ကိုကာကိုလာကုမ္ပဏီက မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်တွင် ရူပီးကုဋေ ၇၅၀ ခန့်ကုန်ကျမည့် စက်ရုံတည်ဆောက်မည်
နိုင်ငံတကာ အဖျော်ယမကာ ကုမ္ပဏီကြီးဖြစ်သည့် ကိုကာကိုလာ ကုမ္ပဏီသည် ရေသယံဇာတ အရင်းအမြစ်များအား ထုတ်ယူအသုံးချမှုများအပေါ် အိန္ဒိယနိုင်ငံအတွင်းရှိ တက်ကြွ လှုပ်ရှားသူများနှင့် ဒေသခံ ပြည်သူများ က အပြင်းအထန် ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ သို့ရာတွင် မဒ္ဒရာ ပရာဒေ့ရှ် ပြည်နယ်အစိုးရသည် အဆိုပါ ကုမ္ပဏီအတွက် စားသောက်ကုန်နှင့် ပုလင်းထုတ်လုပ်သည့် စက်ရုံတည်ဆောက် ရန် နာမဒါမြစ်ကမ်း တစ်ေ လျှာက်တွင် မြေ ဧကပေါင်း ၁၁၀ ကို ခွင့်ပြုပေးခဲ့ ကြောင်း သိရှိရပါသည်။
ကိုကာကိုလာ ကုမ္ပဏီသည် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်၊ ဟိုရှန်ဂါဘတ် ခရိုင်အတွင်းရှိ အသစ် ဖော်ဆောင်နေ သော Mohasa- Babai စက်မှုမြေကွက် ၌ ပုလင်းနှင့် စားသောက်ကုန် ထုတ် လုပ်မည့် စက်ရုံတစ်ရုံအား ရူပီးကုဋေ ၇၅၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ် ကြောင်း၊ အဆိုပါစက်မှုဇုန်သည် နာမဒါမြစ်မှ ရှစ်ကီလိုမီတာ အကွာတွင် တည်ရှိ ကြောင်း၊ ယခုတည်ထောင်မည့် စက်ရုံ သည် အိန္ဒိယနိုင်ငံအတွင်း ကိုကာကိုလာ ကုမ္ပဏီ၏ အကြီးဆုံး စက်ရုံကြီးဖြစ် ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း ကြီးမားပြီး အဆိုပါစက်ရုံသည် အိန္ဒိယ နိုင်ငံအတွင်းရှိ ပြည်သူအမြောက်အများ အား အလုပ်အကိုင်များ ဖန်တီးပေးနိုင် လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုတည်ေ ဆာက်မည့် ကိုကာကိုလာ အချိုရည်စက်ရုံအနေဖြင့် လုပ်ငန်းအပြည့်အ၀ လည်ပတ်ပါက တစ်ရက်လျှင် ရေဂါလံ တစ်သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကိုကာကိုလာ ကုမ္ပဏီအား ရေပေးဝေမှု မပြတ်တောက် စေရေး အတွက် အိန္ဒိယအစိုးရသည် တစ်ရက်လျှင် ရေ ဂါလံ ငါးသန်းခန့်အား သန့်စင်နိုင်သည့် ရေသန့်စင်စက်ရုံကို တစ်ပြိုင်တည်း တည်ဆောက်လျက်ရှိ ကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့