ဆိုးလ်မြို့တွင် ဟန်နမ်းမြို့ သစ် ပြန်လည်ဖွံ့ ဖြိုးရေး စီမံကိန်းကို ဆောင်ရွက်မည်

       ဟန်မြစ်၏မြောက်ဘက်တွင် စတုရန်းမီတာ ၁ ဒသမ ၁ သန်း အကျယ် အဝန်းရှိသည့် ဟန်နမ်းမြို့သစ်စီမံကိန်း ကို အိမ်ရာပေါင်း ၁၃၀ဝ၀ ပါရှိသည့် အထပ်နိမ့်အိမ်ရာဇုန် အဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။ မြို့ပြပြန်လည်တည် ဆောက်မှုပုံစံအရ ဆိုးလ်မြို့တော်အစိုးရသည် ဟန်နမ်းမြို့သစ် စီမံကိန်းအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်သွား မည် ဖြစ်ပြီး ယုံစန်းခရိုင်ရုံးနှင့် ဟန်နမ်းမြို့သစ် ပြန်လည် ဖွံ့ဖြိုးရေး ပူးပေါင်းအဖွဲ့တို့သို့ ပေးပို့သွားမည် ဖြစ်သည်။ အဆိုပါအစီအစဉ်သည် ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ် သက်၍ မြို့တော်အစိုးရက ပြည်သူ လူထုသို့ အသိပေး ညှိနှိုင်းခဲ့သည်မှာ  ၂၀၁၄ ခုနှစ် ဇူလိုင်ကတည်းကဖြစ်၍ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဆိုပါမြို့သစ်သည် မြောက် ဘက်ပိုင်းတွင် နမ်ဆန်(မြောက်ဘက်ပိုင်းရှိ ဆိုးလ် တာဝါရှိသောတောင်) နှင့်တောင်ဘက် ပိုင်း ဟန်မြစ်တို့ အကြားတွင် တည်ရှိပြီး ဟန်မြစ်မြောက်ဘက်တွင် ရှိသည့် အကောင်း ဆုံးသော အိမ်ခြံမြေစီမံကိန်း တစ်ခုဖြစ်သည်ဟု သိရှိရသည်။
         ထို့အပြင် မြို့တော်အစိုးရသည် ဟန်မြစ်အား မျက်နှာမူသည့် အဆောက် အဦများကို  ၁၂ ထပ်ထက် ပို၍ မမြင့်စေရန် သတ်မှတ်ပေးထားပြီး အဆိုပါ နယ်မြေတစ်ဝိုက် တွင် မီတာ ၉၀ ထက် ကျော်သည့် အဆောက်အဦများကို ခွင့်မပြုသည့် စည်းမျဉ်းတစ်ခုကိုလည်း ပြဋ္ဌာန်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို့