင်းဖြစ်သည်။
         တောင်ကိုရီးယားနိုင်ငံတွင် ယခု ကဲ့သို့ (၇) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပရန်အတွက် အဖွဲ့ဝင်နိုင်ငံများက အားပေးထောက်ပံ့မှုများရရှိ ပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကျင်းပမည့်နေ့ရက်နှင့် နေရာ ကို ရွေးချယ်ရန်အတွက် သဘောထားများ ရယူဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ် ရေး နှေးကွေးကျဆင်းမှုနှင့် ကိုယ်ကျိုးစီးပွားကာကွယ်သည့်စနစ်များ ကြီးထွားလာသည့် အခြေအနေ၌ အဆိုပါ အစည်းအဝေးသည် အာရှနှင့် ဥရောပ တိုက်ကြီး နှစ်ခုအကြား စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သည် အရေးပါသည် ဆိုသည့်အချက်ကို ပိုမိုအလေးပေး အာရုံစိုက်မှုရရှိစေရန် ဆွဲဆောင်စည်းရုံးနိုင်ရေးကို မျှော်လင့် သည်။
           အစည်းအဝေးတွင် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် နိုင်ရေး၊ ကိုယ်ကျိုးစီးပွားကာကွယ်သည့် စနစ်ကြီးထွားလာမှုကို ဟန့်တားနိုင်ရန် အတွက် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်မှုရရှိရေး၊ အီလက် ထရောနစ် ကူးသန်းရောင်းဝယ်ရေးကဲ့သို့သော ဒစ်ဂျစ်တယ်စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရေးများ ပိုမိုအားကောင်းလာစေရန် စသည့်အချက်များကို ထည့်သွင်းဆွေးနွေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။ ရာသီဥ တု ပြော င်းလဲမှုနှင့် ဒေသတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ခြင်း၊ 4th Industrial Revolution မှ ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို စီမံခန့်ခွဲနိုင်မည့် နည်းလမ်းများရှာေ ဖွရန် စသည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အစီ အစဉ်များကို ထည့်သွင်းဆွေးနွေးနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြော ကြားခဲ့သည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့