အပြည်ပြည်ဆိုင်ရာခရီးသွားများ ဝင်ရောက်မှုမြင့်တက်လာစေရန် ထိုင်းနိုင်ငံက ဗီဇာကင်းလွတ်ခွင့်တိုးမြှင့်မည်

       ထိုင်းနိုင်ငံ၊ ခရီးသွားနှင့် အားကစားဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာခရီးသွားဝင်ရောက်မှုကို မြှင့်တင်ရန်အတွက် ယခင်ခွင့်ပြုခဲ့သည့် ဗီဇာကင်းလွတ်ခွင့်ကို သုံးလတိုးမြှင့်ပေးရန် အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ် ကြောင်း ဗန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။ အရည်အသွေးနိမ့်ခရီးသွား အစီအစဉ် (Zero-dollar tour)များကို  စစ်ဆေးအရေးယူပြီးနောက် ကျဆင်းနေသည့် ခရီးသည်ဝင်ရောက်မှုကို ပြန်လည်မြှင့်တင်ပေးနိုင်ရန်အတွက် ဗီဇာကင်း လွတ်ခွင့်ကာလကို နောက်ထပ်တိုးမြှင့်ပေးရန် စီစဉ်ခြင်းဖြစ်သည်။ ထိုင်းအစိုးရသည် အင်ဒိုရာ၊ ဘူလ်ဂေးရီးယား၊ ဘူတန်၊ တရုတ်၊ ဆိုက်ပရပ်စ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ ကာဇက်စတန်၊ လပ်ဗီးယား၊ လစ်သူယေးနီး ယား၊ မော် လ်ဒိုက်၊ မော်လ်တာ၊ မောရေးသျှ၊ ရိုမေးနီးယား၊ ဆန်မာရီနို၊ ဆော်ဒီ အာရေးဗီးယား၊ တရုတ် (တိုင်ပေ)၊ ယူကရိန်းနှင့် ဥဇဘက် ကစ္စတန်စသည့် ၁၉  နိုင်ငံမှ  ခရီးသွားများအား  ဗီဇာ ကင်းလွတ်ခွင့်ပေးပြီး ဘတ်တစ်ထောင် ပေး သွင်းရသည့် ဆိုက်ရောက်ဗီဇာဖြင့် လာရောက် လည်ပတ်ခွင့်ပြုခြင်းအား ၂၀၁၆ ခုနှစ်၊  ဒီဇင်ဘာလ ၁ ရက်မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် အထိ ခွင့်ပြုထားပြီးဖြစ်ပါသည်။
        ၂၀၁၆ ခုနှစ်အတွင်းက အရည် အသွေးနိမ့်ခရီးသွားလုပ်ငန်းများကို နှိမ်နင်းပြီးနောက် တရုတ်ခရီးသည်ဝင် ရောက်မှု သိသိသာသာကျဆင်းခဲ့ရာ နိုဝင်ဘာလတွင် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ယခုလတွင်လည်း တရုတ်ခရီးသည်ဝင်ရောက်မှုသည် ၁၃ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း၊ ယခင် ခွင့်ပြုခဲ့သည့်နိုင်ငံများအား ဗီဇာ ကင်း လွတ်ခွင့်ကာလကို တိုးမြှင့်ပေးခြင်းဖြင့် ယခုနှစ်အတွင်း အပြည်ပြည် ဆိုင်ရာ ခရီးသွားဝင်ရောက်မှုသည် ပိုမို တိုး တက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံခြား ခရီးသွားဝင်ရောက်မှုသည် ဒီဇင်ဘာ လကတည်းက တိုးတက်လျက် ရှိပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားခရီးသည် စုစုပေါင်း ၃၂ ဒသမ ၆ သန်း လာရောက် လည်ပတ်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါ ရီလ ၂၀ ရက်နေ့အထိ နိုင်ငံခြားခရီး သည် ၁ ဒသမ ၈ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ခြောက်ရာခိုင်နှုန်း တိုး တက်ခဲ့ကြောင်း ခရီးသွားနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး Mrs. Kobkarm က ပြောကြားခဲ့သည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ ဗန်ကောက်မြို့