မူဆယ်မှ သကြားဖြူ တန် 1000 ကျော် တင်ပို့

ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်း တန်ဖိုးရှိ သကြားဖြူ ၁၀၇၁ တန် တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်သီတင်းပတ်ထက် သကြား ဖြူ ၃၄၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ယခုသီတင်းပတ်မှာ သကြားဖြူ အပြင် သကြားညို ၁၈ တန်ကိုလည်း တင်ပို့ခဲ့လို့ သိရပါတယ်။သကြားဖြူတစ်တန်ရဲ့လိုင်စင် ဈေးက ဒေါ်လာ ၆၀၀ ဖြစ်ပြီး သကြား ညိုကတော့ ၅၈၀ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။                      

    မြင့်မြင့်မာ