နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်ရန် မူဝါဒအချို့ ကို တရုတ်နိုင်ငံက ပြင်ဆင်

        တရုတ်နိုင်ငံ၌ နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ ပြည် တွင်းထုတ်လုပ်မှုစရိတ်ကြီးမား သည့် အချက်အပါအဝင် အခြား အကြောင်း အရင်း များစွာကြောင့် လွန်ခဲ့သည့်နှစ် အနည်းငယ်မှစတင်၍ စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရပြီး ပြန်လည်မြှင့်တင်ရန် လွတ်လပ်မျှတပြီး ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ် ဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်ကောင်စီက ယခင်နှစ်ဒီဇင်ဘာတွင် ကတိပြုခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်မည့်လုပ် ငန်း စဉ်တွင် နိုင်ငံခြားရင်းနှီးငွေ စီးဝင်မှု ဝန်ဆောင်မှုကဏ္ဍများဖြစ် သည့် ဘဏ္ဍာ ရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ရှယ်ယာ လုပ်ငန်း၊ တယ်လီကွန်မြူနီကေးရှင်း၊ ပညာရေးစသည့် လုပ်ငန်းများသို့ နိုင်ငံ ခြား ရင်းနှီးငွေစီးဝင်မှုကို ေ ဈးကွက်ဝင် ရောက်မှု လွယ်ကူအောင် ဆောင်ရွက် ပေးမည်ဖြစ်သည်။ ထို့အပြင် ရထား ပို့ဆောင်ရေးကဏ္ဍ၌ပါ ပြည်တွင်း ယှဉ် ပြိုင်မှု တိုးတက်စေရန် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို ဆွဲဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
         ယခုအခါ အစိုးရဝယ်ယူဖြည့်တင်း မှု (Govenment Procurement) ကိစ္စရပ်များတွင် နိုင်ငံခြား ကုမ္ပဏီများကိုပါ ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးက ဇန်နဝါရီလ ၆ ရက်နေ့ တွင် ကြေညာခဲ့သည်။ သို့သော် အဆိုပါကုမ္ပဏီများ၏ ထုတ်ကုန်များမှာ Made in China ဖြစ်ရမည့် ကန့်သတ်ချက်တစ်ခု ထုတ်ပြန်ထားပါသည်။ ထို့အပြင် အကောက်ခွန်ရှင်းလင်းရေးနှင့် ဆိပ်ကမ်း၌ ကုန်စည်ထုတ်ယူမှု လုပ် ငန်းစဉ်များတွင်လည်း ပိုမိုလွယ်ကူထိရောက်ရန် ဖြေလျှော့ပေးမည်ဖြစ်ကြောင်း အကောက်ခွန်စီမံခန့်ခွဲမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့ဒေသအသီးသီးတွင် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် မူဝါဒချမှတ်နိုင်ရန် ဗဟိုအစိုးရက ခွင့်ပြုပေးတော့မည်ဖြစ်သည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့