အလုပ်သမားဆန္ဒပြမှုများကြောင့်ပို့ကုန်ထပ်မံကျဆင်းမယ်လို့ တောင်ကိုးရီးယား ကုန်သွယ်ရေးဝန်ကြီး ခန့်မှန်း
မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေမှာ အလုပ်သမား သပိတ်များ အဆက်မပြတ် ဖြစ်ပွားခဲ့ တဲ့အတွက် တောင်ကိုရီးယား ရဲ့ဇူလိုင် ပို့ကုန်က ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ဆက်လက်ကျဆင်းခဲ့တယ်လို့ ဇူလိုင် ၂၅ ရက် မှာ ကုန်သွယ်ရေးဝန်ကြီးက ပြောကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ ဟွန်ဒိုင်းမော်တာကုမ္ပဏီနဲ့ ကီးယာမော်တာကုမ္ပဏီ တွေမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ် ေ ပါ် လာတဲ့ အတွက် ဇူလိုင် မော်တော် ကားထုတ်လုပ်မှုက ကားစီးရေ ၁၆၀၀၀ ထိ ကျဆင်းနိုင်ကြောင်း ဆီဂျောင်းမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ကုန်သွယ် ရေးဝန်ကြီး ဂျူးဟွန်ရှန်က သတင်း ထောက်တွေကို ပြောပါ တယ်။
"ဒီနှစ် ပထမနှစ်ဝက်မှာ မော် တော်ကားထုတ်လုပ်မှုက ၂၀၁၅ ခုနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၅ဒသမ ၄ ရာ ခိုင်နှုန်း ကျဆင်းခဲ့ပြီး မော်တော်ကား တင်ပို့မှုကလည်း ၁၃ ဒသမ ၃ ရာခိုင် နှုန်းကျဆင်းတာ ကို တွေ့ရပါတယ်။ ေ မာ်တော် ကားထုတ်လုပ်ရေးလုပ်ငန်း တစ်ခုလုံး ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပြီး ကမ္ဘာ့ယှဉ်ပြိုင်မှုကြီးထွား နေချိန်မှာ အလုပ်သမားဆန္ဒပြမှုကြောင့် မော်တော်ကား ထုတ်လုပ်မှု ဆက်လက်ကျဆင်းမယ့် အခြေအနေ ကို ေ တွ့ရတာက ဝမ်းနည်းစရာကောင်း ပါတယ်"လို့ ဝန်ကြီးက ပြောပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှု ဂယက်နဲ့အတူ ယခုနှစ် ဇူလိုင်လဆန်းမှာ အလုပ်ချိန်တွေ ကျဆင်းတဲ့အတွက် ပို့ကုန်တွေ ဆက်လက် ကျဆင်းနို င်ပါတယ်။
ဉာဏ်တင်