ထိုင်းအစိုးရ၏ ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ

       ထိုင်းအစိုးရ၏ ဦးစားပေးကဏ္ဍများသို့ အဆိုပြုတင်ပြသည့် ရင်းနှီးမြှုပ်နှံ မှု ပမာဏသည် ယခုနှစ်၏ပထမဆယ်လအတွင်း ဘတ် ၄၀၀ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။ ယင်းပမာဏသည် ယခုနှစ်အတွင်းရရှိရန် မျှော်မှန်းထား သည့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ် ဘီလီယံ ၅၅၀ ၏ ၇၀ ရာခိုင်နှုန်း ကျော်ရှိပါသည်။ ထိုင်းအစိုးရ၏ ဦးစားပေးလုပ်ငန်းဆယ်မျိုးမှာ (၁) Automotive and auto parts၊ (၂) Affluent, medical and wellness tourism၊ (၃) Agriculture and biotechnology၊ (၄)  Food၊ (၅) Robotics for industry၊ (၆) Logistics and aviation၊(၇)Biofuels and biochemicals၊ (၈) Digital၊ (၉) Medical Services၊ (၁၀)Smart electronics တို့ဖြစ်ပါသည်။ ယင်းကဏ္ဍများတွင် အဆင့်မြင့်နည်းပညာများ လိုအပ်လျက်ရှိပြီး သုတေသနနှင့် ဖွံ့ဖြိုး ရေး (R & D) လုပ်ငန်းများကိုလည်း အစိုးရက ပံ့ပိုးပေးမည်ဖြစ်သည်။ ထို့အပြင် အစိုးရ ၏ အခြေခံအဆောက် အအုံ တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်သော အဆင့်မြင့်နည်းပညာကဏ္ဍ၌ ရေရှည်ရင်းနှီးမြှုပ်နှံမှုများလည်း အထူးလိုအပ်ကြောင်း ဖော်ပြထားပါသည်။
       အစိုးရ၏ ဦးစားပေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဖိတ်ခေါ်ရန်အတွက် လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှုကို ယခုအခါ ၅၁ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများ ေ ပးထားပြီးဖြစ်ပါသည်။ ထို့နောက် စက်ရုပ်နည်းပညာကဏ္ဍပိုမိုဖွံ့ဖြိုးလာ စေရန်အတွက် စက်ရုံ ၅၀ ခန့်သည် စက်ရုပ်နည်းပညာကို အသုံးပြုရန်Thai- Germany Institute နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နောက်ထပ် စက်ရုံ ၁၃၀ ခန့်သည်လည်း နောက်ဆုံး ပေါ် စက်ရုပ်နည်းပညာများကို အသုံးပြု ရန် စိတ်ဝင်စားလျက်ရှိပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့