Chevron ရေနံကုမ္ပဏီက ထိုင်းနိုင်ငံတွင် ဘတ်ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်သလို မြန်မာနိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံမည်

       ယခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း Chevron Thailand  Exploration and Production ကုမ္ပဏီသည် ထိုင်းနိုင်ငံ တွင် ဘတ်ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထား ကြောင်း ေ ဖာ်ပြ ထားပါသည်။ Chevron ကုမ္ပဏီအနေဖြင့် ၎င်းင်း၏  ရေရှည်စီးပွားရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံတွင်သာမက အာဆီယံဒေသ တွင်းနိုင်ငံများတွင်ပါ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မည်ဖြစ်ကြောင်း၊ လောင်စာဆီ ဈေးနှုန်း အတက် အကျရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံရှိ ရေနံလုပ်ကွက်များအား နောက်ထပ်လုပ်ကိုင်ခွင့်ရရှိရန်အတွက် လေလံ ရောင်းချမှုတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ေ ကြာင်း Chevron  ကုမ္ပဏီ၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာအကြီးအကဲ Steve Green ကပြောကြားခဲ့ပါသည်။
          ထိုင်း Chevron ကုမ္ပဏီသည် ဧရာဝဏ်သဘာ၀ ဓာတ်ငွေ့တွင်း (B10- B13) ကို လုပ်ကိုင်ခွင့်ရရှိထားပြီး ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ ထို့အတူ PTT ကုမ္ပဏီသည် ဗန်ကောက်သဘာ၀ ဓာတ်ေ ငွ့ တွင်း  (B15- B17) ကို ၂၀၂၃ ခုနှစ်အထိ လုပ် ကိုင်ခွင့် ရရှိထားပါသည်။ ထိုင်း Chevron ကုမ္ပဏီသည် ထိုင်း နိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏ စုစုပေါင်း ၏ ထက်ဝက်ခန့်ကို ထုတ်လုပ်လျက်ရှိကြောင်း တွေ့ရှိ ရပါ သည်။ ထို့ပြင် Chevron ကုမ္ပဏီ အနေဖြင့် စီးပွားရေး တိုးတက်မှုအခွင့်အလမ်းများ ကြီးမားစွာရှိသည့် မြန်မာ နိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့် မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ ဗန်ကောက်မြို့