၂၀၁၇ ခုနှစ်တွင် အကြီးစားစီမံကိန်း ၁၂ ခုအား PPP စနစ်ဖြင့်ထိုင်းနိုင်ငံအကောင်အထည်ဖော်မည်

      ထိုင်းအစိုးရသည် အကြီးစား အခြေခံ အဆောက် အအုံစီမံကိန်း ၁၂ ခု ကို ယခုနှစ်အတွင်း PPP စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ရာ စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုပမာဏဘတ် ၇၂၁ ဘီလီယံရှိသဖြင့် ၁၉၉၂ ခုနှစ်တွင်  ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်းအစိုးရ ၏ ရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးကို PPP စနစ်ဖြင့် အကောင်အထည်ဖော်ခွင့်ရရှိမည်ဟု ဖော်ပြထားပါသည်။ အဆိုပါစီမံကိန်းများတွင် ဘတ်တစ်ဘီလီယံမှ ငါးဘီလီယံအထိ တန်ဖိုးရှိ သည့် စီမံကိန်းငါးခုနှင့် ဘတ်ငါးဘီလီယံ ကျော်တန်ဖိုးရှိသည့် စီမံကိန်း ခုနစ်ခု ပါဝင်သည်။ နာခွန်ရာချတ်စီမာ မော်တော် ကားလမ်း၊ အန်ရိုင်- ကန်ချ နာဘူရီ မော်တော်ကား လမ်း၊ ချင်းရိုင် ပြည်နယ်ရှိ ချိုင်ချောင်းခရိုင်၏ အဓိက ေ မာ်တော်ကားလမ်းအား အဆင့်မြှင့်တင်ခြင်း၊ နာခွန်ဖနွမ်နယ်စပ် ပို့ဆောင်ရေးစင်တာကို အဆင့် မြှင့်တင်ခြင်း၊ နာခွန်ရာချတ်စီမာခရိုင်ရှိ ရေဆိုးစွန့် စီမံကိန်းအား ဒုတိယအဆင့် အကောင်အထည် ဖော်ခြင်း စသည့် အငယ်စား စီမံကိန်းငါးခု၏ စုစု ပေါင်း ရင်းနှီး မြှုပ်နှံမှုပမာဏမှာ ဘတ် ၉ ဒသမ ၁၄ ဘီလီယံရှိပါသည်။
        အကြီးစားစီမံကိန်းခုနစ်ခုတွင် ဘတ် ၃၅ ဒသမ ၃ ဘီလီယံတန်ဖိုးရှိသည့် လိမ္မော်ရောင် ရထားလမ်း (Thailand Cultural Center - Taling Chan) ၊ ဘတ် ၁၃၁ ဘီလီယံတန်ဖိုးရှိ သည့် ခရမ်း ရောင် ရထားလမ်း (Ka -nchanaphisek Outer Ring Road - Tao Run) ၊ဘတ် ၄၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိသည့် သုဝဏ္ဏ ဘူမိလေဆိပ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ ဘတ် ၁၅၂ ဘီလီယံတန်ဖိုးရှိ ဗန်ကောက်-ရနောင်း အမြန်ရထား လမ်း စီမံကိန်း၊ ဘတ် ၁၁၁ ဘီလီယံ တန်ဖိုးရှိသည့် ဗန်ကောက် - ဟွာဟင်း အမြန်ရထား လမ်းစီမံကိန်း၊ ဘတ် ၈၀ ဘီလီယံ တန်ဖိုးရှိသည့် Nakhon Pathom - Chaam မော်တော် ကားလမ်းစသည့် စီမံကိန်းများပါဝင်ပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုဘတ်ဘီလီယံ ၁၁၀ ရှိသည်။ ယင်းစီမံကိန်း ၁၂ ခုအား အစိုးရအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူပြီးနောက် လေလံပွဲကို ကျင်းပမည် ဖြစ်ပါသည်။ အစိုးရမီးရထားဌာနမှ အကောင်အထည်ဖော်မည့် ဘတ် ၁၅ ဒသ မ ၄ ဘီလီယံတန်ဖိုးရှိသည့် ဘန်ဆူးရထား လမ်းပိုင်းတိုးချဲ့စီမံကိန်းသည် အဆိုပါ PPP စီမံကိန်း ၁၂ ခုတွင် မပါဝင်ကြောင်း နှင့်၂၀၁၆ ခုနှစ်တွင် ဘတ် ၃၃၄ ဘီလီယံတန်ဖိုးရှိသည့်အကြီးစားစီမံကိန်းငါး ခုအား အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ရထား လမ်းစီမံကိန်းနှစ်ခုကို PPP စနစ်ဖြင့် အကောင် အထည်ဖော်ရန် ခွင့်ပြုချက် ရရှိခဲ့ပါသည်။

 

ကျော်သူရ၊စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့