အိန္ဒိယအစိုးရသည် ကျေးရွာပေါင်း ၁၂၅၀၀၀ အား ဆက်သွယ်ချိတ်ဆက်နိုင်ရန် ရည်ရွယ်ကာ မီနီဘတ်(စ်) ၈၀၀၀၀ ဝယ်ယူအသုံးပြုမည်

         အိန္ဒိယဗဟိုအစိုးရသည် ပြည် နယ်အစိုးရများနှင့်ပူးပေါင်း၍ ကျေးရွာပေါင်း ၁၂၅၀၀၀ အား  ဆက်သွယ်ချိတ်ဆက်နိုင်ရန် မီနီ ဘတ်(စ်) ၈၀၀၀၀ ဝယ်ယူအသုံးပြုမည်ဖြစ်ကြောင်း၊  ထိုသို့ဆောင် ရွက်ခြင်းသည် Tata Motors Ltd နှင့် Mahindra and Mahindra Ltd ESifh Ashok Leyland Ltd ကဲ့သို့သော အိန္ဒိယနိုင်ငံအတွင်း မီနီဘတ်(စ်) ထုတ်လုပ်သူများအတွက် မမျှော်လင့်ဘဲ ရရှိလာသည့် ဈေးကွက် အခွင့်အလမ်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဈေးကွက်ဝင်ရောက်မှု လွယ်ကူစေရေး၊ အလုပ် အကိုင်ရရှိမှုနှင့် ပညာရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာ စေရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရန်နှင့်   နိုင်ငံ၏ စီးပွားရေး အချက် အချာဒေသများနှင့် ကျေးရွာများကို ဆက်စပ်ပေါင်းစည်းပေးနိုင် ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။
         အဆိုပါစီမံချက်အတွက် လမ်းပြမြေပုံအား ရေးဆွဲဆောင် ရွက်နေဆဲဖြစ်ကြောင်း၊    ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန (သို့မဟုတ်) ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတစ်ခုခုမှ  ကြီးကြပ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ရုံးအနေဖြင့် ကျေးလက် ဒေသများအတွက် ဈေးနှုန်းသက်သာသည့် သယ်ယူပို့ဆောင်ရေး အစီအစဉ်တစ်ခု စီစဉ်ဆောင်ရွက်စေလိုခဲ့ကြောင်း၊ ၎င်း စီမံချက်ကို လာမည့်ဘဏ္ဍာနှစ်တွင် အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့