အက်စ်အမ်အီးဥပဒေထုတ်ပြန်ပြီးနောက် ဗီယက်နမ်နိုင်ငံမှာ အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာဘီလီယံ ၂၀ နီးပါးမြင့်တက်မည်ဟု ခန့်မှန်း

        အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ (အက်စ်အမ်အီး)ကို အထောက်အကူပေးမယ့် ဥပဒေကို ပြဋ္ဌာန်းနိုင်မယ်ဆိုရင် အခွန်ငွေအမေရိကန် ဒေါ်လာ ၁၉ ဘီလီယံအထိ  ထပ်မံရရှိလာနိုင်မယ်လို့ စီးပွားရေးကျွမ်း ကျင်ပညာရှင် လေဒိုင်ဘင်းရဲ့လေ့လာသုံးသပ်ချက်အရ သိရကြောင်း ဗီယက်နမ်နယူးစ်အေဂျင်စီ သတင်းမှာ ဖော်ပြပါတယ်။ လောလောဆယ်မှာ ဥပဒေမူကြမ်းအဆင့်မှာသာ ရှိနေပါတယ်။ ဥပဒေကို ပြဋ္ဌာန်းနိုင်မယ်ဆိုပါက ၂၀၂၀ ပြည့်နှစ်မှာ အသေးစားစီးပွားရေးလုပ်ငန်း  ဦးရေ နှစ်ဆအထိမြင့်တက်လာဖို့  ချမှတ်ထားတဲ့ အစိုးရရဲ့ ရည်မှန်းချက်ကို အကောင် အထည်ဖော်နိုင်ပြီး  ပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုလည်း ချဲ့ထွင်နိုင်မှာဖြစ်ကြောင်း ဘင်း က ပြောပါတယ်။
        ဥပဒေကိုပြဋ္ဌာန်းခြင်းဖြင့် စီးပွားရေးလုပ်ငန်းများနဲ့ ထုတ်လုပ်မှုလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံမြင့်တက်ပြီး အလုပ်အကိုင် ၈ ဒသမ ၅ သန်း ဖန်တီးနိုင်မယ်။  နိုင်ငံတော်ဘတ်ဂျက်မှာ အခွန်ငွေ  အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၂ ဘီလီယံထပ်မံတိုးတက်လာမယ်လို့ သူကခန့်မှန်းပါတယ်။ ထူထောင်စလုပ်ငန်းများအတွက် လုပ်ငန်းဝင်ငွေခွန်ကို ၅ ရာခိုင်နှုန်း လျှော့ ချခြင်းနဲ့ ပြည်သူ့ဝယ်ယူဖြည့်တင်းရေး၊ ဘဏ်ေ ချးငွေနဲ့ မြေနေရာရရှိမှု တို့အတွက် ထောက်ပံ့မှုပေးခြင်းတို့ကြောင့်  အစိုးရရဲ့ အထောက်အပံ့က ဗီယက်နမ်ဒေါင် ၁၈ ဒသမ ၇ ထရီလီယံ သို့မဟုတ် နိုင်ငံတော်ဘတ်ဂျက်သုံးစွဲငွေရဲ့ ၁ ဒသမ ၆ ရာခိုင် နှုန်းရှိတယ်လို့ ဆိုပါတယ်။
       စီးပွားရေးလုပ်ငန်းတွေရဲ့ဝင်ငွေခွန်ကို လျှော့ချပေးလိုက်တာက ရေတိုမှာ ဘတ်ဂျက်ဝင်ငွေကျဆင်းနိုင်ပေမယ့် ရေရှည်မှာ အက်စ်အမ်အီးများရဲ့ စွမ်းဆောင်မှုအားနဲ့ယှဉ်ပြိုင်စွမ်းရည်ကို တိုးတက်ကောင်းမွန်လာစေနိုင်ကြောင်း ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့က ဆိုပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း  အများအပြားကတော့ ဥပဒေရဲ့ အကျိုးသက်ရောက် နိုင်မှုအလားအလာနဲ့ပတ်သက်ပြီး  သံသယရှိနေပါ တယ်။ ဥပဒေအရထောက်ခံပေးမှုက တကယ့် အဖြစ်မှန်နဲ့ ကိုက်ညီတဲ့ထောက်ပံ့မှု ဖြစ်သင့်ပါတယ်။ အထောက်အပံ့တွေကများလွန်းပြီး အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေရှိနေရင်လည်း မကောင်းပါဘူးလို့ An Giang Business Association အသင်းရဲ့ဥက္ကဋ္ဌ ထရန် သီဒက်က ပြောပါတယ်။ ဥပမာအားဖြင့် ဥပဒေ မူကြမ်းအရ လုပ်ငန်းဝင်ငွေခွန်ကို လုပ်ငန်း စတင်လည်ပတ်တဲ့ ပထမငါးနှစ်အတွင်း မှာ ၅ ရာခိုင်နှုန်း လျှော့ချပေးထားပါတယ်။ ဒါပေမယ့် အက်စ်အမ်အီးတွေက ကနဦး နှစ်တွေမှာ မကြာခဏဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာဆိုတော့ ဒီလိုအခါမျိုးမှာ ဒီလောက် လျှော့ချပေးတာလောက်ကတော့  အဓိပ္ပာယ်မရှိတော့ပါဘူးလို့ ထရန်ကပြောပါတယ်။

 

ဉာဏ်တင်