ဗီယက်နမ်နိုင်ငံတွင် ပထမခုနစ်လအတွင်း လုပ်ငန်းသစ် တည်ထောင်မှု မြင့်တက်

       ယခုနှစ် ပထမ ခုနစ်လအတွင်း ဗီယက်နမ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်း ပေါင်း ၆၄၀၀၀ တည်ထောင်ခဲ့ရာ စုစုပေါင်း မှတ်ပုံတင် ရင်းနှီးမြုပ်နှံမှု ပမာဏ ဗီယက်နမ်ဒေါင် ၄၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၆ ဘီလီယံ)  ရှိတယ်လို့ အထွေထွေစာရင်းရုံးက ထုတ်ပြန်ကြောင်း ဗီယက်နမ် နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ လုပ်ငန်းသစ်တွေရဲ့ နှစ်အလိုက် တိုးတက် မှုနှုန်းက အရေအတွက်အားဖြင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ မတည်ရ င်းနှီးငွေ အရ ၅၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြပါတယ်။
       အခက်အခဲအမျိုးမျိုးကြောင့်  လုပ်ငန်းရပ်ဆိုင်းထားခဲ့သော လုပ်ငန်း ၁၆၇၀၀ ကလည်း လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် ယခင်နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် ၆၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာ တာ တွေ့ရပါတယ်။ ဇူလိုင်တစ်လတည်းမှာ လုပ်ငန်းသစ်အရေအတွက်က ၉၆၀၀ ရှိပြီး မတည်ရင်းနှီးငွေပမာဏက   ဗီယက်နမ်ဒေါင် ၆၉ ဒသမ ၂ ထရီလီယံရှိပါ တယ်။ ဇွန်နဲ့နှိုင်းယှဉ်ရင်တော့ အနည်းငယ်ကျဆင်းခဲ့ပါတယ်။ လုပ်ငန်းသစ် တွေရဲ့ အလုပ်အကိုင်ဖန်တီးမှုက   ၉၉၂၀၀ ရှိပါတယ်။ ဇူလိုင်လအတွင်း လုပ်ငန်းတွေ ပြန်လည်စတင်လုပ်ကိုင်မှုက ၁၈၀၀ ရှိပြီး လုပ်ငန်းယာယီရပ်ဆိုင်း တဲ့လုပ်ငန်းက ၆၀၀၀ နဲ့  လုံးဝဖျက်သိမ်းပြီးဖြစ်တဲ့ အရေအတွက်က ၉၀၀ ရှိပါတယ်။
        ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေက အသေးစားနဲ့ အလတ်စား စီးပွား ရေးလုပ်ငန်းတွေဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းယှဉ်ပြိုင်နိုင်မှုစွမ်းရည် တိုးမြှင့်အောင် ဆောင်ရွက်ဖို့က  လွယ်ကူမှာမဟုတ်ဘူးလို့ စီးပွားရေး စီမံ ခန့်ခွဲမှုဗဟိုအဖွဲ့ ညွှန်ကြားရေးမှူး ငုယင်ဒင်ကန်းက ပြောပါတယ်။ အသေးစား  စီးပွားရေးလုပ်ငန်းတွေဖြစ်လို့  နည်းပညာနောက်ကျမှု၊ ကျွမ်းကျင်လုပ်သားအကန့်အသတ်ရှိမှုနဲ့ ရေရှည်စီးပွားရေး မဟာဗျူဟာ ချမှတ်ခြင်းမရှိမှုတို့ေ ကြာင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း သူကပြောပါတယ်။ ဗီယက်နမ် ဒေါင် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံနိုင်တဲ့ စီးပွား ရေးလုပ်ငန်းများအနေနဲ့ အပြည်ပြည်ဆိုင်ရာ ပေါင်းစည်းရေးမှာ  ပါဝင်နိုင်ဖို့ အခက်အခဲရှိနိုင်ပါ တယ်။

 

ဉာဏ်တင်