ရွှေတောင်မြို့တွင် POSCO Daewoo က ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိ

       တောင်ကိုရီးယားနိုင်ငံရှိ POSCO Daewoo ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံတွင် ဆောင်ရွက်မည့် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ လုပ်ငန်းအတွက် လေလံအောင်မြင်သူ အဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံထားရ သည်ဟု သိရှိရသည်။  POSCO Daewoo သည် နိုင်ငံအနေဖြင့် ပြည်ပ ကုန်သွယ်မှုနှေးကွေးပြီး ကုန်ဈေးနှုန်း များ ကျဆင်းနေသည့်ကြားမှ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို နယ်ပယ်ကဏ္ဍ စုံ၌ ချဲ့ထွင်လုပ်ကိုင်နိုင်ရန် ဆောင်ရွ က် လျက်ရှိသည်။ ဓာတ်အားပေးစက်ရုံ လုပ်ငန်းသည် ၎င်းင်းတို့၏ ဖွံ့ဖြိုးတိုးတက် သည့်လုပ်ငန်းသစ်များအနက်တစ်ခု ဖြစ်ပြီး ၎င်းင်းသည်ရေရှည်တွင် တည်ငြိမ် သည့် ဝင်ငွေစီးဆင်းမှုကို ဖန်တီးပေးနိုင် မည်ဖြစ်သည်။ ကုမ္ပဏီ အနေဖြင့် ၇၀ မီဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံကို ရန်ကုန်မြို့၏ အနောက်မြောက်ဘက် ၂၇၀ ကီလိုမီတာခန့်အကွာရှိ ရွှေတောင် မြို့တွင် တည်ဆောက်ရန်အတွက် မြန်မာ့ လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ဓာတ်အားဝယ်ယူခြင်း သေ ဘာတူညီ ချက်တစ်ခုကို ယခုနှစ်မကုန်မီတွင် လက်မှတ်ရေးထိုးသွားရန် စီစဉ်လျက်ရှိ သည်။ POSCO Daewoo အနေဖြင့် ဓာတ်အားပေးစက်ရုံကို နှစ်ပေါင်း ၂၀ ကြာ လုပ်ငန်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပြီး ဓာတ်အားေ ပးစက် ရုံဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများနှင့်လူနေ အိမ်များသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အဆိုပါတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ်တွင် အပြီးသတ်တည် ဆောက်သွားရန် စီစဉ်ထားသည်။
        ကုမ္ပဏီအနေဖြင့် အဆိုပါ စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်မည့်သူများကို သဘောတူညီချက်လက်မှတ် ထိုးအပြီး လာမည့်နှစ်အစောပိုင်းတွင် အပြီးသတ်ရွေးချယ်သွားနိုင်ရန် စီစဉ် လျက်ရှိသည်။ POSCO Daewoo မှ ေြ ပာရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့ အနေဖြင့် အဆိုပါလုပ်ငန်းစီမံကိန်း အတွက် နိုင်ငံခြားကုမ္ပဏီများနှင့် ခက်ခဲ စွာယှဉ်ပြိုင်ခဲ့ရကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ၁၉၈၅ ခုနှစ်ကတည်းက စတင်ဝင်ရောက်လုပ် ကိုင်ခဲ့ခြင်းြ ဖစ် ကြောင်း ပြောကြားခဲ့သည်။ POSCO Daewoo အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင်  လျှပ်စစ်လိုအပ်ချက်မြင့်မားလာမှုကို ဖြည့်တင်းနိုင်ရန်အတွက် အခြားသောဓာတ်အားပေးစက်ရုံ စီမံကိန်းများ ရရှိနိုင်ရေးအ တွက် ပိုမို ကြိုးစားဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိ သည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ ဆိုးလ်မြို့