ကယားပြည်နယ်အတွင်းရှိ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိ

ကယားပြည်နယ် သီရိမင်္ဂလာဈေးအတွင်း ဖြစ်ပေါ် နေသော စားသုံးဆီဈေးနှုန်းများမှာ  မြေပဲဆီ လက်လီ(စည်ပင် ဈေး)တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ နှမ်းဆီလက်လီ(စည်ပင် ဈေး)   တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊   စားအုန်းဆီ လက်လီ (စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ဈေးပေါက်ကြောင်း သိရသည်။ ယခင်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအနေဖြင့် မြေပဲဆီလက်လီ(စည်ပင်ဈေး)တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ၊ နှမ်းဆီလက်လီ (စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ၊   စားအုန်ဆီ လက်လီ(စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ ဈေးပေါက်ခဲ့သောကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ် မည်ဆိုပါက မြေပဲဆီလက်လီ(စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ခန့် ၊ စားအုန်းဆီ လက်လီ (စည်ပင်ဈေး)  တစ်ပိဿာလျှင် ကျပ် ၄၀ဝ ခန့် ဈေးတက်ခဲ့ကြောင်း စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များမှ လေ့လာသိရှိ ရသည်။

 

ဖြိုးဝေအောင်(ကယား)