တရုတ်နိုင်ငံ၏ အဓိကကုန်ကြမ်းပို့ကုန်ထိန်းချုပ်မှုနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုအား ပြန်လည်သုံးသပ်မည့် WTO Panel တစ်ရပ် အမေရိကန်တည်ထောင်

        တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြဋ္ဌာန်းလိုက်သည့် ပို့ကုန်ကုန်ကြမ်း ၁၁မျိုး အပေါ် အကောက်ခွန်နှင့်အရေ အတွက် သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ တောင်းဆိုချက် အရ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် Dispute Settlement Panel တစ်ရပ်ကို နိုဝင်ဘာ ၈ ရက်တွင် တည်ထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါပို့ကုန်ကုန်ကြမ်းများ သည် အမေရိကန်နိုင်ငံ၏ သံမဏိ၊ မော်တော်ကား၊ လေယာဉ်၊ ဆောက်လုပ်ေ ရး၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး စသည့် အမေရိကန်စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် သွင်းကုန်ကုန်ကြမ်းများဖြစ်ကြောင်း၊ အမေရိကန်လုပ်သားများနှင့် အမေရိကန်စီးပွား ရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား မှုကို အဟန့်အတားဖြစ်စေမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုန် သွယ်မှုဆိုင်ရာ ထိန်းချုပ်မှုများ အတွက် အလေးထားဖြေရှင်းနိုင်ရန် အမေ ရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး မှ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါ သည်။
         အဆိုပါ  ပို့ကုန်ကုန်ကြမ်းများ ထိန်းချုပ်ခြင်းသည် တရုတ်စက်မှုကုန် ထုတ်လုပ်သူများ၏ အကျိုးအားရည် မျှော်၍ ချမှတ်သည့်  တရုတ်နိုင်ငံ စက်မှုမူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း၊ ယင်းကုန်စည်များထုတ်လုပ်ရာတွင် တရုတ်နိုင်ငံအနေဖြင့် ဦးဆောင် ထုတ်လုပ်သူနေရာတွင် ရှိနေခြင်းကြောင့် ယခုထိန်းချုပ်မှုသည် ကမ္ဘာ့ရောင်းလို အားနှင့် ဈေးနှုန်းသတ်မှတ်မှုအပေါ် တရုတ်နိုင်ငံမှ သိသာသည့် သက် ရောက်နိုင်စွမ်းရှိနေခြင်းကို ဖြစ်ပေါ် စေေ ကြာင်း၊ တရုတ်နိုင်ငံမှ ကုန်ကြမ်း ထုတ်လုပ်သူများ အသာစီးရစေပြီး ကျန်ကမ္ဘာ့နိုင်ငံများမှ အဆိုပါ ကုန်စည် ထုတ်လုပ်သူများ တရုတ်နိုင်ငံတွင်းသို့ ပြောင်းရွှေ့စေသည့် ဖိအားများ ဖြစ် ပေါ်စေကြောင်း Panel တစ်ရပ် တောင်း ဆိုခြင်းသည် Dispute Settlement တွင် နောက်တစ်ဆင့် တက်လှမ်းခြင်းဖြစ် ကြောင်းလည်း ဖော်ပြထားပါသည်။

 

ဥမ္မာအေး၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဝါရှင်တန်မြို့