သယံဇာတအရင်းအမြစ်သုံးစွဲမှု လျှော့ချနိုင်ရန် Prefab Buildings များအား တရုတ်နိုင်ငံ၌ တည်ဆောက်ရန်စီစဉ်

       တရုတ်နိုင်ငံ၌ စွမ်းအင်နှင့်သယံဇာတအရင်းအမြစ်သုံးစွဲမှုများအား ချွေတာနိုင်ရန် ကြိုတင်ပုံသွင်းပစ္စည်းဖြင့် ဆောက်လုပ်သော အဆောက်အအုံ Prefab Buildings များ ဆောက်လုပ်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အိုး အိမ်နှင့် ကျေးလက်မြို့ပြဖွံ့ဖြိုးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါသည်။ Prefab Buildings ဖြင့် ဆောက်လုပ်ရာ၌ အဆောက်အဦ တည်ဆောက်ရန်အတွက် လိုအပ် သည့် ပစ္စည်းကိရိယာများကို ဆောက်လုပ် ရေး လုပ် ငန်းခွင်တစ်ခုထဲ၌ အသင့်တပ်ဆင်သည့်ပုံစံဖြစ်သဖြင့် စွမ်းအင် ချွေတာနိုင်သည့်အပြင် တရုတ်၌လက်ရှိရင် ဆိုင်နေရသည့် ထုတ်လုပ်မှု ပိုလျှံသည့် အခက်အခဲကိုလည်း ဖြေရှင်းရာရောက်ကြောင်း ဖော်ပြထားပါ သည်။ တရုတ်၌ ယခုလက်ရှိ Prefab Buildings ပမာဏမှာ ငါးရာခိုင်နှုန်းခန့် သာရှိ ပြီး အသစ်ထပ်မံဆောက်မည့် အဆောက်အဦများ၏ ၃၀ ရာခိုင်နှုန်းကို Prefab Structure ဖြင့်ဆောက်လုပ်ရန် ရည်မှန်းထားပါသည်။
         Prefabricated Construction သည် သမားရိုးကျဆောက်လုပ်ခြင်းထက် သဘာဝအရင်းအမြစ်သုံးစွဲမှု၊ ပတ်ဝန်းကျင်ဆူညံမှုနှင့်ညစ်နွမ်းမှုများကို လျှော့ချနိုင်ခြင်း၊ ယေဘုယျအားဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ သုံး စွဲမှု၏ ၁၅ ရာခိုင်နှုန်းခန့်ကို လျှော့ချနိုင်ခြင်း၊ ဆောက်လုပ်သည့်ကြာမြင့်ချိန် သုံးပုံတစ်ပုံခန့်ကိုလည်း လျှော့ချနိုင်ခြင်းစသည့် အားသာချက်များရှိကြောင်းသိရှိရပါသည်။ ဟူနန်ပြည်နယ်၊ ချန်ရှမြို့၌ ၅၇ ထပ်မြင့်သည့် Prefab Build -ing တည်ဆောက်ရာ၌ Prefab Structure ဆောက်လုပ်ရေးပစ္စည်းများ စုစည်း ပြင်ဆင်သည့်အချိန်ကာလမှာ ကြာမြင့်သော်လည်း တပ်ဆင်သည့် ကာလ မှာမူ ၁၉ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရှိရပါသည်။
           Prefab Building များကို  ပြည်သူများ  တွင်တွင်ကျယ်ကျယ် နှစ်သက် လာစေရန် အချိန်ယူရမည်ဖြစ်ကြောင်း၊ ရှင်းလင်းသည့် မူဝါဒ ပံ့ပိုးမှုဆိုင်ရာ နှင့် အချို့လုပ်ငန်းများ၌ နည်းပညာတို့၌ အားနည်းနေသေးကြောင်း သိရှိရပါသည်။ Prefab Building များတည်ဆောက်ရန်အခက်အခဲတစ်ခုမှာ ကုန်ကျစရိတ်ကြီးမားခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အရေအတွက်များစွာ တည်ဆောက်မည်ဆိုပါက သမားရိုးကျ ဆောက်လုပ်သည့် ကုန်ကျစရိတ် ထက် သက်သာနိုင်ကြောင်း ဖော်ပြထားပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့