လာမည့်လေးနှစ်တွင် ပဲအထွက်နှုန်းတိုးတက်လာစေရန်နှင့် ဆီထွက်သီးနှံအထွက်နှုန်း တိုးအောင်ဆောင်ရွက်ရန် အိန္ဒိယအစိုးရ မျှော်မှန်း

       အိန္ဒိယနိုင်ငံသည် ပြည်တွင်း လိုအပ်ချက် ပြည့်မီနိုင်ရန်အတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က စားသုံးဆီ တန်ဖိုး ရူပီး ၆၉၇၁၇ ကုဋေနှင့်ပဲမျိုးစုံ ရူပီးကုဋေ ၁၈၀ဝ၀ ဖိုးတို့ ကို ပြ ည်ပမှ တင်သွင်းခဲ့ရကြောင်း၊ အိန္ဒိယအစိုးရသည် နိုင်ငံအတွင်း ပဲစိုက်ပျိုးရာ၌ စပ်မျိုးစေ့များနှင့် အထွက်နှုန်း ကောင်းမွန်မြင့်မားသည့် မျိုးစေ့များကို အသုံးပြုခြင်းအားဖြင့် ၂၀၂၀- ၂၀၂၁ တွင် ပဲအထွက်နှုန်း ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာအောင် ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း၊ ပြီးခဲ့သည့်နှစ်က ပဲထုတ်လုပ်မှုတန်ချိန် ၁၆ ဒသမ ၄၇ သန်းသာ ရှိခဲ့ ရာ၊ ၂၀၁၆-၂၀၁၇ တွင်တန်ချိန် သန်း ၂၀၊ ၂၀၁၇-၂၀၁၈ တွင် တန်ချိန် ၂၁ သန်းနှင့် ၂၀၂၀- ၂၀၂၁ တွင် တန်ချိန် ၂၄ သန်း ထုတ်လုပ်နိုင်ရန် မျှော်မှန်း ထားကြောင်း၊ ပြည်တွင်း ပဲ လိုအပ်ချက် ပြည့်မီလာစေရေးအတွက် စိုက်ပျိုး ရေးဝန်ကြီးဌာနသည် အိန္ဒိယစိုက်ပျိုး ရေးသုတေသနကောင်စီ (Indian Council of Agricultural Research) နှင့် ပူးပေါင်းကာ သီးနှံအထွက်နှုန်း မြင့်မားလာစေရေးနှင့် စိုက်ပျိုးမြေဧရိယာ တိုးချဲ့ခြင်းတို့မှတစ်ဆင့် ထုတ်လုပ်မှုပမာဏ တိုးတက်လာစေရေး နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြော င်း စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီးရာဒါမိုဟန်ဆင်းက ပြောကြားကြောင်း သိရပါသည်။
      အိန္ဒိယနိုင်ငံ၏ ဆီထွက်သီးနှံ ကဏ္ဍတွင်လည်း သီးနှံအထွက်နှုန်းမှာ နှစ်စဉ် ၂ ဒသမ၂ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သော်လည်း စားသုံးဆီ သုံးစွဲ မှုပမာဏ တိုးတက်မှုနှုန်းမှာ ၄ ဒသမ ၃ ရာခိုင်နှုန်းရှိနေကြောင်း၊ သို့ဖြစ်၍ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်း စားသုံးဆီလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း ကျော်ကို ပြည်ပမှ တင်သွင်းနေရ ကြောင်း၊ ပြီးခဲ့သည့်နှ စ်က ပြည်တွင်းလိုအပ်ချက်ပြည့်မီနိုင်ရန်အတွက် ပြည်ပမှရူပီး ၆၉၇၁၇ ကုဋေဖိုးအထိတင်သွင်းခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှင့် ၂၀၂၅ ခုနှစ်များ၌ နိုင်ငံ၏ဟင်းသီးဟင်းရွက်ဆီ နှစ် စဉ် လိုအပ်ချက် ပမာဏကို ပြည့်မီနိုင်ရန် ဆီထွက် သီးနှံထုတ်လုပ်မှု ပမာဏအား မက်ထရစ် တန်ချိန် ၈၆ ဒသမ ၈၄ သန်းနှင့် ၉၃ ဒသမ ၃၂ သန်းအသီးသီး ထုတ်လုပ် နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ ဖြစ်၍ ပြည်တွင်းစားသုံးဆီ လိုအပ်ချက် ပြည့်မီနိုင်ရန်အတွက် ဆီထွက် သီးနှံအထွက်နှုန်း တိုးတက်လာစေရေး ICAR မှ နည်းပညာအကူအညီ သာ မက အဖွဲ့အစည်းဆိုင်ရာနှင့် မူဝါဒဆိုင်ရာ အထောက်အပံ့များကိုပါ လိုအပ်နိုင် ကြောင်း၊ ICAR သည် ၎င်းအခြေပြု ထားသည့် သုတေသနအဖွဲ့အစည်း များတွင် ဆီထွက်သီးနှံ ကိုးမျိုးအတွက် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံ များနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာ စမ်းသပ်မှုတစ်ရပ် ပြုလုပ်အောင်မြင်ခဲ့ပြီးဖြစ်ကြော င်း၊ သီးနှံအထွက်နှုန်းတိုးတက်လာစေရေးအတွက် စိုက်ပျိုးရမည့် အထွက်နှုန်းကောင်းမွန်သည့် မျိုးစေ့များနှင့်စပ်မျိုးများကို တောင်သူ လယ်သမားများထံသို့ အသိပေး အကြောင်း ကြားထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ဆီထွက်သီးနှံကိုးမျိုးအတွက် စမ်းသပ်ဖော်ဆောင်ထားသော အဆိုပါနည်းပညာများကိုအသုံးပြုစိုက်ပျိုးခြင်းအားဖြင့် ဆီထွက်သီးနှံအထွက် နှု န်းများ တိုးတက်လာနိုင်မည်ဟု ယုံ ကြည်ပါကြောင်း Singh က ထည့်သွင်း ပြောကြားထားခဲ့သည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့