ယခုနှစ်အတွင်း တောင်ကိုရီးယား ထိပ်တန်းစီးပွားရေး လုပ်ငန်းကြီးများတွင် အလုပ်အကိုင်တစ်သိန်းကျော်ခန့် ဆုံးရှုံး

        ယခုနှစ်အတွင်း တောင်ကိုရီးယား ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီး ၃၀ သည် အလုပ်သမား ၁၄၀၀၀၀ ခန့်အား လျှော့ချခဲ့ပါသည်။ လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများကြောင့် စီးပွားရေးအခြေအနေများ အဆိုး ရွားဆုံးအခြေ အနေသို့ ရောက်ရှိလာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုလျော့ကျလာ နိုင်ကြောင်း ခန့်မှန်းကြသည်။ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကုမ္ပဏီကြီး အတော်များများသည် အလုပ်သမားလျှော့ချခဲ့သည်ကို ေ တွ့ရှိရသည်။ နိုင်ငံ၏အကြီးမားဆုံး စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Samsung Group သည် ဝန်ထမ်းအများဆုံးလျှော့ချခဲ့သည်ကိုတွေ့ရသည်။ Samsung Group လုပ်ငန်းအုပ်စုဝင်များဖြစ်သည့်Samsung Electronics အပါအဝင် ပတ်သက်ဆက်နွယ်လျက်ရှိ သော ကုမ္ပဏီပေါင်း ၂၂ ခုတို့သည် လည်း အလုပ်သမားများစွာ လျှော့ချခဲ့ကြောင်း သိရှိရသည်။
       စီးပွားရေးလုပ်ငန်းများသည် ဝန်ထမ်းများအား ဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်ခြင်းကို ခွင့်ပြုပေးခဲ့ကြပြီး အဓိကအားဖြင့်Samsung Group နှင့် ပတ်သက်ဆက်နွယ်လျက်ရှိသည့် လုပ်ငန်းကြီးများဖြစ်သည့် Samsung SDI, Samsung Electro-Mechanics, Samsung Engineering, Samsung Heavy Industries နှင့် Samsung C&T တို့သည် အလုပ်သမား လျှော့ချခြင်း အပါအဝင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းလုပ်ငန်းများ ေ ဆာင်ရွက်ခြင်းဖြင့် ၎င်းတို့၏ စီးပွားရေးကို ပြန်လည် တည်ဆောက်ကြသည်ကို တွေ့ရှိရပါသည်။ ထို့ပြင်သင်္ဘောတည်ဆောက်သည့် သင်္ဘောကုမ္ပဏီကြီးများသည်လည်း အလုပ်သမားများ လျှော့ချခဲ့ပြီး ၎င်းတို့၏ကုမ္ပဏီများကို ပြ န်လည်ဖွဲ့စည်းခဲ့သည်။
        တောင်ကိုရီးယားနိုင်ငံ၏ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Hyundai Heavy Industries သည်Samsung Group ပြီးနောက် အလုပ်သမားလျှော့ချမှု အများဆုံး ကုမ္ပဏီဖြစ်ခဲ့သည်။ Daewoo Shipbuilding နှင့် Marine Engineering တို့သည် လည်း အလုပ်သမားငါးရာခိုင်နှုန်းခန့် လျှော့ချခဲ့ပြီး၊ Hanjin Group သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသည်လည်း အလုပ်သမားများလျှော့ချခဲ့သည်ကို တွေ့ရသည်။ သင်္ဘောအဆောက်အအုံ၊ သင်္ဘော တည်ဆောက်ခြင်းကဲ့သို့ စက်မှုလုပ်ငန်းနှင့် အပင်ထွက်ပစ္စည်းစက်ရုံတို့သည် လူအရေအတွက် အများအပြားဆုံးရှုံးခဲ့ရပြီး လုပ်သား ၈ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်ကိုတွေ့ရသည်။ LG သည် ထိပ်တန်းစီးပွားရေး လုပ် ငန်းကြီး ၃၀ ခုအနက် အလုပ်သမား ငှားရမ်း မှုအများဆုံးဖြစ်ပြီး လုပ်သား သုည ဒသမ ၇ ရာခိုင်နှုန်းမှ ၁၂၅၀၀၀ အထိ မြင့်တက် ခဲ့ပါသည်။ နွေရာသီတွင် အလုပ်သမားဆန္ဒပြမှု ဖြစ်ပွားခဲ့သော Hyundai Motor Group သည် လည်း အလုပ်သမား ၆၀၀ မှ ၁၅၄၀၀ အထိ ခန့်ထားမှုရှိခဲ့သည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ယခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်သည်ဟု အစိုးရက ခန့်မှန်းခဲ့သော်လည်း စီးပွားရေးအခြေအနေသည် ခန့်မှန်းထားသည်ထက်ပိုမိုဆိုးရွားခဲ့သည်ကို တွေ့ရသည်။ နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ဖေဖော်ဝါရီလတွင် ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၁၉၉၀ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားသည့် ကာလများနှင့် အလားတူ အခြေ အနေကို ရင်ဆိုင်နေရသည်ဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့